10
ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။ ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။ စစ်တိုက် ရာတွင် ရှောလု သည် အလွန် ခံရ၏။ လေး သမားတို့ ပစ် သောမြှား မှန် ၍ အလွန်နာ သောကြောင့်၊ လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင် ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ၊ ငါ့ ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထား ဖျား ပေါ် မှာ လှဲ ၍သေ၏။ ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကို ထောင်၍ထား ဖျား ပေါ် မှာ လှဲ ၍ သေ ၏။ ထိုသို့ ရှောလု နှင့် သူ ၏သား သုံး ယောက်မှစ၍နန်းတော် သားအပေါင်း တို့သည် အတူ သေ ကြ၏။ ဣသရေလလူပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏ သား များသေ ကြောင်း ကို၊ ချိုင့် ၌ နေသော ဣသရေလ လူ အပေါင်း တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့်ပစ် သဖြင့် ၊ ဖိလိတ္တိ လူတို့သည်လာ ၍ နေ ကြ၏။ နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌၊ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် သေ လျက်ရှိသည်ကို တွေ့မြင် ကြ၏။ အဝတ်တန်ဆာတော်ကို ချွတ် ပြီးမှ ခေါင်း တော်၊ လက်နက် တော်ကို ယူ ၍ သူတို့ရုပ်တု အိမ်များ၌ ၎င်း ၊ လူ များတို့၌ ၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ၊ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။ 10  လက်နက် တော်ကိုလည်း သူ တို့ဘုရား ကျောင်း ၌ ထား ၍ ၊ ခေါင်း တော်ကို ဒါဂုန် ဗိမာန် ၌ ဆွဲ ထားကြ၏။ 11  ဖိလိတ္တိ လူတို့သည် ရှောလု ၌ ပြု သမျှ ကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြား လျှင်၊ 12  သူရဲ အပေါင်း တို့သည် ရှောလု ၏ အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ယူ သွား၍ ၊ ယာဗက် မြို့သို့ ဆောင် ခဲ့သဖြင့် ၊ အရိုး တို့ကို ယာဗက် မြို့မှာ သပိတ် ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ ၏။ 13  ထိုသို့ ရှောလု သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ လွန်ကျူး ၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း၊ 14  ထာဝရဘုရား ကို မ မေးမြန်း ဘဲနတ်ဝင် မိန်းမကို ရှာဖွေ မေးမြန်း သောကြောင့် ၎င်း၊ ထာဝရဘုရားသည် သူ့ ကိုကွပ်မျက် ၍ ၊ နိုင်ငံ တော်ကို ယေရှဲ သား ဒါဝိဒ် ၌ လွှဲအပ် တော်မူ၏။