15
ခုနစ် နှစ် တခါ လွှတ် ခြင်းကို ပြု ရမည်။ လွှတ် ခြင်းတရား ဟူမူကား ၊ ကိုယ် နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင် မည်သည်ကား၊ ထို ကြွေး ကို လွှတ် ရမည်။ ထာဝရဘုရား လွှတ် ခြင်းကာလဖြစ်သောကြောင့် ၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကို ချင်း၌ မ တောင်း ရ။ တကျွန်း တနိုင်ငံသား၌ တောင်း ရသောအခွင့် ရှိ၏။ ညီအစ်ကို ၌ ရှိ သောကိုယ် ဥစ္စာ ကို မတောင်းဘဲ လွှတ် ရမည်။ သင် ၌ ဆင်းရဲသား မ ရှိ စေခြင်းငှာ ၊ ထိုသို့ပြုရ မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အမွေခံ ဘို့ ရာအပိုင် ပေး တော်မူသော ပြည် ၌ သင့် ကို အလွန် ကောင်းကြီး ပေးတော်မူမည်။ ယနေ့ ငါ မှာ ထားသမျှ သော ဤ ပညတ် တို့ကို ကျင့် မည်အကြောင်း စောင့်ရှောက် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လော့။ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိတော် ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသဖြင့် ၊ သင် သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့်ရှိ လိမ့်မည်။ သူတို့သည် သင့် အား ချေးငှား သော အခွင့်မ ရှိရ။ သင်သည် လူမျိုး များတို့ကို အစိုး ပိုင်ရလိမ့်မည်။ သူတို့ သည် သင့် ကို အစိုး မ ပိုင်ရကြ။ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် တွင် ၊ မြို့ တစုံတမြို့၌ ဆင်းရဲ သော ညီအစ်ကို ချင်း ရှိ လျှင် ၊ ထိုဆင်းရဲ သော ညီအစ်ကို ၌ သင် သည် သနားသောစိတ် ကို မ ချုပ်တည်း ရ။ လက် ကိုလည်း မ ပိတ် ရ။ သင် ၏လက် ကို သူ့ အဘို့ ကျယ်ကျယ်ဖွင့် ၍ ၊ သူ ၏ ဆင်းရဲ ပျောက်လောက် အောင် ချေးငှား ရမည်။ သင့် စိတ် နှလုံး၌ ဆိုးညစ် သော သဘော ရှိ ၍ ၊ သတ္တမ နှစ် တည်းဟူသောလွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူ သည်ထာဝရဘုရား အား အော်ဟစ် သဖြင့် ၊ သင် ၌ အပြစ် မ ရောက် မည်အကြောင်း သတိ ပြုလော့။ 10  အကယ်စင်စစ်သူ့ အား ပေး ရမည်။ ပေး သောအခါ နှမြော သောစိတ်မ ရှိရ။ အကြောင်း မူကား၊ ထို ဒါန ကြောင့် သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ပြု လေရာရာ ၊ လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။ 11  သင့်နေရာပြည် ၌ ဆင်းရဲသား မ ပြတ် ရ။ ထို့ကြောင့် ၊ သင့် ပြည် ၌ ဆင်းရဲ ငတ်မွတ်သော ညီအစ်ကို ချင်းတို့အား သင် ၏လက် ကို ကျယ်ကျယ်ဖွင့် ရမည်အကြောင်း ငါ မှာ ထား၏။ 12  သင် ၏ညီအစ်ကို ချင်း၊ ဟေဗြဲ အမျိုးယောက်ျား မိန်းမ သည် သင် ၌ ကျွန် ဖြစ်၍ ၊ ခြောက် နှစ် အစေခံ ပြီးမှ ၊ သတ္တမ နှစ် ရောက် လျှင် လွှတ် ရမည်။ 13  လွှတ် သောအခါ ၊ လက်ချည်း မ လွှတ် ဘဲ၊ 14  သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ သင် ၏သိုးစု ၊ ကောက်နယ် တလင်း၊ စပျစ်သီး နယ်ရာကျင်းထဲက များစွာပေး ရမည်။ 15  သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။ 16  သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မ ထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူ အိမ်သားတို့ကို ချစ် ပါ၏။ နေ၍ပျော် ပါ၏ ဟုဆို လျှင်၊ 17  သင်သည် စူး ကိုယူ ၍ တံခါး ၌ ကျွန် ၏နားရွက် ကို ဖောက် ပြီးမှ ၊ သူသည် အစဉ်အမြဲ ကျွန် ခံ ရမည်။ ထိုအတူ ကျွန် မ၌ လည်း ပြု ရမည်။ 18  သင် ၏ကျွန် ကို လွှတ် သောအခါ ခက် သည်ဟူ၍မ ထင် ရ။ အကြောင်း မူကား၊ ခြောက် နှစ် ပတ်လုံးအစေခံ သဖြင့် ၊ သူငှား ဆောင်ရွက် သောအမှု နှစ်ဆ ကို သူသည်ဆောင်ရွက်လေပြီ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။ 19  သင် ၏သိုး နွားတို့တွင် အဦး ဘွား သော အထီး ရှိသမျှ တို့ ကို သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း စေရမည်။ အဦး ဘွားသောနွား ၊ အဦး ဘွားသော သိုး ကို မ သုံးဆောင် ရ။ 20  ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ထိုသိုးနွားတို့ကို နှစ် စဉ်မပြတ် အိမ်သူ အိမ်သားတို့နှင့်တကွ ကိုယ်တိုင် စား ရမည်။ 21  ထို သိုးနွားတို့၌ ခြေဆွံ့ ၊ မျက်စိကန်း အစ ရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိ လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။ 22  သင့် နေရာ အရပ်၌ စား ရမည်။ သမင် ၊ ဒရယ် ကို စားသကဲ့သို့ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့ သည် အတူ စားရကြမည်။ 23  သို့ရာတွင် အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာသွန်ရမည်။