112
သူတော်ကောင်းသည်မင်္ဂလာရှိခြင်း
1 ထာဝရဘုရားကိုထောမနာပြုကြလော့။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍
ပညတ်တော်တို့ကိုစောင့်ထိန်းရန် အထူးနှစ်သက်သူသည်မင်္ဂလာရှိ၏။
2 ထိုသူ၏သားသမီးတို့သည်တိုင်းပြည်တွင် တန်ခိုးအာဏာရှိကြလိမ့်မည်။
သူ၏သားမြေးတို့သည်ကောင်းချီး ခံစားရကြလိမ့်မည်။
3 သူ၏အိမ်ထောင်စုသားတို့သည်ချမ်းသာ ကြွယ်ဝလိမ့်မည်။
သူသည်အစဉ်အမြဲကောင်းစားလိမ့်မည်။
4 သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက်
အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။
5 ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
6 သူတော်ကောင်းသည်အဘယ်အခါ၌မျှ ဆုံးရှုံးရလိမ့်မည်မဟုတ်။
လူတို့သည်သူ့အားအဘယ်အခါ၌မျှ မေ့လျော့ကြလိမ့်မည်မဟုတ်။
7 သို့ဖြစ်၍သူသည်သတင်းဆိုးကိုကြားရန် မကြောက်ရ။
သူသည်ထာဝရဘုရားကိုယုံကြည်
ကိုးစားသူဖြစ်သဖြင့်သူ၏စိတ်နှလုံး သည် တည်ကြည်ခိုင်မြဲပေသည်။
8 သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။
မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။
9 သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။
သူသည်အစဉ်သနားကြင်နာတတ်၏။
သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။✡၂ကော၊ ၉:၉။
10 သူယုတ်မာတို့သည်ဤအခြင်းအရာကို
မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။
သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။