70
ကူမတော်မူရန်ဆုတောင်းပတ္ထနာ7* ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ ဝမ်းနည်းမြည် တမ်းခြင်း။
(ဆာလံ၊ ၄၀:၁၃-၁၇)
1 အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။
အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
2 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားသူတို့သည် အရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြပါစေ သော။
ကျွန်တော်မျိုး၏ဆင်းရဲဒုက္ခများကိုအကြောင်းပြု၍
ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ကွဲကြ ပါစေသော။
3 ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက်
အလွန်ကြောက်လန့်ကြပါစေသော။
4 ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်သူ
အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါ စေသော။
ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် အတွက်
ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည်
``ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူ
ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူး ကြပါစေသော။
5 ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား
ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။
ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။