4
သိမ်း သွားခြင်းကိုခံရသောအမျိုးသား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ဗိမာန် တော်ကို တည် ကြသည်ဟု ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုး၏ ရန်သူ တို့သည် ကြား လျှင်၊ ဇေရုဗဗေလ နှင့် အဆွေအမျိုးသူကြီး တို့ထံ သို့လာ ၍ ၊ ငါတို့သည် သင် တို့ထံ၌ တည်းခိုပါရစေ။ သင် တို့၏ ဘုရား သခင်ကို သင် တို့ရှာသကဲ့သို့ ငါတို့လည်း ရှာ ကြ၏။ ငါ တို့ကို ဤ ပြည်သို့ဆောင် ခဲ့သော အာရှုရိ ရှင်ဘုရင် ဧသရဟဒ္ဒုန် လက်ထက် မှစ၍ ထိုဘုရား သခင်အား ယဇ် ပူဇော်ကြသည်ဟု ဆို ကြသော်၊
ဇေရုဗဗေလ နှင့် ယောရှု အစရှိသော ဣသရေလ အဆွေအမျိုးသူကြီး တို့က၊ ငါ တို့၏ဘုရား သခင်အဘို့ ဗိမာန် တော်တည် ခြင်းအမှုကို၊ သင် တို့သည် ငါ တို့နှင့် ဝိုင်း၍ မ လုပ်ရ။ ပေရသိ ရှင်ဘုရင် ကုရု မင်းကြီး အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ငါ တို့သည် ကိုယ်တိုင်တည် ရမည်ဟု ပြန်ပြော ကြ ၏။ ထိုအခါ ပြည်သား တို့သည် ယုဒ အမျိုး တို့ကို လက် အားလျော့ စေ၍ ၊ တည် ဆောက်ခြင်းအမှုကို နှောင့်ရှက် ကြ၏။ ယုဒ အမျိုးသား တို့၏ အကြံ ကိုဖျက်ဆီး ခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု လက်ထက် ကာလပတ်လုံး မှသည်၊ ပေရသိ ရှင်ဘုရင် ဒါရိ လက်ထက် တိုင်အောင် ၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။ အာရွှေရု နန်း ထိုင်စ က ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားတို့၌ အပြစ် တင်သောလွှာစာကို ပေးလိုက်ကြ၏။ အာတဇေရဇ် လက်ထက် ၌ ဗိရှလံ ၊ မိသရေဒတ် ၊ တဗေလ နှင့် အခြား သောအပေါင်း အဘော်တို့သည်၊ ရှုရိ ဘာသာစကားနှင့် ရေး သော လွှာစာ ကို၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် ထံ သို့ပေးလိုက်ကြ၏။ စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ တို့သည်၊ ယေရုရှလင် မြို့ကို ရန်ဘက် ပြုလျက်၊ အာတဇေရဇ် မင်းကြီး ထံသို့စာ ပေးလိုက်၍၊ စာတိုက် စိုးရေဟုံ ၊ မြို့စာရေး ရှိမရှဲ နှင့် အခြား သော အပေါင်း အဘော်၊ ဒိနဲ ပြည်သား၊ အဖာသသက် ပြည်သား၊ တာပေလ ပြည်သား၊ အဖာရသ ပြည်သား၊ အာခေဝ ပြည်သား၊ ဗာဗုလုန် ပြည်သား၊ ရှုရှနက် ပြည်သား၊ ဒေဟဝ ပြည်သား၊ ဧလံ ပြည်သားအစရှိသော၊ 10 ကြီး မြတ်သောမင်း အာသနပ္ပါ ဆောင် ခဲ့၍ ၊ ရှမာရိ မြို့ ရွာတို့၌ နေရာ ချသောသူများနှင့်၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့သည်၊ ဤမည်သောနေ့ရက်ကာလတွင်၊ 11 အာတဇေရဇ် မင်းကြီး ထံ သို့ပေး လိုက်သော စာ ဟူမူကား ၊ မြစ် အနောက် ဘက်၌နေသောကိုယ်တော်ကျွန် တို့သည်၊ ဤ မည်သောနေ့ရက် ကာလတွင် လျှောက် ပါ၏။ 12 အထံတော် မှ ကျွန်တော် တို့ရှိရာ သို့ ရောက် လာသော ယုဒ လူတို့သည် ဆိုးညစ် ၍ ၊ ပုန်ကန် တတ်သော ယေရုရှလင် မြို့ ကို တည်လျက်၊ မြို့ရိုး အမြစ်ကိုချ ၍ လက်စသတ် လုသည်ကို သိ မှတ်တော်မူပါ။ 13 ထိုမြို့ ကိုတည် ပြန်၍ မြို့ရိုး ကိုလက်စသတ် လျှင် ၊ ငွေတော် ခွဲခြင်း ကိုမခံ၊ အခွန် တော်အကောက် တော်ကို မ ပေး ဘဲနေ၍၊ နိုင်ငံတော်အကျိုး နည်းပါလိမ့်မည်ကို သိ မှတ်တော်မူပါ။ 14 ကျွန်တော်တို့ သည် ကျေးဇူးတော် အားဖြင့် အသက်မွေး ရ သောသူဖြစ် သည်နှင့် အညီ၊ ကိုယ်တော်၌ ဘုန်းတော် လျော့ကြောင်း ကို ကြည့် ၍ မ နေ သင့် သောကြောင့်၊ ဘိုး တော်ဘေးတော်တို့၏မှတ် စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက် စာကို ပေး လိုက်ပါ၏။ 15 ယေရုရှလင်မြို့ သည် ပုန်ကန် တတ်သောမြို့ ၊ ရှင် ဘုရင်အကျိုးနှင့် နိုင်ငံ တော်အကျိုး စီးပွားကို ဖျက်ဆီးတတ်သောမြို့ဖြစ်ဘူး၍၊ ရှေး ကာလ ၌ မြို့ထဲ မှာ ပုန်ကန် သောအကြံကို အစဉ်ပြုစု သောကြောင့်၊ အတိုက် အဖျက်ခံရပါသည် အကြောင်းအရာများကို ထို မှတ် စာ၌ တွေ့ ၍ သိ တော်မူပါလိမ့်မည်။ 16 ထို မြို့ ကိုတည် ပြန်၍ မြို့ရိုး ကို လက်စသတ် လျှင် ၊ ကိုယ်တော်သည် မြစ် အနောက် ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော် တို့ လျှောက် ထားပါသည်ဟု စာ၌ ပါသတည်း။ 17 ရှင် ဘုရင်သည် စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ မှစ၍၊ ရှမာရိ မြို့၌ နေ သော ထိုသူ တို့၏ အပေါင်း အဘော်များ၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့ ရှိရာ သို့ ပြန်ပေး လိုက်သော စာ ဟူမူကား၊ 18 ဤ မည်သော နေ့ရက် ကာလတွင်၊ ငါရေး၍ သင်တို့ ချမ်းသာ ပါစေ။ ငါ့ ထံ သို့သင်တို့ပေး လိုက်သော စာ ကို ငါ့ ရှေ့ မှာ အနက် ပြန်၍ဘတ် ပြီ။ 19 ငါ မှာ ထားသည် အတိုင်း စစ်ကြော ကြသောအခါ၊ ထို မြို့ သည် ရှေး ကာလ ၌ ရှင် ဘုရင်တို့ကို ပုန်ကန် ကြောင်း၊ မ ကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း၊ 20 ငွေ တော်ကို ခွဲလျက်၊ အခွန် တော်အကောက် တော်ကိုခံလျက်၊ မြစ် အနောက် ဘက် တရှောက်လုံး ကို အစိုးရ ၍ တန်ခိုး ကြီးသော ရှင် ဘုရင်တို့သည် ယေရုရှလင် မြို့၌ နေဘူးကြောင်းများကို သိရ၏။ 21 သို့ဖြစ်၍ ငါသည်အခွင့် မပေးမှီတိုင်အောင် ၊ ထိုသူတို့သည် မြို့ ကို မ တည် ဘဲ နေစေမည် အကြောင်း အမိန့် တော်ကိုဆင့်ဆို ကြလော့။ 22 နိုင်ငံတော် အကျိုး မ ပျက်စီးစေ ခြင်းငှါ သတိ ပြု၍ ဤ အမှုကို စေ့စေ့ကြည့်ရှု ကြလော့ဟု မိန့်တော်မူ၏။ 23 အာတဇေရဇ် မင်းကြီး စာ ကို ရေဟုံ နှင့် မြို့စာရေး ရှိမရှဲ အစရှိသောသူ တို့ အပေါင်း အဘော်ရှေ့မှာ ဘတ် ပြီးလျှင်၊ သူတို့သည် ယေရုရှလင် မြို့၊ ယုဒ လူတို့ရှိရာ သို့ အလျင် အမြန်သွား ၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင် အထက်ဆီးတား ကြ၏။ 24 ထိုသို့ ယေရုရှလင် မြို့၏ ဗိမာန် တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိ ရှင် ဘုရင် ဒါရိ နန်းစံ နှစ် နှစ် တိုင်အောင် လက်စမသတ်ဘဲနေလေ၏။