110
ထာဝရဘုရားနှင့်ကိုယ်တော် ရွေးချယ်တော်မူသောဘုရင်18* ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။
1 ထာဝရဘုရားက
``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။
ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု
ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။✡မ၊ ၂၂:၄၄။ မာ၊ ၁၂:၃၆။ လု၊ ၂၀:၄၂-၄၃။ တ၊ ၂:၃၄-၃၅။ ၁ကော၊ ၁၅:၂၅။ ဧ၊ ၁:၂၀-၂၂။ ကော၊ ၃:၁။✡ဟေဗြဲ၊ ၁:၁၃၊ ၈:၁၊ ၁၀:၁၂-၁၃။
2 ထာဝရဘုရားသည်အရှင်၏ရာဇအာဏာ ကို
ဇိအုန်မြို့မှနေရာအနှံ့အပြားသို့တိုင်အောင် တည်စေတော်မူလိမ့်မည်။
ကိုယ်တော်ကအရှင့်အား``သင်၏ရန်သူတို့ကို အုပ်စိုးလော့'' ဟုမိန့်တော်မူ၏။
3 ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌
အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။
နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည်
အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။✡အခန်းငယ် ၃ ဟေဗြဲမူတွင်မရှင်းပါ။
4 ``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု
ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ
ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။✡ဟေဗြဲ၊ ၅:၆၊ ၆:၂၀၊ ၇:၁၇-၂၁။
5 ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။
အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
6 လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင်
စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။
7 မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ
ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။