118
အောင်​ပွဲ​အ​တွက်​ကျေး​ဇူး​တော်​ချီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထနာ
ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍
မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ လော့။ ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။
``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်
ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟု​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဝန်​ခံ​ကြ​စေ။
``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်
တည်​တော်​မူ​ပါ​၏'' ဟု​ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​တို့​ဝန်​ခံ​ကြ​စေ။
``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​ပါ​၏'' ဟု
ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့ ဝန်​ခံ​ကြ​စေ။
 
ငါ​သည်​အ​လွန်​ဒုက္ခ​ရောက်​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား ပတ္ထ​နာ​ပြု​ပါ​၏။
ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​၍ ငါ့​ကို​လွတ်​မြောက်​စေ​တော်​မူ​၏။
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍
ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​ပါ​သနည်း။ ဟေဗြဲ၊ ၁၃:၆။
ငါ့​ကို​ကူ​မ​တော်​မူ​သော​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သ​ဖြင့်
ငါ​သည်​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ သည်​ကို မြင်​ရ​လိမ့်​မည်။
လူ​ကို​အား​ကိုး​သည်​ထက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​ခြင်း​က​ပို​၍​ကောင်း​၏။
လူ့​ခေါင်း​ဆောင်​တို့​ကို​ကိုး​စား​သည်​ထက်
ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ခြင်း​က​ပို​၍ ကောင်း​၏။
 
10 ငါ​၏​ပတ်​လည်​တွင်​ရန်​သူ​အ​များ​ပင်​ရှိ​သော် လည်း
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။
11 သူ​တို့​သည်​အ​ဘက်​ဘက်​မှ​ငါ့​ကို​ဝိုင်း​ရံ​လျက် နေ​ကြ​သော်​လည်း
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။
12 သူ​တို့​သည်​ပျား​များ​ကဲ့​သို့​ငါ့​ထံ​သို့ ဝိုင်း​အုံ​၍ လာ​ကြ​သော်​လည်း
ဆူး​ချုံ​ကို​လောင်​သော​မီး​ကဲ့​သို့​လျင်​မြန်​စွာ ချုပ်​ငြိမ်း​၍​သွား​ကြ​၏။
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိုက်​၏။
13 ငါ​သည်​ပြင်း​ထန်​စွာ​တိုက်​ခိုက်​ခြင်း​ကို​ခံ​ရ​၍ အ​ရေး​ရှုံး​နိမ့်​နေ​သော်​လည်း
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကူ​မ​တော်​မူ​၏။
14 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​စွမ်း​ရည် ကြီး​မား​စေ​တော်​မူ​၏။
ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တင်​တော်​မူ ပြီ။ ထွ၊ ၁၅:၂။ ဟေရှာ၊ ၁၂:၂။
 
15-16 ``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့်
အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု တော်​မူ​လေ​ပြီ။
ကြီး​မား​သည့်​တန်​ခိုး​တော်​ကြောင့်​ငါ​တို့​သည်
အောင်​ပွဲ​ကို​ရ​ရှိ​လေ​ပြီ'' ဟု​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​သည်
မိ​မိ​တို့​တဲ​များ​မှ​ဝမ်း​မြောက်​စွာ​အောင်​သံ​ပေး​၍ ကြွေး​ကြော်​ကြ​သည်​ကို​နား​ထောင်​ကြ​လော့။
17 ငါ​သည်​မ​သေ​သေး​ဘဲ​အ​သက်​ရှင်​၍​ထာ​ဝ​ရ ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို​ဖော်​ပြ​မည်။
18 ကိုယ်​တော်​သည်​ငါ့​ကို​ကြပ်​တည်း​စွာ
ဆုံး​မ​တော်​မူ​သော်​လည်း​သေ​မင်း​၏​လက်​သို့ အပ်​တော်​မ​မူ။
 
19 ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​ဖွင့် လိုက်​ကြ။
ငါ​သည်​ဝင်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​မည်။
 
20 ဤ​တံ​ခါး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တံ​ခါး​ဖြစ်​၍ သူ​တော်​ကောင်း​တို့​သာ​လျှင်​ဝင်​ရ​ကြ​၏။
 
21 အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​လျှောက်​ထား ချက်​ကို ကြား​တော်​မူ​၍
ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ သ​ဖြင့်
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​ထော​မ​နာ ပြု​ပါ​၏။
 
22 တိုက်​ကို​တည်​ဆောက်​သူ​တို့​ပစ်​ပယ်​ထား​သော
ကျောက်​သည်​အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​ရ​၏။ လု၊ ၂၀:၁၇။ တ၊ ၄:၁၁။ ၁ပေ၊ ၂:၇။
23 ဤ​အ​မှု​ကား​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။
ငါ​တို့​မျက်​မှောက်​၌​အံ့​သြ​ဖွယ် ကောင်း​လှ​ပါ​သည်​တ​ကား။ မ၊ ၂၁:၄၂။ မာ၊ ၁၂:၁၀-၁၁။
24 ဤ​နေ့​ရက်​သည်​ထာ​ဝ​ရ​ဘု​ရား​အောင်​ပွဲ ခံ​တော်​မူ​သော​နေ့​ရက်​ဖြစ်​၍
ငါ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​ကုန်​အံ့။
25 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အောင်​မြင်​ခွင့်​ကို​ပေး​တော် မူ​ပါ။ မ၊ ၂၁:၉။ မာ၊ ၁၁:၉။ ယော၊ ၁၂:၁၃။
 
26 ထာ​ဝ​ရ​ဘု​ရား​၏​အ​ခွင့်​နှင့်​ကြွ​လာ​သော​သူ​အား ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။
ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​မှ​နေ​၍ ကိုယ်​တော်​ကို​ကောင်း​ချီး​ပေး​ပါ​၏။ မ၊ ၂၁:၉၊ ၂၃:၃၉။ မာ၊ ၁၁:၉။ လု၊ ၁၃:၃၅၊ ၁၉:၃၈။ ယော၊ ၁၂:၁၃။
27 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​၏။
ကိုယ်​တော်​သည်​ငါ​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။
သင်​တို့​သည်​သစ်​ခက်​များ​ကိုင်​၍၊
ပွဲ​သ​ဘင်​ကို​အ​စ​ပြု​ကာ​ယဇ်​ပလ္လင်​ကို​လှည့်​၍ ချီ​တက်​ကြ​လော့။
 
28 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၍
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။
ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
 
29 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍
မေတ္တာ​တော်​သည်​လည်း​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့်
ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။

118:1 ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။

118:6 ဟေဗြဲ၊ ၁၃:၆။

118:14 ထွ၊ ၁၅:၂။ ဟေရှာ၊ ၁၂:၂။

118:22 လု၊ ၂၀:၁၇။ တ၊ ၄:၁၁။ ၁ပေ၊ ၂:၇။

118:23 မ၊ ၂၁:၄၂။ မာ၊ ၁၂:၁၀-၁၁။

118:25 မ၊ ၂၁:၉။ မာ၊ ၁၁:၉။ ယော၊ ၁၂:၁၃။

118:26 မ၊ ၂၁:၉၊ ၂၃:၃၉။ မာ၊ ၁၁:၉။ လု၊ ၁၃:၃၅၊ ၁၉:၃၈။ ယော၊ ၁၂:၁၃။