5
မတရား သောမေထုန်သာမည မဟုတ်၊ အဘ ၏ မယား ကို သိမ်းယူ ခြင်းတည်းဟူသောသာသနာပ လူတို့ တွင် ပင် မ ကြားရသော မေထုန် ၌မှီဝဲသော သူသည် သင် တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စော ကြ၏။ ထိုသို့ပြု သောသူ ကို သင် တို့အထဲ မှ နှင်ထုတ် မည် အကြောင်း ၊ စိတ်မသာ ညည်းတွားခြင်းကိုမ ပြု၊ မာန ထောင်လွှားလျက် နေ ကြ၏။ ထိုကြောင့် ငါ သည် ကိုယ်ခန္ဓါ အားဖြင့် သင်တို့နှင့်ကွာ လျက် ရှိသော်လည်း ၊ ဝိညာဉ် အားဖြင့် မ ကွာ၊ ကိုယ်တိုင်သင်တို့နှင့်အတူရှိ သကဲ့သို့ ထိုသို့ကျင့် သောသူ ကို ယခုပင် ငါစီရင် ပြီ။ စီရင်ချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ်၏ အခွင့် အားဖြင့် သင် တို့သည် ငါ့ ဝိညာဉ် နှင့်အတူ စည်းဝေး ပြီးမှငါ တို့သခင် ယေရှု ခရစ်၏ တန်ခိုး တော်ကို အမှီပြု၍ ၊ ထိုသူ ၏ဝိညာဉ် သည် ယေရှု ခရစ်၏နေ့ရက် ၌ ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ၊ သူ ၏ကိုယ်ခန္ဓါ ပျက်စီး ဘို့ရာ သူ့ကိုစာတန် လက်သို့ အပ်နှံ ကြစေဟု ငါစီရင်၏။ သင် တို့၏ ဝါကြွား ခြင်းသည် မ ကောင်း မသင့် ဖြစ်၏။ အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖောင်းကြွ စေတတ်သည်ကို မ သိ ကြသလော။ သင်တို့သည် တဆေးမဲ့ ဖြစ် သည်နှင့်အညီ ၊ အသစ် သော မုန့်စိမ်း ဖြစ် မည်အကြောင်း ၊ ဟောင်း သော တဆေး ကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား ၊ ခရစ်တော် တည်းဟူသောငါ တို့ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ် ပူဇော်ရာဖြစ်၏။ ထိုကြောင့် ၊ ဟောင်း သောတဆေး ၊ ဆိုးညစ် မိုက်မဲ ခြင်းတဆေး တို့ကို ပယ်ပစ်၍၊ တဆေးမဲ့ မုန့်တည်းဟူသောကြည်ဖြူ ခြင်း၊ သစ္စာစောင့် ခြင်းနှင့် ပွဲ ခံကြ ကုန်အံ့။ သင် တို့သည် မတရား သောမေထုန်၌ မှီဝဲသောသူတို့နှင့် မ ပေါင်းဘော်မည် အကြောင်း၊ အထက်ဩဝါဒစာ ၌ ငါရေး ထားခဲ့ပြီ။ 10  ထိုသို့ ရေးထားသော်၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ အနိုင် အထက်လုယူခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသား တို့ နှင့် အလျှင်း မ ပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီ မှ ထွက်သွား ရ ကြမည်။ 11  ယခု မူကား ညီအစ်ကို ဟု ခေါ်ဝေါ် သော သူသည် မတရား သောမေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တု ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊ သေရည် သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူ ခြင်းမှစ၍၊ထိုသို့သောအမှုကို ပြုသောသူနှင့်မ ပေါင်းဘော်ရ သည်သာမက၊ ထိုသူနှင့်အတူ စား သောက်ခြင်းကိစ္စကိုမျှ မ ပြုရဟုငါရေး ထား၍ ပညတ်၏။ 12  ပြင် လူ တို့ကို စီရင် ခြင်းအမှုနှင့် ငါ သည် အဘယ်သို့ ဆိုင်သနည်း။ အတွင်း လူ တို့ကို သင် တို့စီရင် ရသည် မ ဟုတ်လော။ 13  ပြင် လူတို့ကို ဘုရားသခင် စီရင် တော်မူလိမ့်မည်။ သို့ဖြစ်၍ ထို ဆိုးညစ် သောသူကိုသင် တို့အထဲ မှနှင်ထုတ် ကြလော့။