24
နောက် တဖန်ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလ လူနှင့် ယုဒ လူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကိုတိုက်တွန်း လေ၏။ ရှင် ဘုရင်ကလည်း ၊ လူ ပေါင်း မည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် ဣသရေလ ခရိုင် ရှိသမျှ တို့ကို ရှောက်သွား ၍ ၊ လူ တို့ကို ရေတွက် လော့ဟု အထံ တော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘ အား မိန့် တော်မူ၏” ယွာဘ ကလည်း ၊ ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် လူ တို့ကို ထပ်၍ အဆ တရာ တိုးပွါးစေသဖြင့် ၊ ကျွန်တော် သခင် အရှင်မင်းကြီး မြင် မည် အကြောင်းပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင် အရှင် မင်းကြီးသည် ဤ အမှု ကို အဘယ်ကြောင့် နှစ်သက် တော်မူသနည်းဟု ရှင်ဘုရင် အား လျှောက် လေ ၏” သို့သော်လည်း အမိန့် တော်သည် ယွာဘ စကား နှင့် ဗိုလ် များ စကားကို နိုင် သဖြင့် ၊ ယွာဘ နှင့် ဗိုလ် များ တို့သည် လူ တို့ကိုရေတွက် အံ့သောငှါ အထံ တော်မှ ထွက်သွား ကြ၏။ ယော်ဒန် မြစ်ကိုကူး ၍ ဂဒ် ချိုင့် ၌ ရှိသော အာရော် မြို့အရှေ့ဘက်၊ ယာဇာ မြို့အနား မှာ တပ်ချ ကြ၏။ ဂိလဒ် ပြည်၊ နောက် သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန် ပြည်သို့ ဝိုင်း သွား ၍၊ တုရု ရဲတိုက် သို့၎င်း ၊ ဟိဝိ မြို့ များ၊ ခါနာနိ မြို့များ အလုံးစုံ တို့သို့၎င်း ရောက် ၍ ၊ ယုဒ ပြည်တောင် ပိုင်း၊ ဗေရရှေဘ မြို့၌ လက်စသတ် ကြ၏။ ထိုသို့ တပြည်လုံး ရှောက်သွား ၍ ကိုး လ နှင့် အရက် နှစ် ဆယ်လွန် မှ ယေရုရှလင် မြို့သို့ ရောက် ကြ၏။ ယွာဘ သည်လည်း လူ ပေါင်း စာရင်း ကို ရှင်ဘုရင် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ ရှစ် သိန်း၊ ယုဒ အမျိုး ၌ ငါး သိန်းရှိ ကြ၏။ 10 ဒါဝိဒ် သည် လူ တို့ကို ရေတွက် ပြီးမှ နောင်တ ရ၍ ၊ အကျွန်ုပ်ပြု မိသော အမှု၌ အလွန် ပြစ်မှား ပါပြီ။ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကျွန် ၏အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရား အား တောင်းပန် လေ၏” 11 ဒါဝိဒ် သည် နံနက် အချိန်၌ ထ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် သို့ ရောက်လာ ၍၊ 12 ဒါဝိဒ် ထံ သို့သွား လော့။ အရာသုံး ပါးကိုသင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး ရမည်ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလော့ဟု မိန့် တော်မူသည်အတိုင်း၊ 13 ဂဒ် သည် ဒါဝိဒ် ထံ သို့သွား ၍ ၊ ပြည် တော်၌ သုံးနှစ်ပတ်လုံးအစာအာဟာရ ခေါင်းပါး စေရမည်လော။ သို့မဟုတ် ရန်သူ တို့သည် သုံး လ ပတ်လုံးလိုက် ၍ ကိုယ်တော် ပြေး တော်မူရမည်လော။ သို့မဟုတ် ပြည် တော်၌ သုံး ရက် ပတ်လုံးကာလနာ ရောက် စေရမည်လော။ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန် လျှောက်ရမည်ကို စဉ်းစား ဆင်ခြင်တော်မူပါဟု လျှောက် လေ၏” 14 ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏” 15 ထိုနေ့နံနက် မှစ၍ ချိန်းချက် သော အချိန် တိုင်အောင် ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် လူ ခုနစ် သောင်းသေ ကြ၏။ 16 ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။ 17 လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။ 18 ထို နေ့ခြင်းတွင် ဂဒ် သည် ဒါဝိဒ် ထံ သို့လာ ၍ ၊ ကိုယ်တော်ကြွ ပါ။ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ရမည် ဟု၊ 19 ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ် သည် သွား လေ၏။ 20 ထိုသို့ရှင် ဘုရင်သည် အခြံအရံ တော်နှင့်တကွကြွလာ သည်ကို အရောန သည် ကြည့် ၍ မြင် လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်လျက်၊ 21 ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ရှိရာသို့ အဘယ်ကြောင့် ကြွလာ တော်မူသနည်း ဟု မေးလျှောက် လျှင် ၊ ဒါဝိဒ် က၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လို၍၊ သင်၏ကောက်နယ် တလင်းကို ဝယ် အံ့သောငှါ လာသည်ဟု အမိန့် ရှိသော်၊ 22 အရောန က၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော် တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များရှိပါ၏။ ထင်း ဘို့ ကောက်နယ် တန်ဆာ၊ နွား နှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက် လျက်၊ 23 အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် ကို လက်ခံ တော်မူပါစေသောဟု လျှောက် လေ၏။ 24 ရှင် ဘုရင်ကလည်း ၊ ထိုသို့ငါမ ယူ ရ။ စင်စစ် အဘိုး ပေး၍ ငါဝယ် မည်။ ကိုယ်ငွေ မကုန်ဘဲငါ ၏ ဘုရား သခင်ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ငါမ ပူဇော်လိုဟု အရောန အား ဆို သဖြင့် ၊ ငွေ အကျပ် ငါး ဆယ်ကိုပေး ၍၊ ထိုကောက်နယ် တလင်းနှင့် နွား တို့ကို ဝယ် ပြီးမှ၊ 25 ထို အရပ်၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရား သည်လည်း ၊ ဣသရေလ ပြည် အဘို့ ဆုတောင်း သောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်း စေတော်မူ၏။