3
ယေရုရှလင်မြို့လွန်ကူးသည့်အပြစ်နှင့် ကယ်တင်ခြင်းခံရပုံ
1 မိမိ၏မြို့သားများကိုပင်လျှင်ညှင်းပန်း နှိပ်စက်ကာအကျင့်ပျက်ပုန်ကန်တတ်သည့် ယေရုရှလင်မြို့သည်အမင်္ဂလာရှိ၏။- 2 ထိုမြို့သည်ထာဝရဘုရား၏ဗျာဒိတ်တော် ကိုနားမထောင်။ ကိုယ်တော်၏စည်းကမ်းကို မလိုက်နာ။ ကိုယ်တော်ကိုယုံကြည်ကိုးစား မှုမပြု။ ကိုယ်တော်၏ကူမမှုကိုလည်းမ တောင်းခံခဲ့။- 3 ထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။- 4 ပရောဖက်တို့သည်တာဝန်မဲ့ပြုလုပ်တတ် သည့်သစ္စာဖောက်များဖြစ်ကြ၏။ ယဇ်ပုရော ဟိတ်တို့ကသန့်ရှင်းရာဌာနတော်ကိုညစ် ညမ်းစေ၍ ဘုရားသခင်၏ပညတ်တရား တော်ကိုမိမိတို့အကျိုးရှိရာရှိကြောင်း လှည့်ကွက်ဆင်၍အနက်အဋ္ဌိပ္ပါယ်ပြန်ဆို ကြ၏။- 5 သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။
6 ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။- 7 ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။
8 ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
9 ``ထိုအခါငါသည်လူမျိုးအပေါင်းကို ပြုပြင်ပြောင်းလဲစေမည်ဖြစ်၍ သူတို့သည် အခြားဘုရားများကိုမကိုးကွယ်ဘဲ ငါ့ ကိုသာကိုးကွယ်ကြလိမ့်မည်။ သူတို့အား လုံးပင်ငါ၏စကားကိုနားထောင်ကြ လိမ့်မည်။- 10 ပျံ့လွင့်နေသောငါ၏လူမျိုးတော်သည် ဝေးလံသောဆူဒန်ပြည်မှပင်လျှင်ငါ့ထံ သို့ပူဇော်သကာများကိုယူဆောင်လာ ကြလိမ့်မည်။- 11 အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။- 12 စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သည့်လူစု ကိုထိုအရပ်တွင်ငါချန်ထားမည်။ သူတို့ သည်လည်းငါ့ထံသို့လာရောက်ခိုလှုံကြ လိမ့်မည်။- 13 အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။✡ဗျာ၊ ၁၄:၅။
ဝမ်းမြောက်စွာသီဆိုသောသီချင်း
14 အို ဣသရေလပြည်သားတို့၊ဝမ်းမြောက်စွာ ကြွေးကြော်သီဆိုကြလော့။
အို ယေရုရှလင်မြို့သူ၊စိတ်နှလုံးအကြွင်းမဲ့ ရွှင်လန်းဝမ်းမြောက်လော့။
15 ကိုယ်တော်သည်သင်တို့အားအတိုက်အခံ ပြုသူများကိုဖယ်ရှားတော်မူပြီ။
ထာဝရဘုရားသည်သင်တို့၏ရန်သူများကို ရုပ်သိမ်းတော်မူပြီ။
ဣသရေလအမျိုးသားတို့၏ဘုရင်ထာဝရ ဘုရားသည် သင်တို့နှင့်အတူရှိတော်မူ၏။
ယခုသင်တို့သည်ကြောက်လန့်စရာ အကြောင်းမရှိတော့ပြီ။
16 ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။
သင်သည်လက်မှိုင်ချ၍မနေနှင့်။
17 သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။
ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။
ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။
ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။
ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
18 ``ပွဲလမ်းသဘင်၌ပျော်ရွှင်သောသူများ ကဲ့သို့ ရွှင်မြူးတော်မူလိမ့်မည်''
ထာဝရဘုရားက
``ဝမ်းနည်းရမှုကိုရပ်စဲ၍၊-
သင်၏အသရေပျက်မှုကိုသင်၏ဝန်ထုပ် အဖြစ်မှ ဖယ်ရှားလိုက်လေပြီ။
19 သင့်ကိုညှင်းပန်းနှိပ်စက်သူများအားငါ အပြစ်ဒဏ် ခတ်မည့်အချိန်ကာလကျရောက်လာလိမ့် မည်။
ငါသည်ခြေမစွမ်းမသန်သူအပေါင်းကို ကယ်ဆယ်၍၊
ပြည်နှင်ဒဏ်သင့်သူများကိုမိမိတို့ပြည်သို့ ခေါ်ဆောင်လာမည်။
သူတို့၏အရှက်ရမှုကိုဂုဏ်အသရေရှိမှု အဖြစ်သို့ပြောင်းလဲစေမည်။
ကမ္ဘာသူကမ္ဘာသားတို့သူတို့ကို ချီးကူးထောမနာပြုကြလိမ့်မည်။
20 ကွဲလွင့်နေသူသင်တို့၏အမျိုးသားများ အား
မိမိတို့ပြည်သို့ငါခေါ်ဆောင်လာမည့် အချိန်ကာလကျရောက်လာလိမ့်မည်။
ငါသည်သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင် ထင်ပေါ်ကျော်ကြားစေမည်။
သင်တို့ကိုတစ်ဖန်ပြန်လည်ကောင်းစား စေမည်'' ဟုမိန့်တော်မူ၏။
ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။ ပရောဖက်ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။