2
တဖန် ရှင်ဘုရင် အာရွှေရု သည် စိတ် တော်ပြေ သောအခါ ၊ ဝါရှိတိ ကို၎င်း ၊ သူပြု သောအမှုနှင့် သူ့ တစ်ဘက် ၌စီရင်သော အမှု ကို၎င်း အောက်မေ့ တော်မူ၏။ အထံတော်၌ ခစား သော ကျွန် တော်တို့ကလည်း ၊ အဆင်း လှ သော သမီးကညာ တို့ကို အရှင်မင်းကြီး အဘို့ ရှာ ရပါမည်အကြောင်းအခွင့်ပေးတော်မူပါ။ အဆင်း လှ သော သမီးကညာ အပေါင်း တို့ကို ရှုရှန် နန်းတော် တွင် အပျို တော်နေရာသို့ စုဝေး စေ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ၊ နိုင်ငံ တော်အတိုင်း တိုင်း အပြည်ပြည် မင်း အရာရှိ တို့ကို ခန့် ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။ နှစ်သက် တော်မူသောသမီးကညာ ကို မိဖုရား ဝါရှတိ အရာ ၌ ခန့် ထားတော်မူပါဟု လျှောက်သော စကား ကို ရှင်ဘုရင် နှစ်သက် ၍ ထိုသို့ စီရင် တော်မူ၏။ ထိုကာလတွင် ရှုရှန် မြို့တော်၌ ၊ ဗင်္ယာမိန် အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရ တို့မှ ဆင်းသက်သော မော်ဒကဲ အမည် ရှိသောယုဒ လူ တယောက်ရှိ ၏။ ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်း သွားသော ယုဒ ရှင်ဘုရင် ယေခေါနိ မှစ၍ ၊ ဘမ်းဆီး သိမ်း သွားခြင်းကို ခံရသောလူစု၌ ပါသတည်း။ ထိုသူသည် အထွေးသမီး ဟဒဿ တည်းဟူသော ဧသတာ ကို မွေးမြူ ၏။ ထိုသတို့သမီးသည် မိဘ မ ရှိ၊ ပုံပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ ၏။ မိဘ သေ သောအခါ ၊ မော်ဒကဲ သည် ယူ ၍ ကိုယ် သမီး ကဲ့သို့ မှတ်သတည်း။ ရှင်ဘုရင် အမိန့် တော်ကိုထုတ်၍ ကျော်သောအခါ ၊ အပျို များတို့ကို ရှုရှန် နန်းတော် သို့ စုဝေး စေ၍ ၊ မိန်းမစိုးဟေဂဲ ၌ အပ်ရာတွင်၊ ဧသတာ ကိုလည်း နန်းတော် သို့ ခေါ် ဆောင်၍ ဟေဂဲ ၌ အပ်ကြ၏။ ဧသတာသည် ဟေဂဲ စိတ် နှင့်တွေ့၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ် စေသော ဆေးမျိုးနှင့် ပေး ရသောအဝတ် အစားကို အလျင် အမြန်ပေး၏။ နန်းတော် ၌ ရွေး ကောက်သော ကျွန် မခုနစ် ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာ နှင့် သူ ၏ကျွန် မတို့ကို အပျိုတော်နန်း တွင် အမြတ် ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။ 10  ဧသတာ သည် မိမိ အမျိုး နှင့် မိမိ ဆွေညာ တကာကို မ ဘော် မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မ ဘော် မပြဘဲ နေ၏။ 11  ဧသတာ သည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ ၌ အဘယ်သို့ ပြု ကြလိမ့်မည်ကို၎င်း၊ မော်ဒကဲ သည် သိ ခြင်းငှါ အပျိုတော်နန်း ဝင်း ရှေ့ မှာ နေ့ တိုင်းသွား လာ၏။ 12  ထိုအပျိုတော်တို့ ထုံးစံ အတိုင်း ၊ တနှစ် စေ့ သောအခါ တယောက်နောက်တယောက် အလှည့် သင့်သည် အတိုင်း ၊ ရှင်ဘုရင် အာရွှေရု ထံ သို့ ဝင် ရ၏။ ခြောက် လ ပတ်လုံးမုရန် ဆီ ၊ ခြောက် လ ပတ်လုံးနံ့သာ မျိုးအစရှိ သော စင်ကြယ် စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ် ခြင်းအမှုသည် ပြီး သည် တိုင်အောင် ထိုမျှကာလ ကိုလွန် စေရ၏။ 13  ထိုနောက်မှအပျို တော်သည် ရှင်ဘုရင် ထံ သို့ဝင် ချိန်ရောက်သောအခါ ၊ အလို ရှိသမျှ တို့ကို တောင်း၍၊ အပျိုတော်နန်း မှ ရှင်ဘုရင် နန်းတော် သို့ ယူ သွားရ၏။ 14  ည ဦးအချိန်၌ ဝင် ၍ နံနက် အချိန်၌ နန်းတော်မိန်းမစိုး ၊ မောင်းမမိဿံ အုပ် ၊ ရှာရှဂါဇ စောင့် ဒုတိယ မိန်းမနန်း သို့ ပြန် ရ၏။ ရှင်ဘုရင် ချစ် ၍ နာမည် အားဖြင့် ခေါ် တော်မမူလျှင် နောက် တဖန် အထံတော်သို့ မ ဝင် ရ။ 15  မိမိ သမီး ကဲ့သို့ မော်ဒကဲ မွေးမြူ သော ဘထွေး အဘိဟဲလ သမီး ဧသတာ သည် အလှည့် သင့်၍၊ ရှင်ဘုရင် ထံ သို့ဝင် ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျို တော်အုပ် ဟေဂဲ စီရင် သော အရာမှတပါး အဘယ် အရာကိုမျှ မ တောင်း ၊ ဧသတာ ကို တွေ့မြင် သမျှ သောသူတို့ သည် ချစ် တတ်ကြ၏။ 16  ထိုသို့ ရှင်ဘုရင် အာရွှေရု သည် နန်းစံ ခုနစ် နှစ် ၊ တေဗက် အမည်ရှိသောဒသမ လ တွင် ၊ ဧသတာ ကို နန်းတော် ၌ သိမ်း တော်မူပြီးလျှင်၊ 17  အခြားသော သမီး ကညာအပေါင်း တို့ထက် ဧသတာ သည် စိတ်တော်ကိုနူးညွတ် စေ၍ ၊ အထံ တော်၌ မျက်နှာ ရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာ တို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ ခေါင်း ပေါ် မှာ ရာဇ သရဖူ ကိုတင် ၍ မိဖုရား ဝါရှတိ အရာ ၌ ချီးမြှောက် တော်မူ၏။ 18  ထိုအခါ ရှင် ဘုရင်သည် ဧသတာ ပွဲ ဟူ၍ကြီး သောပွဲ ကို မှူး တော်မတ်တော်ကျွန် တော်တို့အဘို့ လုပ် သဖြင့် ၊ နိုင်ငံ တော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆု ချတော်မူ၏။ 19  သမီး ကညာတို့သည် ဒုတိယ အချိန်၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် ၏။ 20  ဧသတာ သည် မော်ဒကဲထံမွေးမြူ ခြင်းကိုခံ ၍ နေစဉ် အခါ၊ သူ ၏စကား ကို နားထောင်သည်နည်းတူ နားထောင် သေးသည်ဖြစ်၍၊ မော်ဒကဲ သတိ ပေးသည်အတိုင်း ၊ မိမိ အမျိုး ၊ မိမိ ဆွေညာ တကာတို့ကို မ ဘော် မပြဘဲနေ သတည်း။ 21  ထို ကာလ တွင် ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် စဉ် ၊ ဗိဂသန် နှင့် တေရက် တည်းဟူသောနန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု အားထုတ် ကြ၏။ 22  ထိုအမှုကို မော်ဒကဲ သိ ၍ မိဖုရား ဧသတာ အား ဘော်ပြ ၏။ ထိုသို့ မော်ဒကဲ ဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင် အား လျှောက် လေ၏။ 23  ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။