25
လူ ချင်း အမှု ရှိ ၍ မင်း ထံ ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ် သောသူကို အပြစ် လွတ်စေခြင်းငှာ ၎င်း ၊ ဆိုး သောသူကို အရှုံး ခံစေခြင်းငှာ၎င်း စီရင် ရမည်။ ဆိုး သောသူသည် အရိုက် ခံထိုက်လျှင် ၊ တရား သူကြီး သည် ကိုယ် မျက်မှောက်၌ သူ့ကို ချ ၍ ၊ အပြစ် နှင့် အလျောက်မည် မျှသော ဒဏ်ချက်ဖြင့် ရိုက် စေရမည်။ သို့သော်လည်းဒဏ်ချက် လေးဆယ် ထက် မ လွန် စေရ။ လွန်၍ များစွာ သော ဒဏ်ချက် ဖြင့် ရိုက် လျှင် ၊ သင် ၏အမျိုးသား ချင်းသည် ယုတ်ညံ့ သောသူဖြစ် ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။ စပါးနင်းနယ် သော နွား ၏နှုတ် ကို မ ချုပ်တည်းရ။ အတူ နေ သောညီအစ်ကို တို့ တွင် ၊ တစုံ တယောက်သောသူသည် သား မ ရှိဘဲသေ လျှင် ၊ သေ သောသူ ၏ မယား သည် အခြားတပါးသောလူစိမ်း နှင့် စုံဘက်ခြင်း ကို မ ပြု ရ။ သူ ၏လင် ညီသည် သူ့ ကို သိမ်းယူ ဆက်ဆံ၍ မရီး ၌ ပြု အပ်သောဝတ်ကို ပြုရမည်။ ဣသရေလ အမျိုး၌ အစ်ကို အမည် ကို မ ပျောက် စေခြင်းငှာ ၊ အဦး ဘွားသော သားသည် သေ သောဘကြီး ၏ အရိပ် အရာကို ခံ ရမည်။ ညီ သည် အစ်ကို မယားကို မ ယူ လို လျှင် ၊ မိန်းမ သည် အသက်ကြီး သူတို့ရှိရာ မြို့တံခါးဝ သို့ သွား ၍ ၊ ကျွန်မ ၏ လင် ညီသည် အစ်ကို အမည် ကို ဣသရေလ အမျိုး၌ မတည် စေလိုပါ။ သူပြု အပ်သောဝတ်ကို မ ပြုလို ပါဟု လျှောက် လျှင်၊ မြို့ ၌ အသက်ကြီး သူတို့သည် ထိုသူ ကို ခေါ် ၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမ ကို အကျွန်ုပ် မ ယူ လို ပါဟုဆို ၍ ခိုင်မာ စွာနေလျှင်၊ သူ ၏မရီး သည် အသက်ကြီး သူတို့ရှေ့ မှာ သူ့ အပါးသို့ ချဉ်း ၍ သူ ၏ခြေနင်း ကို ချွတ် လျက် ၊ သူ ၏ မျက်နှာ ၌ တံထွေး ထွေးလျက် ၊ မိမိ အစ်ကို အိမ် ကို မ ဆောက် လိုသောသူ ၌ ဤသို့ ပြု သင့်သည်ဟု သူ့အား ပြန် ပြောရမည်။ 10  နောက်မှ ၊ ထိုသူ ကို ခြေနင်း ချွတ် ရသောအမျိုး ဟူ၍ဣသရေလ အမျိုး၌ ခေါ်ဝေါ် သမုတ်ရမည်။ 11  လူ ချင်းခိုက်ရန် ပြုကြစဉ်တွင်၊ တယောက် သောသူ ၏မယား သည် အပါးသို့ချဉ်း ၍ မိမိ လင် ကို ကူညီ လိုသောငှာ ခိုက်ရန် ပြုသောသူ ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲ မိလျှင်၊ 12  ထိုမိန်းမ လက် ကို ဖြတ် ရမည်။ သင် ၏ မျက်စိ သည် သူ့ကို မ သနား ရ။ 13  သင့် အိတ် ၌ ကြီး သောအလေး ၊ ငယ် သောအလေး တည်းဟူသောခြားနားသော အလေးကို မ ရှိ စေရ။ 14  သင့် အိမ် ၌ ခြားနားသော ခြင် စရာတန်ဆာအကြီး အငယ် ကို မ ရှိ စေရ။ 15  သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင် ၏အသက်တာ ရှည် မည်အကြောင်း ၊ မှန်ကန် သောအလေး ၊ မှန်ကန် သောခြင် စရာ တန်ဆာများကိုသာ သုံး ရမည်။ 16  အထက် ဆိုခဲ့ပြီးသော အမှုကို ပြု သောသူအပေါင်း တို့နှင့် မတရား သဖြင့် ပြု သောသူအပေါင်း တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ 17  သင် သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားသောအခါ၊ 18  သင် သည် အားကုန် ၍ မော လျက်နေစဉ်တွင်၊ သင့် နောက် ၌ လိုက်သောသူ၊ အားနည်း သောသူတို့ ကို အာမလက် အမျိုးသားတို့သည် လမ်း ၌ ဆီးကြို ၍ လုပ်ကြံ ကြောင်း ကို၎င်း ၊ ဘုရားသခင် ကို မ ကြောက်ရွံ့ ကြောင်းကို၎င်း ၊ အောက်မေ့ လော့။ 19  သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ အပိုင် ပေး တော်မူသောပြည် ၌ သင့် ပတ်လည် ၌ နေသောရန်သူ အပေါင်း တို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးတော်မူသောအခါ ၊ အာမလက် အမျိုးကို အောက်မေ့ စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက် ၌ သုတ်သင် ပယ်ရှင်းရမည်။ ထိုအမှုကို မ မေ့ မလျော့ရ။