30
ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ဆု​တောင်း​ပတ္ထ​နာ8 * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဗိ​မာန်​တော်​ကို​ဆက်​ကပ်​သည့်​သီ​ချင်း​ဒါ​ဝိဒ် စပ်​ဆို​သော​ဆာ​လံ။
အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊
ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကြောင့်
ရန်​သူ​တို့​အား​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်​လည်း​ကောင်း
ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ထော​မ​နာ ပြု​ပါ​၏။
ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊
ကယ်​မ​တော်​မူ​ရန်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ကျွန်​တော်​မျိုး​အော်​ဟစ်​ခဲ့​ပါ​၏။
ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ ဝေ​ဒ​နာ​ကို​ငြိမ်း​စေ​တော်​မူ​ပါ​၏။
ကျွန်​တော်​မျိုး​အား​သေ​ရွာ​မှ​ပြန်​၍ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။
ကျွန်​တော်​မျိုး​သည်​သင်္ချိုင်း​တွင်း​သို့​ဆင်း​လျက် ရှိ​ခဲ့​သော်​လည်း
ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပါ​၏။
 
ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။
သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်​ပြု တော်​မူ​သော
အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သည်​မှာ ခ​ဏ​သာ​လျှင်​ဖြစ်​၏။
ကျေး​ဇူး​ပြု​တော်​မူ​သည်​ကား​တစ်​သက်​လုံး ဖြစ်​သ​တည်း။
ညဥ့်​အ​ခါ​၌​မျက်​ရည်​များ​ပင်​ကျ​စေ​ကာ​မူ
မိုး​သောက်​ချိန်​၌​ကား​ဝမ်း​မြောက်​ရွှင်​လန်း ခွင့်​ကို ရ​ရှိ​တတ်​၏။
မိ​မိ​တွင်​လုံ​ခြုံ​မှု​ရှိ​ပြီ​ဟု​ယုံ​ကြည်​လျက်
``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်'' ဟု
ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​ခဲ့ ပါ​၏။
အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​ပါ​ပြီ။
တောင်​ပေါ်​ရဲ​တိုက်​ကဲ့​သို့​ကျွန်​တော်​မျိုး​အား လုံ​ခြုံ​စွာ​ကွယ်​ကာ​တော်​မူ​ခဲ့​ပါ​၏။
သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး အား မျက်​နှာ​တော်​ကို​လွှဲ​၍​နေ​တော်​မူ​စဉ်​က
ကျွန်​တော်​မျိုး​သည်​ကြောက်​လန့်​ပါ​၏။
 
အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဟစ်​ခေါ်​လျက်
``ကျွန်​တော်​မျိုး​သေ​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ရှိ​ပါ​မည်​နည်း။
သင်္ချိုင်း​တွင်း​သို့​ရောက်​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ဖြစ်​ထွန်း​ပါ​မည်​နည်း။
သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​နိုင်​ပါ​သ​လော။
သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ဖော်​ပြ​ကြေ​ညာ​နိုင်​ကြ​ပါ​သ​လော။
10 အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​၏​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​သ​နား​ကြင်​နာ​တော်​မူ​ပါ။
အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​ခဲ့​ပါ​၏။
 
11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား
ဝမ်း​နည်း​ပူ​ဆွေး​ရာ​မှ​က​ခုန်​မြူး​တူး​စေ​တော် မူ​ပါ​ပြီ။
ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် လျှော်​တေ​ကို​ချွတ်​၍
ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​တော်​မူ​ပါ​ပြီ။
12 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​မည် မ​ဟုတ်​ပါ။
ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

8^ * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဗိ​မာန်​တော်​ကို​ဆက်​ကပ်​သည့်​သီ​ချင်း​ဒါ​ဝိဒ် စပ်​ဆို​သော​ဆာ​လံ။