4
ပရောဖက် အမျိုးသား ၏ မယား တယောက် သည်ဧလိရှဲ ထံသို့ လာ၍၊ ကိုယ်တော် ကျွန် ၊ ကျွန်မ ၏ ခင်ပွန်း သေ ပါပြီ။ ကိုယ်တော် ကျွန် သည် ထာဝရဘုရား ကို ရိုသေ သောသူဖြစ် သည်ကို ကိုယ်တော် သိ တော်မူ၏။ ယခုမှာ ကြွေးရှင် သည်ကျွန်မ ၏သား နှစ် ယောက်ကို ကျွန်ခံ စေခြင်းငှါ လာ ပါပြီဟု ကြွေးကြော် လေ၏ ဧလိရှဲ ကလည်း ၊ သင့် အဘို့ အဘယ်သို့ ငါပြု ရ မည်နည်း။ သင့် အိမ် ၌ အဘယ် ဥစ္စာရှိ သနည်းဟုမေး လျှင်၊” ကိုယ်တော်” ကျွန် မအိမ် ၌ ဆီ အိုး တလုံးမှတပါး အဘယ်ဥစ္စာမျှ မ ရှိပါဟု ပြောဆို သော်၊ ဧလိရှဲက သွား လော့။ အိမ်နီးချင်း ရှိသမျှ တို့တွင် လပ် သောအိုး တို့ကို ငှါး ယူလော့။ များစွာသော အိုး တို့ကို ငှားယူလော့ ကိုယ်အိမ်သို့ ရောက် သောအခါ ၊ သား တို့ကို ခေါ်၍ တံခါး ကို ပိတ် ပြီးမှ ငှါးယူသော အိုး များအထဲ သို့ ဆီကို အပြည့် လောင်း ၍ ထားလော့ ဟုစီရင်သည်အတိုင်း၊” ထိုမိန်းမသည် သွား ၍ သား တို့သည် အိုးများကို ယူခဲ့ ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍ တံခါး ကိုပိတ် လျက် ဆီကို လောင်း လေ၏ အိုး များ၌ ဆီပြည့် သောအခါ ၊ အိုး တလုံးကို ယူ ခဲ့ဦးဟုသား အား ဆို လျှင် ၊ အိုး လပ်မ ရှိပါဟု ပြန်ပြော သော် ၊ ဆီ သည် တန့် လျက် နေ၏ ထိုမိန်းမသည်လာ ၍ ဘုရား သခင်၏ လူ ကို ကြားပြော လျှင် ၊ သူက ထိုဆီ ကိုသွား ၍ ရောင်း ပြီးလျှင် ကြွေး ကို ဆပ် လော့။ ကြွင်း သောဆီကို အမှီပြု၍ သင် နှင့် သား တို့သည် အသက် မွေးကြလော့ဟု ဆို ၏ တနေ့သ၌ဧလိရှဲ သည်ရှုနင် မြို့သို့ သွား ရာ တွင်၊ ထို မြို့၌ ထင်ရှား သောမိန်းမ တယောက်သည် ဧလိရှဲ ကို ကျွေး ခြင်းငှါ ခေါ် ပင့်လေ၏။ နောက်မှထိုလမ်း သို့ သွား သောအခါခါ ၊ ကျွေး ခြင်းကိုခံ အံ့သောငှါ ထို အိမ်သို့ ဝင် တတ်၏ မိန်းမကလည်း၊ ငါ တို့နေရာလမ်းဖြင့် အစဉ် သွား လာသောဤသူ သည် ဘုရား သခင်၏ သန့်ရှင်း သူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ ၏ 10  ဝင်ရိုး အပေါ်မှာ အခန်းငယ် တခုကို လုပ် ကြကုန် အံ့။ သူ့ အဘို့ ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ ၊ မီးခုံ တို့ကို ထား ကြကုန် အံ့။ သို့ဖြစ်၍ ၊ သူ သည်ငါ တို့ ဆီ သို့ရောက် သောအခါ ၊ ထို အခန်းထဲ သို့ ဝင် လိမ့်မည်ဟု မိမိ ခင်ပွန်း အား ဆို ၏ 11  တနေ့သ၌ ဧလိရှဲသည် ရောက် သဖြင့် ၊ ထိုအခန်း ထဲသို့ ဝင် ၍ အိပ် နေ၏ 12  ထို ရှုနင် မြို့သူမိန်းမကို ခေါ် လော့ဟု မိမိ ကျွန် ဂေဟာဇိ အား ဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် ဧလိရှဲ ရှေ့ မှာ ရပ် နေ၏ 13  ဧလိရှဲက၊ သင်သည်ငါ တို့အဘို့ ဤ မျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့် အဘို့ အဘယ် သို့ပြု ရ မည်နည်း။ သင့် အဘို့ ရှင်ဘုရင် ထံ ၊ ဗိုလ်ချုပ် မင်းထံ ၌ ငါပြော ရမည်လော ဟု ဂေဟာဇိမေးမည်အကြောင်းစီရင် သော်၊” မိန်းမက၊ ကျွန်မ” သည် ကိုယ် အဆွေအမျိုး တို့တွင် နေ ပါဦးမည်ဟု ပြန်ပြော ၏ 14  ဧလိရှဲကလည်း၊ ဤ မိန်းမအဘို့ အဘယ်သို့ ပြု စရာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဂေဟာဇိ က၊ ဤ မိန်းမ၌ သားသမီး မ ရှိပါ။ သူ့ ခင်ပွန်း လည်း အို လှပြီဟု ဆို သော်၊ 15  တဖန် ခေါ် ဦးလော့ဟုဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် တံခါးဝ မှာ ရပ် နေ၏ 16  ဧလိရှဲကလည်း၊ သင် သည် နောင် နှစ်အချိန် အရွယ် စေ့သောအခါ သား ကို ဘက်ယမ်း ရလိမ့်မည်ဟု ဆို လျှင်၊ မိန်းမက အိုအရှင်၊ ဘုရား” သခင်၏လူ ၊ ကိုယ်တော် ကျွန် မကို မုသာ မ သုံးပါနှင့်ဟု ပြန်ပြော ၏ 17  ထိုနောက် မိန်းမ သည် ပဋိသန္ဓေ ယူ၍ ဧလိရှဲ ချိန်းချက် သော အချိန်အရွယ် စေ့သောအခါ သား ကို ဘွားမြင် လေ၏ 18  ထိုသား သည် နို့ ကွာပြီးမှ ၊ တနေ့သ၌ စပါး ရိတ် သောသူတို့ရှိ ရာ မိမိ အဘ ထံသို့ သွား ၍၊ “ 19  ငါ သည်ခေါင်း နာ၏။ ခေါင်း နာ၏ဟု အဘ အား ပြောဆို လျှင် ၊ အဘက၊ သူငယ် ကို အမိ ထံသို့ ယူ သွားဟု လုလင် အား ပြော ၏ 20  လုလင်သည်အမိ ထံသို့ ယူ သွား၍ ၊ သူငယ်သည် အမိ ရင်ခွင် ၌ ထိုင် ၍ မွန်းတည့် အချိန်ရှိပြီးမှသေ ၏ 21  အမိသည် မြို့ရိုးပေါ်သို့တက် ၍ အလောင်း ကို ဘုရားသခင့် လူ ၏ခုတင် ပေါ် မှာထား ပြီး လျှင်၊ တံခါးကို ပိတ် ခဲ့၍ သွား လေ၏ 22  ခင်ပွန်း ကို လည်း ခေါ် ၍ ၊ ကျွန်ုပ် သည် ဘုရားသခင် ၏လူ ထံသို့ ပြေး ၍ တဖန်ပြန် လာဦးမည်။ လုလင် တယောက် နှင့် မြည်း တစီး ကိုထည့် လိုက်ပါဟုဆို လျှင်၊” 23  ခင်ပွန်းက၊ အဘယ် ကြောင့်ယနေ့ သွား ချင် သနည်း။ လဆန်း နေ့မ ဟုတ်၊ ဥပုသ် နေ့လည်း မ ဟုတ်ဟု ဆို သော် ၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏ 24  မြည်း ကို ကုန်းနှီး တင်ပြီးမှ ကျွန် ကို ခေါ် ၍ နှင် သွားလော့။ ငါမပြောလျှင် ငါ့ ကြောင့် အသွား မ နှေးစေနှင့် ဟု ကျွန် အား မှာ ထားသဖြင့်၊”” 25  ခရီးသွား ၍ ဘုရား သခင်၏ လူ ရှိ ရာ၊ ကရမေလ တောင် ပေါ် သို့ ရောက် သည်ကို ဘုရား သခင်၏ လူ သည် အဝေးကမြင်သောအခါ၊” မိမိ” ကျွန် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမလာ၏ 26  သင်ပြေး ၍ ခရီးဦး ကြိုပြုပြီးလျှင် ၊ ကိုယ်တိုင် မာ ၏လော။ ခင်ပွန်း” မာ ၏လော။ သူငယ်” မာ ၏လော ဟု စေလွှတ်၍ မေးစေသော်၊ မိန်းမကမာ ပါ၏ ဟုဆို ၏ 27  ဘုရား သခင်၏ လူ ရှိရာတောင် ပေါ် သို့ ရောက် သောအခါ ၊ သူ ၏ ခြေ တို့ကို ဘက် လေ၏။ ဂေဟာဇိ သည် ဆီးတား ခြင်းငှါ ချဉ်း လာလျှင် ၊ ဘုရား သခင်၏ လူ ကသူ့ ကို မ ဆီးတားနှင့်။ သူ သည် စိတ် ညှိုးငယ် ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရား သည် ငါ့ အား မ ပြ ၊ ဝှက်ထား တော်မူပြီဟုဆို ၏ 28  မိန်းမကလည်း၊ ကျွန်မသည် ကျွန်မ သခင် ထံမှာ သား ဆုကို တောင်း ပါသလော။ ကျွန်မ” ကိုမုသာ မ သုံးပါ နှင့်ဟု လျှောက် ဆိုသည်မ ဟုတ်လော ဟု ဆို ၏ 29  ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ သင် ၏ခါး ကို စည်း လော့။ ငါ့ တောင်ဝေး ကို ကိုင် ၍ သွား လော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာ တင် လော့ဟု မှာထားလေ၏ 30  အမိ ကလည်း၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ ၍ မ သွားနိုင်ပါဟု ဆို လျှင် ၊ ဧလိရှဲသည် ထ ၍ လိုက် လေ၏ 31  ဂေဟာဇိ သည်အရင် သွား ၍ ၊ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာတင် သော်လည်း ၊ သူငယ်သည် အသံ မ ပြုအမှုမ ထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲ ကို ခရီးဦး ကြိုပြု၍ ၊ သူငယ် သည် မ နိုး ပါဟု ပြန်ပြော ၏ 32  ဧလိရှဲ သည် အိမ် သို့ ရောက် သောအခါ ၊ သူငယ် သေ လျက်၊ မိမိ ခုတင် ပေါ် မှာ တင် ထားလျက်ရှိသည်ကို တွေ့ သဖြင့်၊ “ 33  အထဲသို့ဝင် ၍ နှစ် ယောက်တည်းရှိစေခြင်းငှါ တံခါး ကိုပိတ် လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏ 34  သူငယ် ၏အနီးအပါးသို့ ချဉ်း ၍ ၊ သူ့အပေါ် မှာအိပ် လျက် နှုတ် ချင်း၊ မျက်စိ ချင်း၊ လက် ချင်းထပ်လျက် ၊ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် သူငယ် အသား သည် နွေး စရှိ၏ 35  တဖန် ဆင်း ၍ အခန်း ထဲ မှာစင်္ကြံ သွားပြီးလျှင် ၊ ချဉ်း ပြန်၍ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် ၊ သူငယ် သည် ခုနစ် ကြိမ် ချေ ဆတ်၍ မျက်စိ ကိုဖွင့် ၏ 36  ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမကို ခေါ် လိုက်ဟုဆို သည်အတိုင်း ခေါ် ၍ သူသည် ရောက် လာသောအခါ ၊ ဧလိရှဲ က သင် ၏သား ကို ချီ ယူ လော့ဟု ဆို ၏ 37  မိန်းမသည်အထဲသို့ဝင် ၍ ၊ မြေ ပေါ် မှာ ပြပ်ဝပ် ဦးချပြီးလျှင် သား ကိုချီ ယူ၍ ထွက် သွား၏ 38  တဖန် ဧလိရှဲ သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထိုပြည် ၌ အစာ ခေါင်းပါး၏။ ပရောဖက် အမျိုးသား တို့ သည် ဧလိရှဲ ရှေ့ မှာထိုင် ကြစဉ်၊ ပရောဖက် အမျိုးသား တို့ အဘို့ ကြီး သော အိုး ကင်းကိုပြင် ၍ ဟင်း ချက်လော့ဟု မိမိ ကျွန် အား ဆို ၏ 39  တစုံ တယောက်သောသူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ် ခြင်းငှါ လယ်ပြင် သို့ သွား ၍ တော နွယ် ပင်ကို တွေ့ လျှင် ၊ တော ဘူးသီး ပိုက် နိုင်သမျှကို ဆွတ်ယူပြီးမှ၊” 40  ထိုဘူးမျိုးကို မ သိ ဘဲဟင်း အိုး ထဲသို့ ခတ်လေ၏။ ဟင်း အိုးစား အံ့ဟု လောင်း ပြီးမှ ဝိုင်း၍စား ကြစဉ်တွင်၊ အိုဘုရား သခင်၏လူ ၊ အိုး ထဲ၌ သေ ဘေးရှိ ပါသည်ဟု အော်ဟစ် ၍ မ စား နိုင် ဘဲ နေကြ၏ 41  ဧလိရှဲကလည်း၊ မုန့်ညက် ကို ယူ ခဲ့ဟုဆို ၍ အိုး ထဲ မှာ ခတ် ပြီးလျှင် ၊ လူ များစား စရာဘို့လောင်း ဦးလော့ဟု ဆို ပြန်သော် ၊ အိုး ၌ ဘေး မ ရှိ။ 42  တဖန် ဗာလရှလိရှ မြို့မှ လူ တယောက်သည် လာ ၍ ၊ အဦး သီးသော မုယော ဆန်ဖြင့် လုပ်သော မုန့် လုံး နှစ်ဆယ် နှင့် အိတ် ၌ ထည့်သော အသီးအနှံ များကို ဘုရား သခင် ၏ လူ ထံသို့ ဆောင် ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူ များ ကို ကျွေး လော့ဟုဆို လျှင်၊ “ 43  ကျွန် ကအဘယ်သို့ နည်း။ ကျွန်တော်သည် လူ တရာ ကို ဤ မျှနှင့် ကျွေး နိုင်ပါမည်လောဟုမေး လျှင်၊ ဧလိရှဲက ဤ” လူ များကို ကျွေး လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စား ကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့် တော်မူကြောင်း ကို ပြောဆိုသော်၊” 44  ကျွန်သည်လူ များရှေ့ မှာထည့် ၍ ထာဝရဘုရား ၏ စကား တော်နှင့်အညီ ထိုသူတို့သည် ဝစွာစား ကြ၍ ၊ စားစရာကျန်ကြွင်း လျက်ရှိ၏