24
ယောရှ သည် အသက် ခုနစ် နှစ် ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော်ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည် ရှိ၏။ ယဇ်ပုရောဟိတ် ယောယဒ လက်ထက် ကာလ ပတ်လုံး ၊ ယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏။ ယောယဒ ပေးစားသော မိန်းမ နှစ် ယောက်နှင့် စုံဘက်၍ သား သမီး တို့ကို မြင် ရ၏။ ထိုနောက်မှ ၊ ယောရှ သည် ဗိမာန် တော်ကို ပြုပြင် မည် အကြံ ရှိ လျက်၊ ယဇ်ပုရောဟိတ် လေဝိ သားတို့ကို စုဝေး စေ၍ ၊ သင် တို့ဘုရားသခင် ၏အိမ် တော်ကို ပြုပြင် ခြင်းငှါ ၊ ယုဒ မြို့ တို့ကို လှည့်လည် သဖြင့် ၊ နှစ် တိုင်းအစဉ် ဣသရေလ လူအပေါင်း တို့မှ ငွေ ကိုခံယူ ၍ ၊ အမှု ပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့် တော်မူ၏။ သို့သော်လည်း ၊ လေဝိ သားတို့သည် မ ကြိုးစား ဘဲနေကြ၏။ တဖန် ရှင် ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောယဒ ကို ခေါ် ၍ ၊ သက်သေခံ တော်မူချက် တဲ တော်အဘို့ ၊ ထာဝရဘုရား ၏ကျွန် မောရှေ နှင့် စည်းဝေး ရာ ဣသရေလ ပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိ သားတို့သည် ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့ရမည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟုမေး တော်မူ၏။ အဓမ္မမိန်းမအာသလိ ၏သား တို့သည် ဗိမာန် တော်ကို ဖြိုဖျက် ၍ ၊ ဗိမာန် တော်၌ ပူဇော် သော ဘဏ္ဍာ ရှိသမျှ တို့ကိုလည်း ဗာလ ဘုရားတို့အား ပူဇော် ကြ၏။ ရှင်ဘုရင် အမိန့် တော်အတိုင်း သေတ္တာ ကိုလုပ် ၍ ၊ ဗိမာန် တော်ပြင် ၊ တံခါး နား မှာထား ကြ၏။ ဘုရားသခင် ၏ကျွန် မောရှေ သည်တော မှာ ဣသရေလ အမျိုး၌ ငွေ ခွဲသည်အတိုင်း ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်ဟု ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်၌ ကြော်ငြာ ကြ၏။ 10  မင်း များနှင့် ပြည်သူ ပြည်သားများ အပေါင်း တို့ သည်၊ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့၍ ၊ လက်စသတ် သည်တိုင်အောင်သေတ္တာ ထဲသို့ သွင်းထားကြ၏။ 11  ထိုသေတ္တာ ကို လေဝိ သားတို့သည် ဘဏ္ဍာ တော် တိုက်ထဲသို့ သွင်း ၍ ၊ ငွေ များ သည် ကို သိ မြင်လျှင် ၊ ရှင်ဘုရင် ၏စာရေး တော်ကြီးနှင့် ယဇ် ပုရောဟိတ်မင်း၏စာရေး သည်လာ ၍ ၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာ ကို သူ့ နေရာ ၌ ထားပြန် ၏။ ထိုသို့ နေ့ တိုင်းပြု ၍ များစွာ သောငွေ ကို စုထား ကြ၏။ 12  ရှင်ဘုရင် နှင့် ယောယဒ သည် ဗိမာန် တော်၏ အမှု တော်စောင့် တို့၌ ထိုငွေကိုအပ်၍ ဗိမာန် တော်ကို ပြုပြင် စေခြင်းငှါ ၊ ပန်းရန်သမား ၊ လက်သမား ၊ ပန်းပဲသမား ၊ ပန်းတဉ်းသမားတို့အား ပေး ဝေကြ၏။ 13  အလုပ် လုပ် သောသူတို့ သည် ကြိုးစား ၍ ပြုပြင် သဖြင့် ၊ ဗိမာန် တော်ကို ပကတိ အဖြစ်၌ ခိုင်ခံ့ စေကြ၏။ 14  လက်စသတ် သောအခါ ၊ ကျန်ကြွင်း သောငွေ ကို ရှင်ဘုရင် နှင့် ယောယဒ ထံသို့ ယူခဲ့ ၍ ၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေ ဖလား ၊ ငွေ ဖလား၊ ဇွန်း များကိုလုပ် ကြ၏။ ယောယဒ လက်ထက် ကာလ ပတ်လုံး၊ ဗိမာန် တော်၌ မီးရှို့ ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ 15  ယောယဒ သည် အို ၍ ကာလ ပြည့်စုံ ရာရောက် လျက် ၊ အသက် တရာ သုံးဆယ် ရှိသော် သေ ၍၊ 16  ဒါဝိဒ် မြို့ မှာ ရှင် ဘုရင်တို့တွင် သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးတွင် ဘုရားသခင် ၌၎င်း ၊ အိမ် တော်၌၎င်း ၊ ကျေးဇူး ပြု သောသူဖြစ် သတည်း။ 17  ယောယဒ သေ သောနောက် ၊ ယုဒ မင်း တို့သည် ရှင်ဘုရင် ထံ တော်သို့ လာ ၍ ရှိခိုး ကြ၏။ သူ တို့စကားကို ရှင်ဘုရင် နားထောင် သဖြင့်၊ 18  သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကိုစွန့် ၍ ၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို ဝတ်ပြု ကြ၏။ ထို အပြစ် ကြောင့် အမျက် တော် သည် ယုဒ ပြည်နှင့် ယေရုရှလင် မြို့အပေါ် မှာ သက်ရောက် လေ၏။ 19  သူ တို့ကို ထာဝရဘုရား ထံ တော်သို့ သွေးဆောင် စေခြင်းငှါ ၊ ပရောဖက် တို့ကို စေလွှတ် တော်မူ၍ ၊ ပရောဖက်တို့သည် သက်သေခံ သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ 20  တဖန် ဘုရားသခင် ၏ ဝိညာဉ် တော်သည် ယဇ် ပုရောဟိတ် ယောယဒ သား ဇာခရိ အပေါ်မှာ သက်ရောက် ၍ ၊ သူသည် ပရိသတ် အလယ်၊ မြင့်သောအရပ်၌ ရပ် လျက်၊ ဘုရားသခင် မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရဘုရား ၏ပညတ် တော်တို့ကို အဘယ် ကြောင့်လွန်ကျုး ကြသနည်း။ သင်တို့သည် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ သင် တို့ကိုလည်း စွန့် တော်မူပြီဟု မြွက်ဆို ၏။ 21  လူများတို့သည် သူ့ ကို မကောင်းသော အကြံနှင့် တိုင်ပင် ၍ ၊ ရှင်ဘုရင် အမိန့် တော်နှင့် ဗိမာန် တော်အတွင်း ၌ ကျောက်ခဲ နှင့် ပစ် ၍ သတ်ကြ၏။ 22  ထိုသို့ ယောရှ မင်းကြီး သည် ဇာခရိ အဘ ယောယဒ ပြု သော ကျေးဇူး ကို မ အောက်မေ့ ၊ သား ကိုသတ် လေ သည်တကား။ ဇာခရိ သေ သောအခါ ၊ ဤအမှုကို ထာဝရဘုရား သည် ကြည့်ရှု စစ်ကြော တော်မူမည်ဟုဆို ၏။ 23  ထိုနှစ် အဆုံး ၌ ၊ ရှုရိ တပ်သား တို့သည် စစ်ချီ ၍ လာကြသဖြင့် ၊ ယုဒ ပြည် ယေရုရှလင် မြို့သို့ ရောက် မှ၊ မှူးမတ် အရာရှိအပေါင်း တို့ကို သုတ်သင် ပယ်ရှင်း၍ ၊ လက် ရဥစ္စာရှိသမျှ တို့ကို ဒမာသက် ရှင်ဘုရင် ထံသို့ ပေး လိုက်ကြ၏။ 24  ယုဒလူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ များပြား သော အလုံးအရင်း ဖြစ်သော်လည်း၊ နည်း သောရှုရိ တပ် အလုံး အရင်းလက် သို့ ထာဝရဘုရား အပ် တော်မူ၍ ၊ ရှုရိလူတို့သည် ယောရှ ကို တရား စီရင် ကြ၏။ 25  ရန်သူ ထွက် သွားသောအခါ ၊ ယောရှသည် ကြီးစွာ သော ဒုက္ခ ကို ခံရလျက်နေရစ် သည်ဖြစ်၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သား တို့ကိုသတ် သောအပြစ် ကြောင့် ၊ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍၊ သာလွန် ပေါ် မှာ သေ အောင် လုပ်ကြံ ကြ၏။ ထိုမင်း ကို ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့တွင် မ သင်္ဂြိုဟ်။ 26  လုပ်ကြံ သောသူကား ၊ အမ္မုန် အမျိုးသမီးရှိမတ် သား ယောဇဗဒ် နှင့် မောဘ အမျိုးသမီးရှိမရိတ် သား ယဟောဇဗဒ် တည်း။ 27  ယောရှ သည် သား ရှိခြင်းအရာ၊ လေး သောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန် တော်ကို ပြုပြင် ခြင်း အရာတို့ သည် ရာဇဝင် နှင့်ဆက်သောစာ ၌ ရေးထား လျက်ရှိ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။