23
ယောက်ျား ၏ အင်္ဂါလက္ခဏာ မ စုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ မျောက်မထား ၍ ရသောသားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။ အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားသည် လည်း ၊ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ကာလ အစဉ်မကုန်၊ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။ အကြောင်း မူကား၊ သင် သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သူတို့သည် မုန့် နှင့် ရေ ကို ဆောင်၍ ခရီးဦးကြို မ လာကြ။ သင့် ကို ကျိန်ဆဲ စေခြင်းငှာ ၊ မေသော ပေါတာမိပြည်၊ ပေသော် မြို့၌ နေသောဗောရ သား ဗာလမ် ကို ငှား ကြ၏။ သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ် စကားကို နား မ ထောင်။ သင့် ကိုချစ် သောကြောင့် ကျိန်ဆဲ ခြင်းကို သင် ၌ ကောင်းကြီး မင်္ဂလာ ဖြစ် စေတော်မူ၏။ သင် သည် သူ တို့ချမ်းသာ ၊ သူ တို့စည်းစိမ် ကို တသက်လုံး အစဉ် မ ပြုစု ရ။ ဧဒုံ အမျိုးသားကို မူကား၊ မ မုန်း ရ။ သူ သည် သင် ၏ ညီအစ်ကို ဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မ မုန်း ရ။ သူ ၏ပြည် ၌ သင်သည် ကျွန် ခံ ခဲ့ဘူးပြီ။ သူ တို့အမျိုးအနွယ် သည် သုံး ဆက် မြောက်မှသာ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။ ရန်သူ တို့ကို စစ်တိုက် သွားသောအခါ ၊ မ တရား သောအမှု ရှိသမျှ ကို ရှောင် လော့။ 10  ညဉ့် အချိန်၌ ရောက် တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မ စင်ကြယ် သော သူ သည် သင် တို့တွင် ရှိ လျှင် သူသည် တပ် ပြင် သို့ ထွက် ရမည်၊ တပ် ထဲသို့ မ ဝင် ရ။ 11  မိုဃ်းချုပ် သောအခါ ရေချိုး ၍ ၊ နေ ဝင် ပြီးမှ တပ် ထဲသို့ ဝင် ရမည်။ 12  သင့် ကျင်ကြီးစွန့်ရာအရပ် သည် တပ် ပြင် ၌ ရှိ ရ မည်။ 13  တပ်ပြင် သို့ထွက်၍ စွန့် သောအခါ ၊ ကိုယ် ၌ပါသော သစ်သား တူးရွင်းနှင့် မြေ ၌ တူး ရမည်။ နောက် တဖန် လှည့် ၍ မစင် ကို ဖုံးအုပ် ရမည်။ 14  အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုကယ်တင် ၍ ရန်သူ တို့ကို သင့် လက်၌ အပ် ခြင်းငှာ ၊ သင် ၏တပ် ထဲမှာ သွား လာတော်မူ၏။ ထို့ကြောင့် ၊ သင့် အထဲ ၌ မ စင်ကြယ်သောအရာ တစုံတခုကို မြင် ၍ သင် မှ ရှောင် သွားတော် မ မူမည်အကြောင်း ၊ သင် ၏ တပ် သည် သန့်ရှင်း ရမည်။ 15  မိမိ သခင် ထံ က ပြေး ၍ သင့် ထံသို့ ရောက်သော ကျွန် ကို သခင် ၌ မ အပ် ရ။ 16  ထို ကျွန်သည် အလို အလျောက်နေချင်သော အရပ် ၊ သင့် နေရာ မြို့ တစုံ တမြို့၌ သင့် ထံမှာ နေ ရသော အခွင့်ရှိ၏။ သူ့ ကို မ ညှဉ်းဆဲ ရ။ 17  ဣသရေလ အမျိုးသမီး တို့တွင် ပြည်တန်ဆာ မ ရှိ ရ။ ဣသရေလ အမျိုးသား တို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ မ ရှိ ရ။ 18  ပြည်တန်ဆာ လုပ်၍ ရ သောငွေ၊ ခွေး ကိုရောင်း ၍ ရသောငွေကိုသစ္စာ ဂတိပြေစေခြင်းငှာ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်သို့ မ သွင်း ရ။ ထိုသို့ သောငွေကို စက်ဆုပ် ရွံရှာတော်မူ၏။ 19  သင် ၏ အမျိုးသားချင်း၌ အတိုး ယူ၍၊ ငွေ ၊ စားစရာ ၊ အသုံး အဆောင်ကို မ ချေး မငှားရ။ 20  တပါး အမျိုးသား၌ အတိုး ယူ၍ ချေးငှားရ၏။ သင် သွား ၍ ဝင်စား သော ပြည် တွင် သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေး တော်မူမည်အကြောင်း ၊ အမျိုးသား ချင်း၌ အတိုး ယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။ 21  သင် ၏ဘုရားသခင် ထာဝရဘုရား အား သစ္စာ ဂတိထားလျှင် ၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ဧကန်အမှန်တောင်း တော်မူမည်။ သင်သည် မပြုဘဲနေလျှင် အပြစ် ရောက် လိမ့်မည်။ 22  သစ္စာ ဂတိ မထားဘဲနေလျှင် အပြစ် မ ရောက်။ 23  သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ် အလိုအလျောက်သစ္စာဂတိထား၍၊ ကိုယ် နှုတ် နှင့် မြွက်ဆို သော စကား ကို တည် စေ၍ ၊ ဂတိ ရှိသည်အတိုင်း ပြု ရမည်။ 24  သင် သည် အိမ်နီးချင်း ၏ စပျစ် ဥယျာဉ်ထဲသို့ ဝင် သောအခါ ၊ အလို အလျောက်စပျစ်သီး ကို ဝ စွာစား ရ သော်လည်း မ သိမ်း မယူရ။ 25  အိမ်နီးချင်း ၏ စပါး လယ်ထဲသို့ ဝင် သောအခါ၊ စပါးနှံ ကိုလက် နှင့် ဆွတ် ရသော်လည်း တံစဉ် နှင့်မ ရိတ် ရ။