9
တ​ရား​မျှ​တ​မှု​အ​တွက်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း8 * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။
အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။
ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​ပါ​မည်။
ကိုယ်​တော်​ရှင်​ကို​အ​မှီ​ပြု​၍​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။
အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
 
ကိုယ်​တော်​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊
ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဆုတ်​ခွာ ထွက်​ပြေး​ကြ​ပါ​၏။
သူ​တို့​သည်​လဲ​ကျ​သေ​ဆုံး​ကြ​ပါ​၏။
ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​၍ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။
ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​လျက် တ​ရား​စီ​ရင်​တော်​မူ​ပါ​ပြီ။
ကိုယ်​တော်​ရှင်​သည်​ဘု​ရား​မဲ့​သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။
သူ​ယုတ်​မာ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​သ​ဖြင့်
သူ​တို့​၏​အ​မျိုး​သည်​တိမ်​ကော​သွား​လိမ့်​မည်။
ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထာ​ဝ​စဉ် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ၊
ကိုယ်​တော်​ရှင်​သည်​သူ​တို့​၏​မြို့​ကြီး​များ​ကို ဖြို​ဖျက်​တော်​မူ​သ​ဖြင့်
ယင်း​တို့​အား​မေ့​လျော့​လျက်​လုံး​ဝ ကွယ်​ပျောက်​သွား​လေ​ပြီ။
 
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​မူ​ကား​ထာ​ဝ​ရ ဘု​ရင် ဖြစ်​တော်​မူ​၏။
ကိုယ်​တော်​သည်​တ​ရား​စီ​ရင်​ရန်​ပလ္လင်​တော်​ကို တည်​တော်​မူ​လေ​ပြီ။
လော​က​ကို​တ​ရား​သ​ဖြင့်​အုပ်​စိုး​တော်​မူ​၍
လူ​မျိုး​အ​ပေါင်း​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်မူ​၏။
 
ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​စီး​နှိပ်​စက်​ခြင်း ခံ​ရ​သူ​တို့​၏​ခို​လှုံ​ရာ၊
ဆင်း​ရဲ​ဒုက္ခ​ရောက်​ချိန်​များ​၌​ဘေး​လွတ်​လုံ​ခြုံ​ရာ ဖြစ်​တော်​မူ​၏။
10 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​သည်
ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​ကြ​ပါ လိမ့်​မည်။
ကိုယ်​တော်​ရှင်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​သူ မှန်​သ​မျှ​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။
 
11 ဇိ​အုန်​မြို့​တော်​တွင်​စိုး​စံ​တော်​မူ​သော
ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။
ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​ကြ​လော့။
12 ထာ​ဝ​ရ​ဘု​ရား​သည်​ဒုက္ခ​ရောက်​သော​သူ​တို့​ကို သ​တိ​ရ​တော်​မူ​၏။
သူ​တို့​၏​အော်​ဟစ်​သံ​ကို​မေ့​တော်​မ​မူ။
သူ​တို့​အား​မ​တ​ရား​ပြု​သော​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။
 
13 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။
ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။
အို ထာ​ဝ​ရ​ဘု​ရား
ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။
14 သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ရှေ့​တွင်​ရပ်​လျက်
ကိုယ်​တော်​၏​ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဖော်​ပြ​နိုင်​ပါ​လိမ့်​မည်။
ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကြောင့် ကျွန်​တော်​မျိုး​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။
 
15 ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။
မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။
16 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာ
တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။
သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။
17 ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​အ​ပေါင်း​နှင့်
သူ​ယုတ်​မာ​တို့​သည်​သေ​ခြင်း​တွင် လမ်း​ဆုံး​ရ​ကြ​လိမ့်​မည်။
18 ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို
အ​စဉ်​အ​မြဲ​မေ့​လျော့​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
ဆင်း​ရဲ​သော​သူ​တို့​သည်​လည်း​ထာ​ဝ​စဉ် မျှော်​လင့်​ရာ​မဲ့​ဖြစ်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။
 
19 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။
ကိုယ်​တော်​ရှင်​အား​လူ​တို့​အာ​ခံ​ရန် ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။
ဘု​ရား​မဲ့​သူ​တို့​အား​ရှေ့​တော်​သို့​ခေါ်​ဆောင်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။
20 အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​ကြောက်​လန့်​စေ​တော်​မူ​ပါ။
မိ​မိ​တို့​သည်​လူ​မျှ​သာ​ဖြစ်​ကြောင်း​ကို သိ​စေ​တော်​မူ​ပါ။

8^ * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။