21
သင် ၏ဘုရားသခင် ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် တွင် ၊ လွတ်လပ် သောအရပ်၌ လူအသေ ကောင်ရှိ သည်ကို တွေ့ ၍၊ အဘယ်သူ သတ် သည်ကို မ သိ လျှင်၊ သင် ၌ အသက်ကြီး သူ၊ တရားသူကြီး တို့သည် ထွက် ၍ ၊ ပတ်ဝန်းကျင် မြို့ ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။ အသေ ကောင်နှင့် အနီး ဆုံးသောမြို့ ၌ အသက်ကြီး သူတို့သည် ထမ်းဘိုး တင် ခြင်း၊ စေခိုင်း ခြင်းကို မ ပြုဘူး သေးသော နွားသငယ် ကို ယူ ၍၊ လယ် မ လုပ်မျိုးစေ့မ ကြဲ နိုင်အောင် ရေ မပြတ် သော ချောင်း သို့ ဆောင် သွား၍ ၊ ထို ချောင်း ၌ နွား လည်ပင်း ကို ဖြတ်ပြီးမှ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့် နှင့် ကောင်းကြီး ပေးစေခြင်းငှာ ၎င်း ရွေးချယ် တော်မူ သော လေဝိ သား ယဇ် ပုရောဟိတ်တို့သည် ချဉ်း ၍ တရား တွေ့ခြင်းအမှု၊ ရိုက်ပုတ် ခြင်းအမှု ရှိသမျှ တို့ကို စီရင် ဆုံးဖြတ်ရကြမည်။ အသေ ကောင်နှင့် အနီး ဆုံးသော မြို့ သား အသက်ကြီး သူ အပေါင်း တို့သည်၊ ထိုချောင်း ၌ လည်ပင်း ဖြတ်ပြီးသော နွားမ အပေါ် မှာ မိမိ တို့လက် ကို ဆေး လျက်၊ ငါ တို့လက် သည် ဤ အသွေး ကို မ သွန်း ၊ ငါ တို့ မျက်စိ သည် မ မြင်။ အိုထာဝရဘုရား ၊ ရွေး တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို သနား တော်မူပါ။ မ သေထိုက် သောသူကို သတ် သောအပြစ်သည် ကိုယ်တော် ၏လူ ဣသရေလ အမျိုးအပေါ် သို့ ရောက် စေတော်မ မူပါနှင့်ဟု မြွက်ဆို ရကြမည်။ သို့ပြုလျှင် အသက် ကိုသတ် သော အပြစ် လွတ်လိမ့်မည်။ ထိုသို့ သင်သည် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှုကို ပြု သောအခါ၊ မ သေထိုက်သောသူ ၏ အသွေး ကို ပယ်ရှင်း ရလိမ့်မည်။ 10  သင် သည် ရန်သူတို့ကို စစ်တိုက် သွား ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သင်သည် ဘမ်းယူ သောအခါ၊ 11  ဘမ်းယူ သောသူတို့တွင် အဆင်း လှသော မိန်းမ ကို မြင် ၍ စုံဘက် ခြင်းငှာ အလို ရှိလျှင်၊ 12  သင့် အိမ် သို့ သူ့ ကိုခေါ် သွား၍ ၊ သူ သည် ဦးဆံ ရိတ် ခြင်း၊ လက်သည်း လှီးဖြတ်ခြင်းကို ပြု လျက်၊ 13  ဘမ်းယူ ရာအဝတ် ကို ချွတ် ပယ်၍ တလ ပတ်လုံးမိဘ တို့ကို မြည်တမ်း လျက် သင့် အိမ် ၌ နေ ပြီးသောနောက် ၊ သင်သည် သူ နှင့် စုံဘက် ၍ သူ သည် သင် ၏ မယား ဖြစ် မည်။ 14  နောက် တဖန် သူ့ ကို မ ချစ် လျှင် ၊ သူ့ အလို အလျောက် သွား သောအခွင့်ကိုပေး ရမည်။ သူ့ ကိုရှုတ်ချ သောကြောင့် ငွေ နှင့် မ ရောင်း ရ၊ ကျွန် အရာ၌ မ ထားရ။ 15  လင်ချစ် သော မယား၊ မုန်း သော မယား နှစ် ယောက်တို့သည် သား ကို ဘွား ၍ ၊ အဦး ဘွားသော သား သည် မုန်း သောမယား၏ သားဖြစ် လျှင်၊ 16  ထိုသူသည် မိမိ အမွေ ဥစ္စာကို ဝေ သောအခါ ၊ မုန်း သောမယား၏ သား ဦး ကို နှိမ့်ချ၍ ချစ် သောမယား၏ သား ကို သားဦး အရာ၌ မ ချီးမြှောက်ရ။။ 17  မုန်း သောမယား၏ သား သည် သားဦး ဖြစ်သည် ဟု ဝန်ခံ ၍ ၊ နှစ်ဆ သော အမွေ ဥစ္စာကို သူ့ အား ပေး ရမည်။ အကြောင်း မူကား၊ ထိုသားသည် အဘ ၏ ခွန်အား အစဦး ဖြစ်၏။ သားဦး အရိပ် အရာနှင့် ဆိုင် ပေ၏။ 18  အဘ ၌ ဆိုး သောသား၊ ခက်ထန် သောသဘော ရှိ၍ မိဘ စကား ကို နား မ ထောင်သောသား၊ မိဘတို့ ဆုံးမ သော်လည်း ဆုံးမခြင်းကို မ ခံ သောသား ရှိ လျှင်၊ 19  မိဘ တို့သည် ထို သားကို ဆွဲကိုင် ၍ ၊ မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ ဆောင် ခဲ့ပြီးလျှင်၊ 20  အကျွန်ုပ် တို့သား သည် ဆိုး သောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ် တို့စကား ကို နား မ ထောင်သောသူ ဖြစ် ပါ၏။ စားကြူး သောသူ၊ သောက်ကြူး သောသူ ဖြစ်ပါ၏ဟု မြို့ ၌ အသက်ကြီး သူတို့အား လျှောက်ဆို ရမည်။ 21  မြို့ သားယောက်ျား အပေါင်း တို့သည် ထို သားကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။ 22  သေ ထိုက်သော အပြစ် ရှိ သောသူ ကို သစ်တိုင် ၌ ဆွဲ ၍ သတ် လျှင်၊ 23  အသေ ကောင်ကို သစ်တိုင် ၌ တညဉ့်လုံး မ ထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ် ရမည်။ သစ်တိုင်၌ ဆွဲ ထားခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသောသူဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် သည် မ ညစ်ညူး စေမည် အကြောင်း ထိုသို့ ပြုရမည်။