3
သင်းအုပ် အရာကို တောင့်တ သောသူ သည် ကောင်း သော အမှုအရာ ကို တောင့်တ သည်ဟုသော စကားသည် မှန် သောစကား ဖြစ် ၏။ ထိုကြောင့် ၊ သင်းအုပ် သည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူ၊ မယား တစ်ယောက်တည်း ရှိသောသူ၊ သမ္မာ သတိရှိသောသူ၊ ဣန္ဒြေ စောင့်သောသူ၊ လျောက်ပတ် စွာ ကျင့်သောသူ၊ ဧည့်သည် ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမ ဩဝါဒပေးတတ်သောသူ ဖြစ် ရ မည်။ စပျစ်ရည် နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မ စင်ကြယ်သော စီးပွားကိုတပ်မက်ခြင်းမ ရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန် မတွေ့တတ်သောသူ၊ ငွေ ကို မတပ်မက်သောသူဖြစ်ရမည်။ မိမိ အိမ် ကိုကောင်းမွန် စွာ အုပ်စိုး ၍ သမ္မာ သမာဓိရှိ သည်နှင့် ၊ မိမိ သားသမီး ကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။ မိမိ အိမ် ကိုမ အုပ်စိုး တတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော် ကို အဘယ်သို့ ပြုစု လိမ့်မည်နည်း။ မာန နှင့်ယစ်မူးလျက်၊ မာရ်နတ် ၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာ ရှိ၍၊ ဘာသာဝင် လူသစ် မ ဖြစ်ရ။ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ မာရ်နတ် ဘမ်းမိ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ပြင်ပ လူတို့တွင် အသရေရှိ သောသူ ဖြစ်ရ မည်။ ထိုနည်းတူ ၊ သင်းထောက် တို့သည် တည်ကြည် သောသူ ဖြစ်ရကြမည်။ လျှာ နှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည် ကိုသောက်ကြူးသောသူ၊ မ စင်ကြယ်သော စီးပွားကို တပ်မက်သောသူ မ ဖြစ်ရကြ။ ကိုယ်ကိုကိုယ် သိသောစိတ် စင်ကြယ် သည်နှင့် ၊ ယုံကြည် ခြင်း၏ နက်နဲ သောအရာကို စွဲလမ်း သောသူ ဖြစ်ရကြမည်။ 10  သူ တို့သည်လည်း ရှေ့မဆွ ကစုံစမ်း ခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင် ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ် ကြစေ။ 11  ထိုနည်းတူ ၊ မိန်းမ တို့သည် တည်ကြည် သောသူဖြစ်ရမည်။ ချောစား တတ်သောသူမ ဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ ၌ သစ္စာရှိ သောသူဖြစ်ရကြမည်။ 12  သင်းထောက် သည် မယား တစ်ယောက်တည်း ရှိ ရမည်။ မိမိ သားသမီး နှင့် အိမ်သူ အိမ်သားတို့ကို ကောင်းမွန် စွာ အုပ်ချုပ် သောသူဖြစ်ရမည်။ 13  အကြောင်းမူကား ၊ သင်းထောက်အမှုကို ကောင်း စွာရွက်ဆောင် သော သူ တို့သည် မိမိ တို့အဘို့ ကောင်း သောအရာကို၎င်း၊ ယေရှု ခရစ် ၏ ယုံကြည် ခြင်း၌ ရဲရင့် ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။ 14  သင် ရှိရာသို့ ငါမြန်မြန် လာ မည်ဟု မြော်လင့် ခြင်းရှိသော်လည်း တာရှည် စွာနေလျှင် ၊ သင်သည် ဘုရားသခင် ၏အိမ် တော်၌ အဘယ်သို့ ကျင့်ကြံ ပြုမူရမည်ကို သိ စေခြင်းငှာ ဤသို့ငါရေး ၍ ပေးလိုက်၏။ ထိုအိမ် တော်ကား၊ အသက် ရှင်တော်မူသောဘုရားသခင် ၏အသင်းတော် ဖြစ် ၏။ 15  ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲ ဖြစ်၏။ သမ္မာတရား ၏တည် ရာလည်း ဖြစ်၏။ 16  မှန် သောကိုးကွယ်ခြင်း၏ နက်နဲ သောအရာသည် ကြီးစွာ သောအရာဖြစ် သည်ဟု ငြင်းခုံ ရန်မရှိ။ ဘုရားသခင် သည် ကိုယ်ခန္ဓါ ၌ ပေါ်ထွန်း တော်မူပြီ။ ဟုတ်မှန် တော်မူခြင်းအကြောင်းသည် ဝိညာဉ် တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန် တို့သည် ကိုယ်တော်ကို ရှုမြင် ရကြပြီ။ တစ်ပါး အမျိုးသားတို့သည် သိတင်းတော်ကို ကြား ရကြပြီ။ လောကီသား တို့သည် ယုံကြည် ရကြပြီ။ ဘုန်း အသရေနှင့်တကွ အထက် သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။