11
မြေကြီး သားအပေါင်း တို့သည် ဘာသာ တ မျိုးတည်း။ စကား တ မျိုးတည်းရှိ ကြသည်ဖြစ်၍၊ အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။ သူတို့ကလည်း လာ ကြ။ အုတ် လုပ် ၍ ခိုင်မာစွာ ဖုတ် ကြကုန်အံ့ဟု၊ တ ယောက်ကို တယောက် ပြော ကြ၏။ ထိုသို့ ကျောက် အရာ ၌ အုတ် ကို ၎င်း ၊ သရွတ် အရာ ၌ ရေညှိ တမျိုးကို၎င်း ရပြီးလျှင်၊ လာ ကြ၊ မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား မည်ကို စိုးရိမ် ၍၊ မြို့ ကို ၎င်း ၊ မိုဃ်းကောင်းကင် သို့ မှီရသော ရဲတိုက် ကို၎င်း တည် လုပ်သဖြင့် ၊ ကျော်စော ကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။ ထိုသို့ လူ သား တို့တည် လုပ်သော မြို့ နှင့် ရဲတိုက် ကို ကြည့်ရှု ခြင်းငှါ ၊ ထာဝရဘုရား သည် ဆင်းသက် တော်မူ ၏။ ထာဝရဘုရား က ကြည့်ရှု လော့။ လူ တ မျိုးတည်း ၊ စကား တ မျိုးတည်း ရှိသည်ဖြစ်၍၊ သူ တို့သည် ဤ အမှုကို အဦး ပြု ကြ၏။ ယခု ကြံစည် သမျှ တို့ကို အဆီး အတားမ ရှိ၊ သူ တို့ပြု ကြလိမ့်မည်။ လာ ကြ၊ ဆင်းသက် ကြကုန်အံ့။ သူတို့သည် အချင်းချင်း နား မ လည်စေခြင်းငှါ၊ သူ တို့စကား ကို ရှုပ်ထွေး ကြကုန်အံ့ဟု မိန့် တော်မူ၏။ ထိုသို့ ထာဝရဘုရား သည် သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သူတို့သည် မြို့ ကိုမ တည်ပဲ နေကြ၏။ သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရား သည် မြေကြီး သားအပေါင်း တို့၏ စကား ကိုရှုပ် ထွေး၍ ၊ သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား စေတော်မူသောကြောင့် ထို မြို့ သည် ဗာဗုလုန် မြို့ဟူ၍တွင် သတည်း။ 10 ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမ သည် အသက် တ ရာရှိ၍ ၊ ရေ လွှမ်းမိုးသောနောက် နှစ် နှစ်ကြာ သော်၊ သားအာဖာဇဒ် ကို မြင် လေ၏။ 11 အာဖာဇဒ် ဘွားမြင် သောနောက် ၊ ရှေမ သည် အနှစ် ငါး ရာ အသက် ရှင်၍ သား သမီး များကို မြင် လေ၏။ 12 အာဖာဇဒ် သည် အသက် သုံး ဆယ်ငါး နှစ်ရှိ သော်၊ သားရှာလ ကို မြင် လေ၏။ 13 ရှာလ ဘွားမြင် သောနောက် ၊ အာဖာဇဒ် သည် အနှစ် လေး ရာ သုံး နှစ် အသက်ရှင် ၍ ၊ သား သမီး များကို မြင် လေ၏။ 14 ရှာလ သည် အသက် သုံး ဆယ်ရှိ သော်၊ သားဟေဗာ ကို မြင် လေ၏။ 15 ဟေဗာ ဘွားမြင် သောနောက် ၊ ရှာလ သည် အနှစ် လေး ရာ သုံး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။ 16 ဟေဗာ သည် အသက်သုံး ဆယ့်လေး နှစ် ရှိ သော်၊ သားဖာလက် ကို မြင် လေ၏။ 17 ဖာလက် ဘွားမြင် သောနောက် ၊ ဟေဗာ သည် အနှစ် လေး ရာ သုံး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။ 18 ဖာလက် သည် အသက် သုံး ဆယ်ရှိ သော်၊ သားရာဂေါ ကို မြင် လေ၏။ 19 ရာဂေါ ဘွားမြင် သောနောက် ၊ ဖာလက် သည် အနှစ် နှစ် ရာကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို ဘွားမြင် လေ၏။ 20 ရာဂေါ သည် အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ သားစေရောက် ကို မြင် လေ၏။ 21 စေရောက် ဘွားမြင် သောနောက် ၊ ရာဂေါ သည် အနှစ် နှစ် ရာခုနစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။ 22 စေရောက် သည်အသက် သုံး ဆယ်ရှိ သော်၊ သားနာခေါ် ကို မြင် လေ၏။ 23 နာခေါ် ဘွားမြင် သောနောက် ၊ စေရောက် သည် အနှစ် နှစ် ရာအသက် ရှင်၍ သား သမီး များကို မြင် လေ၏။ 24 နာခေါ် သည် အသက် နှစ် ဆယ်ကိုး နှစ်ရှိ သော်၊ သားတေရ ကို မြင် လေ၏။ 25 တေရ ဘွားမြင် သောနောက် ၊ နာခေါ် သည် အနှစ် တ ရာတဆယ် ကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။ 26 တေရ သည် အသက် ခုနစ် ဆယ်ရှိ သော်၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။ 27 တေရ ၏ သားစဉ် မြေးဆက်ဟူမူကား ၊ တေရ သည် အာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။ 28 ခါရန် သည်လည်း လောတ ကိုမြင် လေ၏။ ခါရန် သည်၊ အဘ တေရ မ သေမှီ၊ မိမိ ဘွား ရာအရပ် ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့၌ သေ လေ၏။ 29 အာဗြံ နှင့် နာခေါ် သည် မယား ကို ယူ ၍ ၊ အာဗြံ ၏ မယား ကား၊ စာရဲ အမည် ရှိ၏။ နာခေါ် ၏ မယား ကား၊ ခါရန် ၏သမီး မိလခါ အမည် ရှိ၏။ ခါရန်သည် မိလခါ နှင့် ဣသခ ၏အဘ ဖြစ်သတည်း။ 30 စာရဲ မူကား မြုံ သော မိန်းမဖြစ် ၍ သားသမီး မ ရှိ။ 31 တေရ သည်သား အာဗြံ ကို၎င်း ၊ ခါရန် ၏သား ဖြစ်သောမြေး လောတ ကို၎င်း ၊ သားအာဗြံ ၏မယား ဖြစ် သော မိမိ ချွေးမ စာရဲ ကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန် ပြည် သို့ သွား ခြင်းငှါ ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ ထွက် သဖြင့်၊ ခါရန် မြို့သို့ ရောက် ၍ နေ ကြ၏။ 32 တေရ သည် အသက် နှစ် ပေါင်းနှစ် ရာငါး နှစ် ရှိ သော်၊ ခါရန် မြို့၌ သေ လေ၏။