12
ယေဟု နန်းစံ ခုနစ် နှစ် တွင် ယောရှ သည် အသက် ခုနစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော် ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည်ရှိ၏ ယဇ်ပုရောဟိတ် ယောယဒ သွန်သင် သော ကာလ ပတ်လုံးယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏ ယောရှ မင်းကလည်း ၊ ဗိမာန်တော် ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊” ယဇ် ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံ ယူ၍ ၊ ဗိမာန်တော် ပြိုပျက် ရာရှိသမျှ တို့ကို ပြုပြင် ကြစေဟု ယဇ်ပုရောဟိတ် တို့အား မိန့် တော်မူ ၏ သို့သော်လည်း ယောရှ မင်းကြီး နန်းစံနှစ်ဆယ် သုံး နှစ် တွင်၊ ယဇ် ပုရောဟိတ်တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို မ ပြုပြင် ကြသေး ထိုအခါ ယောရှ မင်းကြီး သည် ယဇ်ပုရောဟိတ် ယောယဒ နှင့် အခြားသော ယဇ် ပုရောဟိတ်တို့ကိုခေါ် ၍ ၊ သင် တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို အဘယ် ကြောင့်မ ပြုပြင် ဘဲ နေကြသနည်း။ နောက် တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော် ပြိုပျက် ရာတို့ကို ပြုပြင်ဘို့ရာအပ် ကြလော့ဟု ဆိုသည်အတိုင်း၊” ယဇ် ပုရောဟိတ်တို့သည် နောက် တဖန် လူ များ လှူသောငွေ ကို မ ခံ ရ။ ဗိမာန် တော်ပြိုပျက် ရာကိုလည်း မ ပြုပြင် ရဟုဝန်ခံ ကြ၏ ယဇ်ပုရောဟိတ် ယောယဒ သည် သေတ္တာ ကို ယူ ၍ အဖုံး ကို ဖောက် ပြီးလျှင် ၊ ဗိမာန်တော် အထဲသို့ ဝင် သောလမ်းလက်ျာ ဘက် ယဇ် ပလ္လင်နား မှာထား လေ ၏။ ဗိမာန်တော် သို့ဆောင် ခဲ့သော ငွေ ရှိသမျှ ကို တံခါး စောင့် ယဇ် ပုရောဟိတ်တို့သည် သေတ္တာ ထဲ မှာထား ကြ၏ 10 ငွေ များ သည် ကိုသိ မြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ် မင်း သည် လာ ၍ ဗိမာန်တော် ၌စုသောငွေ ကို ထုတ် ထားလျက် စာရင်း ယူ၏ 11 ထိုသို့ ချိန် ထားသော ငွေ ကို ဗိမာန်တော် အုပ် အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန်တော် ၌ အလုပ် လုပ် သော လက်သမား၊” 12 ပန်းရန် သမား၊ ကျောက်ဆစ် သမားတို့အတွက် ဗိမာန်တော် ပြိုပျက် ရာကို ပြုပြင် စရာ ကျောက် နှင့် သစ်သား ကိုဝယ် ၍ ကုန်သမျှသောအတွက်ပေးဝေကြ၏ 13 ဗိမာန်တော် အဘို့ငွေ ဖလား ၊ မီးညှပ် ၊ အင်တုံ ၊ တံပိုး ၊ ရွှေ တန်ဆာ ၊ ငွေ တန်ဆာ တို့ကို ထိုငွေ နှင့် မ လုပ် သေး 14 အလုပ် လုပ် သောသူတို့အား သာ ပေး ၍ ၊ ဗိမာန်တော် ကို ပြုပြင် ကြ၏ 15 အလုပ် လုပ် သောသူတို့ အား ပေး စေခြင်းငှါ ၊ ငွေ ကို လက်ခံ သောသူတို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးကြ 16 ဒုစရိုက် ငွေ ၊ အပြစ် ငွေ ကိုမူကား ၊ ဗိမာန်တော် သို့ မ သွင်း ဘဲ ယဇ် ပုရောဟိတ်တို့သည် ယူ ကြ၏ 17 ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ဂါသ မြို့ ကို စစ်ချီ ၍ တိုက်ယူ ပြီးမှ ၊ ယေရုရှလင် မြို့သို့ ချီ အံ့သောငှါ အားထုတ်လေ၏ 18 ယုဒ ရှင်ဘုရင် ယောရှ သည် ဘိုးတော် ဘေးတော်တည်းဟူသော ယုဒ ရှင်ဘုရင် ယောရှဖတ် ၊ ယဟောရံ ၊ အာခဇိ လှူ သမျှ သော တန်ဆာ နှင့် ကိုယ်တိုင် သန့်ရှင်း သမျှသောတန်ဆာများ၊ ဗိမာန်တော် ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာတွင် တွေ့ သမျှ သောရွှေ ကိုယူ၍ ရှုရိ ရှင်ဘုရင် ဟာဇေလ ထံ သို့ပေး လိုက်သောကြောင့် ၊ ဟာဇေလသည် ယေရုရှလင် မြို့ကို ထား၍ သွား ၏ 19 ယောရှ ပြုမူသောအမှု အရာ ကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 20 ထိုမင်း ၏ကျွန် ရှိမတ် သား ယောဇဗဒ် နှင့် ရှိမရိတ် သား ယဟောဇဗပ် တို့သည် ထ ၍ သင်းဖွဲ့ ပြီးလျှင် ၊ သိလ ရွာသို့ သွား သောလမ်း၊ မိလ္လော စံနန်းတွင်ယောရှ ကို သေ အောင်လုပ်ကြံ ၍၊ “ 21 ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ကြ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏