ရာဇဝင်ချုပ်ဒုတိယစောင်
1
ဒါဝိဒ် ၏သား တော်ရှောလမုန် သည်၊ မိမိ ဘုရားသခင် ထာဝရဘုရား မစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည်ကြည် မြဲမြံသောအခါ၊ လူတထောင် အုပ်၊ တရာ အုပ်၊ တရားသူကြီး ၊ ဣသရေလ မင်း အပေါင်း တို့နှင့် အဆွေအမျိုးသူကြီး အစ ရှိသောဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍၊ တော ၌ ထာဝရဘုရား ၏ကျွန် မောရှေ လုပ် ခဲ့ သော ဘုရားသခင် ၏ပရိသတ် စည်းဝေးရာ တဲ တော်သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသည်ဖြစ်၍ထို အရပ် သို့ ပရိသတ် အပေါင်း တို့နှင့်အတူ သွား တော်မူ၏။ ဘုရားသခင် ၏ သေတ္တာ တော်ကို ကား ဒါဝိဒ် ပြင်ဆင် သောအရပ်၊ ယေရုရှလင် မြို့၌ ဆောက် နှင့် သောတဲ သို့ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့သော်လည်း၊ ဟုရ သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ လုပ် ခဲ့သော ကြေးဝါ ယဇ် ပလ္လင်ကို ထာဝရဘုရား ၏ တဲ တော်ရှေ့ မှာထား သောကြောင့်၊ ရှောလမုန် နှင့် ပရိသတ် တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။ ထိုသို့ ပရိသတ်စည်းဝေး ရာတဲ တော်ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ရှိသောကြေးဝါ ယဇ် ပလ္လင်သို့ ရှောလမုန် ရောက် ၍ ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။ ထို ညဉ့် တွင် ဘုရားသခင် သည် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည့်ဆုကို တောင်း လော့ဟု မိန့် တော်မူ၏။ ရှောလမုန် ကလည်း ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဒါဝိဒ် ၌ များစွာ သော ကျေးဇူး ကိုပြု တော်မူပြီ။ အဘ အရာ ၌လည်း အကျွန်ုပ် ကို နန်းထိုင် စေတော်မူပြီ။ ယခု မှာ အိုထာဝရ အရှင်ဘုရားသခင် ၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့်များပြား သော လူ တို့၏ ရှင် ဘုရင်အရာ၌ အကျွန်ုပ် ကို ချီးမြှောက်တော်မူသောကြောင့် အဘ ဒါဝိဒ် ၌ ထားသော ဂတိတော် ကို တည် စေတော်မူပါ။ 10  အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။ 11  ဘုရားသခင် ကလည်း ၊ သင်သည် ထိုသို့အောက်မေ့ ၍ စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို မတောင်း၊ ရန်သူ တို့ ၏ အသက် ကိုလည်း မ တောင်း ၊ တာရှည် သော အသက် ကိုလည်း မ တောင်း ၊ ငါခန့်ထား၍ သင်အစိုး ရသောငါ ၏ လူမျိုး ကို တရားစီရင်ခြင်းငှါတတ်နိုင်သော ဉာဏ် ပညာ ကိုသာ ကိုယ် အဘို့ တောင်း သောကြောင့် ၊ ဉာဏ် ပညာကို ငါပေး ၏။ 12  ထိုမှတပါး သင့် ရှေ့ မှာဖြစ် ဘူးသော ရှင်ဘုရင်နှင့် သင့် နောက် ၌ ဖြစ် လတံ့ သော ရှင်ဘုရင် တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ် ဥစ္စာ ၊ ဂုဏ် အသရေကိုလည်း ငါပေး မည်ဟု မိန့်တော်မူ၏။ 13  ထိုအခါ ရှောလမုန် သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှ သည် ယေရုရှလင် မြို့သို့ ပြန် သွား၍ ၊ ဣသရေလ ပြည်ကို အုပ်စိုး လျက်နေတော်မူ၏။ 14  ထိုနောက် ရှောလမုန် သည် ရထား များ၊ မြင်းစီး သူရဲများကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ် ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့ ၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။ 15  ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ရွှေ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း၊ များပြား စေ ၏။ 16  ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ကုန်သည် တို့သည် အဘိုး ပေးလျက် ၊ ကော မြို့၌ ခံယူ ရကြ၏။ 17  အဲဂုတ္တု ပြည်မှ ရထား တခုကိုငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါးဆယ် နှင့် ၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ၊ ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။