ဗျာ​ဒိတ်​ကျမ်း
နိဒါန်း
သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်​ကိုး​ကွယ်​မှု ကြောင့် ခ​ရစ်​ယာန်​တို့​ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း ခံ​ကြ​ရ​ချိန်​၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ယော​ဟန် မြင်​ရ​၍​ဗျာ​ဒိတ်​ကျမ်း​ကို​ရေး​သား​ခြင်း​ဖြစ် ပေ​သည်။ ကျမ်း​ပြု​သူ​၏​အ​ဋ္ဌိ​က​ရည်​ရွယ်​ချက်​မှာ ဤ​ကျမ်း​ကို​ဖတ်​ရှု​ရ​သူ​တို့​သည်​မျှော်​လင့် ချက်​ရှိ​ပြီး​စိတ်​အား​တက်​စေ​ရန်​နှင့်​ဆင်း​ရဲ ဒုက္ခ​ရောက်​ချိန်၊ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ ချိန်​တို့​၌ သူ​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ စေ​ရန်​ဖြစ်​ပေ​သည်။
ဤ​ကျမ်း​တွင်​ထို​ခေတ်​ထို​အ​ခါ​က​ခ​ရစ်​ယာန် များ​မှ​လွဲ​၍​အ​ခြား​သူ​အ​ပေါင်း​တို့​နား​လည် နိုင်​ရန် ခက်​ခဲ​သည့်​အ​မှတ်​လက္ခ​ဏာ​များ​ဖြင့် ဖော်​ပြ​ထား​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​များ အ​ပြား​ပါ​ရှိ​၏။ ဤ​ကျမ်း​၏​အ​ဋ္ဌိ​က​အ​ကြောင်း အ​ရာ​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​မျိုး​မျိုး​ဖြင့် အ​ဖန် ဖန်​အ​ထပ်​ထပ်​တင်​ပြ​ထား​လေ​သည်။ ယ​နေ့ ခေတ်​တွင်​ဤ​ကျမ်း​ကို​အ​သေး​စိတ်​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖွင့်​ဆို​ရာ​တွင် သ​ဘော​ကွဲ​လွဲ​မှု များ​ရှိ​သည်။ သို့​ရာ​တွင်​ဤ​ကျမ်း​၏​အ​ဋ္ဌိ က​အ​ကြောင်း​အ​ရာ​သည်​ကား ရှင်း​လင်း ပြတ်​သား​လျက်​ရှိ​ပေ​သည်။ ယင်း​အ​ဋ္ဌိ​က အ​ကြောင်း​အ​ရာ​မှာ​ထာ​ဝ​ရ​ဘု​ရား​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် စာ​တန် အ​ပါ​အ​ဝင်​ရန်​သူ​အ​ပေါင်း​တို့​အား​နောက် ဆုံး​သော​ကာ​လ​၌ အ​ပြီး​အ​ပြတ်​နှိမ်​နင်း အောင်​မြင်​တော်​မူ​ပြီး​နောက်​သစ္စာ​စောင့်​သော ကိုယ်​တော်​၏​လူ​စု​တော်​အား​မိုး​ကောင်း​ကင် သစ်၊ ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​ယှဉ်​သော​သု​ခ ချမ်း​သာ​ကို​ခံ​စား​စေ​တော်​မူ​မည်​ဖြစ် ကြောင်း​တည်း။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၈*
ပ​ဏာ​မ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ၊ အ​သင်း​တော် (၇) ပါး​သို့​ပေး​ပို့ သည့်​စာ​များ ၁:၉-၃:၂၂*
ချိပ်​တံ​ဆိပ်​ခု​နစ်​ခု​ပါ​သည့်​စာ​စောင် ၄:၁-၈:၁*
တံ​ပိုး​ခ​ရာ​ခု​နစ်​ခု ၈:၂-၁၁:၁၉*
မြွေ​န​ဂါး​နှင့်​သား​ရဲ​နှစ်​ကောင် ၁၂:၁-၁၃:၁၈*
ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​မျိုး​မျိုး ၁၄:၁-၁၅:၈*
ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ပါ​ရှိ​သည့် ဖ​လား​ခု​နစ်​လုံး ၁၆:၁-၂၁*
ဗာ​ဗု​လုန်​မြို့​ပျက်​စီး​ခြင်း၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​နှင့်
စာ​တန်​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ခြင်း ၁၇:၁-၂၀:၁၀*
နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ၂၀:၁၁-၁၅*
ကောင်း​ကင်​သစ်၊ မြေ​ကြီး​သစ်၊ ယေ​ရု​ရှ​လင်​မြို့​သစ် ၂၁:၁-၂၂:၅*
နိ​ဂုံး ၂၂:၆-၂၁ *
1
ဤ​ကျမ်း​စောင်​တွင်​ယေ​ရှု​ခ​ရစ်​ပေး​တော်​မူ သော ဗျာ​ဒိတ်​တော်​အ​ကြောင်း​ကို​မှတ်​တမ်း တင်​ထား​၏။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော် အား​ဤ​ဗျာ​ဒိတ်​တော်​ကို​ပေး​ရ​ခြင်း​မှာ များ မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​သိ​စေ​ရန်​ဖြစ် ပေ​သည်။ ခ​ရစ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ ယော​ဟန်​ထံ​သို့​ကောင်း​ကင်​တ​မန်​ကို​စေ လွှတ်​၍ ဤ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​စေ တော်​မူ​၏။- ယော​ဟန်​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​နှင့် ယေ​ရှု​ခ​ရစ်​ဖော်​ပြ​တော်​မူ​သည့် သမ္မာ​တ​ရား​ကို မိ​မိ​တွေ့​မြင်​ကြား​သိ​ရ​သည် အ​တိုင်း​ဤ​စာ​စောင်​တွင်​ရေး​သား​ထား​ပေ သည်။- ဖော်​ပြ​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် အ​ချိန်​နီး​ကပ်​လျက်​ရှိ​ပြီ​ဖြစ်​ရာ ဤ​ဗျာ​ဒိတ် ကျမ်း​ကို​ဖတ်​ရှု​သူ​များ​နှင့်​အ​ဆို​ပါ​အ​နာ ဂတ်​ကျမ်း​တွင် ရေး​သား​ပါ​ရှိ​သည့်​တ​ရား စ​ကား​များ​ကို​နာ​ယူ​ကျင့်​သုံး​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။
အ​သင်း​တော်​ခု​နစ်​ပါး​သို့​နှုတ်​ခွန်း​ဆက်​သ​ခြင်း
ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊- ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။ သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။
ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊- ဟေရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။ မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ထွ၊ ၁၉:၆။ ဗျာ၊ ၅:၁၀။
ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။ ဒံ၊ ၇:၁၃။ မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။
ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။
ခ​ရစ်​တော်​အား​ရူ​ပါ​ရုံ​မြင်​ခြင်း
ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။- 10 သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။- 11 ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ ဒေ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။
12 ထို​သို့​ငါ့​အား​ပြော​နေ​သော​အ​သံ​သည်​မည် သူ​၏​အ​သံ​ဖြစ်​ပါ​သ​နည်း​ဟု လှည့်​၍​ကြည့် လိုက်​သော​အ​ခါ ငါ​သည်​မီး​ခွက်​ခု​နစ်​လုံး ကို​လည်း​ကောင်း၊- 13 ထို​မီး​ခွက်​များ​အ​လယ်​၌​လူ​နှင့်​တူ​သူ​တစ် ဦး​ကို​လည်း​ကောင်း​တွေ့​ရ​၏။ ထို​သူ​သည်​ခြေ ဖျား​တိုင်​အောင်​ရောက်​သည့်​ဝတ်​လုံ​ရှည်​ကို​ခြုံ ၍​ရွှေ​ရင်​စည်း​ကို​ဝတ်​ဆင်​ထား​၏။- ဒံ၊ ၇:၁၃၊ ၁၀:၅။ 14 သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။- ဒံ၊ ၇:၉၊ ၁၀:၆။ 15 သူ​၏​ခြေ​တို့​သည်​မီး​ဖြင့်​ချွတ်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၏။ သူ​၏​အ​သံ မှာ​ရေ​တံ​ခွန်​ကြီး​၏​အ​သံ​နှင့်​တူ​၏။- ယေဇ၊ ၁:၂၄၊ ၄၃:၂။ 16 သူ​သည်​လက်​ယာ​လက်​ဖြင့်​ကြယ်​ခု​နစ်​လုံး ကို​ကိုင်​၍​ထား​၏။ သူ​၏​ခံ​တွင်း​မှ​ထက်​သော သန်​လျက်​ထွက်​လာ​၏။ သူ​၏​မျက်​နှာ​သည် လည်း​မွန်း​တည့်​နေ​ကဲ့​သို့​တောက်​ပ​၏။- 17 ထို​အ​ရှင်​ကို​တွေ့​သော​အ​ခါ​ငါ​သည်​သူ​သေ သ​ဖွယ် ခြေ​တော်​ရင်း​၌​လဲ​ကျ​သွား​လေ​သည်။ ကိုယ်​တော်​သည်​ငါ့​အ​ပေါ်​သို့​လက်​ယာ​လက် တော်​ကို​တင်​တော်​မူ​ပြီး​လျှင်``မ​ကြောက်​နှင့် ငါ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။- ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။ 18 ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။- 19 သင်​တွေ့​မြင်​ရ​သည့်​အ​မှု​အ​ရာ​များ​မှာ ယ​ခု မျက်​မှောက်​နှင့်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​များ​ဖြစ်​၏။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ရေး​ထား​လော့။- 20 ငါ​၏​လက်​ယာ​တော်​လက်​တွင်​သင်​မြင်​တွေ့​ရ သည့်​ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​ခု​၏ လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ မီး​ခွက်​ခု​နစ် လုံး​သည်​အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်​၍ ကြယ် ခု​နစ်​လုံး​သည်​ထို​အ​သင်း​တော်​ခု​နစ်​ပါး​ကို စောင့်​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

1:4 ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။

1:5 ဟေရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။

1:6 ထွ၊ ၁၉:၆။ ဗျာ၊ ၅:၁၀။

1:7 ဒံ၊ ၇:၁၃။ မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။

1:8 ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။

1:13 ဒံ၊ ၇:၁၃၊ ၁၀:၅။

1:14 ဒံ၊ ၇:၉၊ ၁၀:၆။

1:15 ယေဇ၊ ၁:၂၄၊ ၄၃:၂။

1:17 ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။