32
အပြစ်ဖော်ပြဝန်ခံခြင်းနှင့် အပြစ်ဖြေလွှတ်ခြင်း10* ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။
1 မိမိ၏အပြစ်များမှဖြေလွှတ်ခြင်းခံရ၍
ကူးလွန်မှုများအတွက်လွတ်ငြိမ်းချမ်းသာခွင့် ရသောသူသည်မင်္ဂလာရှိ၏။
2 မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ
လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။✡ရော၊ ၁၄:၇-၈။
3 ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို မဖော်ပြ၊ဝန်မခံဘဲနေသောအခါ
တစ်နေ့လုံးငိုကြွေးရသဖြင့်မောပန်းနွမ်းနယ် ခဲ့ပါ၏။
4 အို ထာဝရဘုရား၊
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။
နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့
ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။
5 ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။
ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။
ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
6 သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌
အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။
အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။
7 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။
ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့်
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏
ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
8 ထာဝရဘုရားက
``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။
သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။
9 သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော
မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။
10 သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။
သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား
ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။
11 အို သူတော်ကောင်းအပေါင်းတို့၊
ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။
ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။