87
ယေ​ရု​ရှ​လင်​မြို့​ကို​ထော​မ​နာ​ပြု​ခြင်း4 * ဟေ​ဗြဲ​ခေါင်း​စဉ်။ ကော​ရ​၏​သား​များ​စပ်​ဆို​သော​ဆာ​လံ​သီ​ချင်း။
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော်​ကို
သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်5 * သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်။ ၂:၆ ကို​ကြည့်​ပါ။ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။
ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကြီး​ကို
ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​ခြား​မြို့​အ​ပေါင်း​တို့​ထက် ပို​၍​နှစ်​သက်​မြတ်​နိုး​တော်​မူ​၏။
အို ဘု​ရား​သ​ခင်​၏​မြို့​တော်၊
သင်​၏​အ​ကြောင်း​ကိုယ်​တော်​ယ​ခု​မိန့်​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​နား​ထောင်​လော့။
 
ကိုယ်​တော်​မိန့်​တော်​မူ​သည်​မှာ
``ငါ​၏​စ​ကား​ကို​နား​ထောင်​သည့်​နိုင်​ငံ​များ
စာ​ရင်း​ကို​ယူ​သော​အ​ခါ​အီ​ဂျစ်​ပြည်​နှင့် ဗာ​ဗု​လုန်​ပြည်​ကို​ငါ​ထည့်​သွင်း​မည်။
ဖိ​လိတ္တိ​ပြည်၊တု​ရု​ပြည်​နှင့်​ဆူ​ဒန်​ပြည်​မှ
လူ​တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​သား​များ စာ​ရင်း​တွင်​ငါ​ဖော်​ပြ​မည်။''
 
ဇိ​အုန်​တောင်​အား​လူ​မျိုး​အ​ပေါင်း​တို့​ဖွား​မြင်​ရာ မိ​ခင်​ဟူ​၍​လည်း​ကောင်း၊
အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သည်
ထို​တောင်​ကို​ခိုင်​ခံ့​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း​လူ​တို့​ပြော​ဆို​ကြ လိမ့်​မည်။
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တို့​ကို​စာ​ရင်း ပြု​စု​တော်​မူ​လိမ့်​မည်။
ယင်း​စာ​ရင်း​တွင်​ပါ​ရှိ​သော​သူ​အ​ပေါင်း တို့​ကို
ယေ​ရု​ရှ​လင်​မြို့​သား​များ​အ​ဖြစ်​ဖြင့်​ထည့်​သွင်း ရေး​မှတ်​တော်​မူ​လိမ့်​မည်။
ထို​သူ​အ​ပေါင်း​တို့​သည်​က​ခုန်​လျက် ``ဇိ​အုန်​တောင်​သည်
ငါ​တို့​ခံ​စား​ရ​သော​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း စီး​ဆင်း​ရာ​ဖြစ်​ပေ​သည်'' ဟု​သီ​ဆို​ကြ​၏။

4^ * ဟေ​ဗြဲ​ခေါင်း​စဉ်။ ကော​ရ​၏​သား​များ​စပ်​ဆို​သော​ဆာ​လံ​သီ​ချင်း။

587:1 * သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်။ ၂:၆ ကို​ကြည့်​ပါ။