ရော​မ
သြ​ဝါ​ဒ​စာ
နိဒါန်း
ရှင်​ပေါ​လု​သည်​ရော​မ​မြို့​သို့​သွား​ရောက်​ရန် အ​ကြံ​အ​စည်​ရှိ​သည်​အ​တိုင်း​ကြို​တင်​ပြင်​ဆင် သည့်​အ​နေ​ဖြင့် ရော​မ​သြ​ဝါ​ဒ​စာ​ကို​ရေး​သား ခြင်း​ဖြစ်​၏။ သူ​၏​အ​ကြံ​အ​စည်​မှာ​ထို​မြို့​ရှိ ခ​ရစ်​ယာန်​များ​ထံ​တွင် ခေတ္တ​မျှ​အ​မှု​တော်​ဆောင် ပြီး​သူ​တို့​၏​အ​ကူ​အ​ညီ​ဖြင့်​စ​ပိန်​ပြည်​သို့ သွား​ရောက်​သာ​သ​နာ​ပြု​ရန်​ဖြစ်​၏။ ဤ​သြ​ဝါ​ဒ စာ​တွင်​သူ​သည်​မိ​မိ​နား​လည်​ခံ​ယူ​သည့်​ခ​ရစ် ယာန်​ဘာ​သာ​တ​ရား​တော်​အ​ကြောင်း​နှင့် ထို ဘာ​သာ​တ​ရား​တော်​အ​ရ​ခရစ်​ယာန်​တို့​ကျင့် သုံး​ရ​မည့်​အ​ကြောင်း​ကို​ရှင်း​လင်း​တင်​ပြ​သည်။ ခ​ရစ်​ယာန်​တ​ရား​တော်​နှင့်​စပ်​လျဉ်း​၍​ရှင် ပေါ​လု​၏​တင်​ပြ​ချက်​များ​အ​နက် ဤ​ကျမ်း စောင်​၌​တင်​ပြ​ချက်​သည်​အ​ပြည့်​အ​စုံ​ဆုံး ဖြစ်​သည်။
ရှင်​ပေါ​လု​သည်​ရော​မ​မြို့​အ​သင်း​တော်​ဝင် တို့​အား​နှုတ်​ခွန်း​ဆက်​သ​ကာ ထို​သူ​တို့​ကို သ​တိ​ရ​ဆု​တောင်း​ကြောင်း​ပြော​ကြား​ပြီး နောက် မိ​မိ​ရေး​သား​လို​သော​အ​ဋ္ဌိ​က​အ​ကြောင်း အ​ရာ​ကို​ဖော်​ပြ​လေ​သည်။ ယင်း​အ​ဋ္ဌိ​က အ​ကြောင်း​အ​ရာ​မှာ​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​ကြောင်း​တည်း​ဟူ​သော သ​တင်း​ကောင်း​ဖြစ်​သည်။ (၁:၁၇)
ထို​နောက်​ရှင်​ပေါ​လု​သည်​အ​ဋ္ဌိ​က​အ​ကြောင်း ကို​အ​ကျယ်​တ​ဝင့်​တင်​ပြ​သည်။ ယု​ဒ​လူ​မျိုး နှင့်​လူ​မျိုး​ခြား​အ​ပါ​အ​ဝင်​မ​နု​ဿ​လူ​သား မှန်​သ​မျှ​သည် အ​ပြစ်​ဒု​စ​ရိုက်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​သူ​များ​ဖြစ်​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​ရန် လို​အပ်​ကြောင်း၊ ယင်း​သို့​ဆက်​ဆံ​နိုင်​ရန်​ယေ​ရှု ခ​ရစ်​အား​ယုံ​ကြည်​ရ​မည်​ဖြစ်​ကြောင်း​တင်​ပြ သည်။ ထို​နောက်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခြင်း​ကြောင့် ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​တည်း​ဟူ​သော​ဘ​ဝ သစ်​အ​ကြောင်း​ကို​တင်​ပြ​ထား​၏။ ယုံ​ကြည် သူ​သည်​ဘု​ရား​သ​ခင်​နှင့်​ငြိမ်း​ချမ်း​မှု​ကို ရ​ရှိ​ပြီး​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ထို​သူ​အား​အ​ပြစ်​နှင့်​သေ​ခြင်း​တ​ရား​၏ အာ​ဏာ​စက်​အောက်​မှ​လွတ်​မြောက်​စေ​တော် မူ​သည်။ အ​ခန်း ၅ မှ ၈ တွင်​ပ​ညတ်​တ​ရား​တော် ၏​ရည်​ရွယ်​ချက်​အ​ကြောင်း​နှင့်​ယုံ​ကြည်​သူ ၏​ဘ​ဝ​အ​သက်​တာ​အား ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​တန်​ခိုး​က​ပြု​ပြင်​ခြင်း​အ​ကြောင်း ကို​တင်​ပြ​သည်။ ထို​နောက်​မ​နု​ဿ​လူ​သား တို့​အ​တွက်​ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ရှိ​သ​ဖြင့် ထို​အ​ကြံ​အ​စည်​တော်​တွင် ယု​ဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​တို့​မည်​သို့ ပါ​ဝင်​ကြောင်း​ကို​တင်​ပြ​၏။ သ​ခင်​ယေ​ရှု အား​ယု​ဒ​အ​မျိုး​သား​တို့​ပစ်​ပယ်​ရ​ခြင်း မှာ​မ​နု​ဿ​လူ​သား​အ​ပေါင်း​တို့​သည် ယေ​ရှု ခ​ရစ်​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ခံ​စား​နိုင်​ကြ​စေ​ရန်​အ​တွက်​ပင် ဖြစ်​ကြောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​သည် သ​ခင်​ယေ​ရှု​ကို​အ​စဉ်​အ​မြဲ​ပစ်​ပယ် ကြ​လိမ့်​မည်​မ​ဟုတ်​ဟု​ယုံ​ကြည်​ကြောင်း အ​ခန်း ၉ မှ ၁၁ တွင်​တင်​ပြ​သည်။ နောက်​ပိုင်း အ​ခန်း​များ​တွင်​ခ​ရစ်​ယာန်​တို့​အ​ဘယ် သို့​ပြု​မူ​ကျင့်​ကြံ​သင့်​ကြောင်း၊ အ​ထူး သ​ဖြင့်​သူ​တစ်​ပါး​တို့​နှင့်​ဆက်​ဆံ​ရာ​တွင် အ​ဘယ်​သို့​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​သင့် ကြောင်း​တင်​ပြ​သည်။ ယင်း​သို့​တင်​ပြ​ရာ တွင်​ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင် ရွက်​ခြင်း​အ​ကြောင်း၊ မိ​မိ​တို့​တိုင်း​နိုင်​ငံ အ​တွက်​နှင့်​အ​ချင်း​ချင်း​တို့​အ​တွက်​ခ​ရစ် ယာန်​တို့​ထမ်း​ဆောင်​ရ​မည့်​တာ​ဝန်​ဝတ္တ​ရား များ​အ​ကြောင်း၊ သြတ္တပ္ပ​စိတ်​နှင့်​သက်​ဆိုင် သည့်​ပြ​ဿ​နာ​များ​အ​ကြောင်း​တို့​ကို​ဆွေး​နွေး တင်​ပြ​ပြီး​နောက်​နှုတ်​ဆက်​၍ ဘု​ရား​သ​ခင် အား​ထော​မ​နာ​ပြု​လျက်​ဤ​သြ​ဝါ​ဒ​စာ ကို​နိ​ဂုံး​ချုပ်​လေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း​နှင့်​အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ ၁:၁-၁၇
ကယ်​တင်​ခြင်း​ကို​လူ​တို့​လို​အပ်​ပုံ ၁:၁၈-၃:၂၀
ဘု​ရား​သ​ခင်​ကယ်​တင်​တော်​မူ​သည့်​နည်း ၃:၂၁-၄:၂၅
ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သော​ဘ​ဝ​သစ် ၅:၁-၈:၃၉
ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​တွင ်
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပါ​ဝင်​ခြင်း ၉:၁-၁၁:၃၆
ခ​ရစ်​ယာန်​တို့​၏​ပြု​မူ​ကျင့်​ကြံ​မှု ၁၂:၁-၁၅:၁၃
နိ​ဂုံး​နှင့်​နှုတ်​ဆက်​စ​ကား​များ ၁၅:၁၄-၁၆:၂၇
1
သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​တ​မန်​တော် အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​သူ၊ ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။- ရှေး​အ​ခါ​က​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏ ပ​ရော​ဖက်​များ​အား​ဖြင့် ထို​သ​တင်း​ကောင်း ကို​က​တိ​ထား​တော်​မူ​ခဲ့​ကြောင်း​ကျမ်း​စာ တော်​က​ဖော်​ပြ​၏။- ထို​သ​တင်း​ကောင်း​ကား​ဘု​ရား​သ​ခင်​၏​သား တော် ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း ပင်​ဖြစ်​ပေ​သည်။ ထို​အ​ရှင်​သည်​လူ့​ဇာ​တိ​အား ဖြင့်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​တော်​မူ​သည်။- ဘု​ရား​ဇာ​တိ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​ထင်​ရှား​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​အား ဖြင့်​ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ထ​မြောက်​စေ တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​အား​ဖြင့်​ငါ့ အား​ခ​ရစ်​တော်​အ​တွက်​ကြောင့် ထူး​မြတ်​သည့် တ​မန်​တော်​ရာ​ထူး​ကို​ပေး​သ​နား​တော်​မူ​၏။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​၍​လိုက်​နာ ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​ငါ့​အား​ထို သူ​အ​ပေါင်း​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။- ရော​မ​မြို့​၌​နေ​ထိုင်​သော​သင်​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​၏​တ​ပည့်​များ​အ​ဖြစ် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ​ဖြစ် သော​ကြောင့်​ထို​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​ကြ​၏။
ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။
ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ဆု​တောင်း​ပတ္ထ​နာ
သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။- 9-10 သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။- 11 သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။- 12 တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။
13 ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။- တ၊ ၁၉:၂၁။ 14 လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊- 15 သ​တင်း​ကောင်း​ကို​ရော​မ​မြို့​ရှိ​သင်​တို့​အား လည်း​ကြေ​ညာ​ရန် ငါ​သည်​စိတ်​အား​ထက် သန်​လျက်​ရှိ​၏။
သ​တင်း​ကောင်း​၏​တန်​ခိုး
16 ငါ​သည်​သ​တင်း​ကောင်း​ကို​လုံး​ဝ​ယုံ​ကြည် စိတ်​ချ​၏။ ထို​သ​တင်း​ကောင်း​သည်​ဦး​စွာ​ယု​ဒ လူ​မျိုး၊ ထို့​နောက်​လူ​မျိုး​ခြား​တို့​တွင်​ယုံ​ကြည် သူ​အ​ပေါင်း​တို့​အား​ကယ်​တင်​သော​ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။- မာ၊ ၈:၃၈။ 17 ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​အ​ဘယ်​သို့ သော​နည်း​ဖြင့် မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ တော်​မူ​သည်​ကို​သ​တင်း​ကောင်း​က​ပေါ်​လွင် ထင်​ရှား​စေ​၏။ ထို​နည်း​မှာ​အ​စ​မှ​အ​ဆုံး တိုင်​အောင်​ယုံ​ကြည်​ခြင်း​အ​ပေါ်​တွင်​အ​ခြေ ခံ​သည့်​နည်း​ဖြစ်​၏။ ထို့​ကြောင့်​ကျမ်း​စာ​တွင် ``ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့် မည်'' ဟု​လာ​သ​တည်း။ ဟဗ၊ ၂:၄။
လူ​သား​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်
18 အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။- 19 ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။- 20 ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။- 21 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။- ဧ၊ ၄:၁၇-၁၈။ 22 သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။- 23 သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။ တရား၊ ၄:၁၆-၁၈။
24 ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။- 25 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။
26 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။- 27 ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။
28 ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။- 29 သူ​တို့​သည်​အ​မျိုး​မျိုး​သော​ဆိုး​ယုတ်​မိုက်​မဲ ခြင်း၊ ညစ်​ညမ်း​ခြင်း၊ လော​ဘ​တပ်​မက်​ခြင်း၊ အ​ကျင့်​ပျက်​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သက် ကို​သတ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ လှည့်​ဖြား​ခြင်း၊ ရန် ငြိုး​ဖွဲ့​ခြင်း​စ​သည့်​အ​ပြစ်​များ​ကို​ကူး​လွန် ကြ​၏။ သူ​တို့​သည်​ကုန်း​ချော​ပြော​ဆို​ကြ​၏။- 30 သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။ ဘု​ရား သ​ခင်​ကို​မုန်း​သူ၊ စော်​ကား​သူ၊ မာန်​မာ​န​ထောင် လွှား​လျက်​ကြွား​ဝါ​သူ​များ​ဖြစ်​ကြ​၏။ မ​ကောင်း မှု​အ​မျိုး​မျိုး​ကို​တီ​ထွင်​ကြံ​စည်​တတ်​ကြ​၏။ မိ​မိ​တို့​မိ​ဘ​များ​၏​စ​ကား​ကို​နား​မ​ထောင် ကြ။- 31 သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။- 32 ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။

1:13 တ၊ ၁၉:၂၁။

1:16 မာ၊ ၈:၃၈။

1:17 ဟဗ၊ ၂:၄။

1:21 ဧ၊ ၄:၁၇-၁၈။

1:23 တရား၊ ၄:၁၆-၁၈။