3
မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။ မိန်းမ ကလည်း ၊ ငါတို့သည် ဥယျာဉ် ရှိ သောအပင် တို့၏ အသီး ကိုစား ရသောအခွင့်ရှိ၏။ ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။ မြွေ ကလည်း သင်တို့သည် ဧကန်အမှန်သေ ရမည်မ ဟုတ်၊ အကြောင်းမူကား ၊ ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ၊ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို၊ ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။ ထို အပင် သည် စားဘွယ် ကောင်း ခြင်း၊ အဆင်း လည်း လှခြင်း၊ ပညာ တိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင် ဖြစ်ခြင်းကို မိန်းမ သည် မြင်လျှင် ၊ အသီး ကို ယူ ၍ စား ၏။ မိမိ ခင်ပွန်း အား လည်း ပေး ၍ သူ သည်လည်း စား ၏။ ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။ နေဧသောအချိန် တွင် ၊ ထိုဥယျာဉ် ၌ ထာဝရ အရှင်ဘုရား သခင်ကြွ တော်မူသောအသံ ကို လုလင်မယားတို့သည် ကြား လျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ် အပင် တို့တွင် ပုန်း ကွယ်လျက် နေကြ၏။ ထာဝရ အရှင် ဘုရား သခင်ကလည်း ၊ သင် သည် အဘယ် မှာရှိသနည်းဟု၊ လူ ကိုခေါ် တော်မူ၏။ 10  လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံ ကို ကျွန်တော်ကြား လျှင်၊ အဝတ် အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်း လျက် နေပါသည်ဟု လျှောက် လေ၏။ 11  ဘုရားသခင်ကလည်း၊ သင် ၌ အဝတ် အချည်းစည်းရှိသည်ကို သင် အား အဘယ်သူ ပြော သနည်း။ မ စား ရဟု ငါပညတ် သော အပင် ၏အသီးကို စား ပြီလောဟု မေး တော်မူ၏။ 12  လူ ကလည်း ကျွန်တော် ၌ အပ်ပေး တော်မူသောမိန်းမ သည် ထိုအပင် ၏အသီးကိုပေး ၍ ကျွန်တော်စား မိပါသည်ဟု လျှောက် လေ၏။ 13  ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်းဟု မိန်းမအားမေး တော်မူလျှင် ၊ မိန်းမ က မြွေ သည် ကျွန်တော်မ ကို လှည့်စား ၍ ၊ ကျွန်တော်မသည်စား မိပါပြီဟု လျှောက် လေ၏။ 14  ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။ 15  သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။ 16  မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။ 17  ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။ 18  ဆူး ပင်အမျိုးမျိုးတို့ကိုလည်း သင် အဖို့ မြေပေါက် စေမည်။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက် တို့ကို သင် စား ရမည်။ 19  သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် ၊ သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား ၊ သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။ 20  ထိုအခါ လူ သည် မိမိ မယား ကို ဧဝ အမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ သူ သည် အသက်ရှင် သော သူအပေါင်း တို့၏ အမိ ဖြစ် သတည်း။ 21  ထာဝရ အရှင် ဘုရား သခင်သည်လည်း လူ လင်မယား တို့ သားရေ ဖြင့် ဝတ်လုံ ကိုလုပ် ၍ ဝတ် ခြုံစေတော်မူ ၏။ 22  ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။ 23  လူ သည် မိမိထွက် သော မြေ ၌ လုပ် ရမည်အကြောင်း ၊ ထာဝရ အရှင်ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ် လိုက်တော်မူ၏။ 24  ထိုသို့ လူ ကို နှင်ထုတ် ပြီးလျှင်၊ အသက် ပင် လမ်း ကို စောင့်ရှောက် စေခြင်းငှါ ၊ မီး စင်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကို ဥယျာဉ် အရှေ့ ဘက်၌ ထား တော်မူ၏။