3
ထိုသို့ဖြစ်လျှင် ၊ ကောင်းကင် ဘုံနှင့်စပ်ဆိုင် သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်း သော ညီအစ်ကို တို့၊ ငါ တို့ဝန်ခံ သောတမန်တော် နှင့် ယဇ်ပုရောဟိတ် မင်းတည်းဟူသောယေရှု ၏ အကြောင်းကို စေ့စေ့ဆင်ခြင် ကြလော့ မောရှေ သည် ဘုရားသခင် ၏ အိမ် တော်တစ် အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိ ကိုခန့်ထား တော်မူသောသူ ၏ အမှုတော်၌ သစ္စာစောင့် တော်မူ၏ အိမ် ကိုဆောက် သောသူ သည် အိမ် ထက် သာ၍ကြီးသောအသရေ ရှိ သကဲ့သို့ ၊ ယေရှု သည် မောရှေ ထက် သာ၍ ကြီးသော အသရေ ကိုခံထိုက် သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်း ရှိ၏ အိမ် မည်သည်ကား၊ တစ်စုံတစ်ယောက် သောသူ ဆောက် သောကြောင့် ဖြစ်၏။ အလုံးစုံ တို့ကို တည်ဆောက် သောသူ ကား ၊ ဘုရားသခင် ပေတည်း မောရှေ သည်၊ နောက်ဟောပြော လတံ့သော အရာ တို့ကို သက်သေခံ ခြင်းအလိုငှာ ၊ အစေခံ ကဲ့သို့ အိမ် တော်တစ်အိမ်လုံး ၌ သစ္စာစောင့် ၏ ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း ထိုကြောင့် ၊ သန့်ရှင်း သောဝိညာဉ် တော် မိန့် တော်မူသည်ကား၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ် တော်အသံ ကို ကြား လျက်ရှိသည် ဖြစ်၍၊ ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။ သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍ ၊ ငါ ၏အမှု တို့ကို မြင် ရသော တော တွင် ငါ့ကိုဆန့်ကျင်ဘက် ပြု၍ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့် 10 ထို လူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူတို့သည် အစဉ် စိတ် သဘော မှားယွင်း တတ်ကြ၏။ ငါ ၏ အလေ့အလာ တို့ကို နား မ လည်ကြဟု ငါဆို ရ၏ 11 ထိုကြောင့်၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါကျိန်ဆို သည်ဟု မိန့်တော်မူချက်ရှိသည်နှင့်အညီ 12 ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့ 13 ဒုစရိုက် ၏ လှည့်ဖြား ခြင်းအားဖြင့်သင် တို့ စိတ်နှလုံးမ ခိုင်မာ စေခြင်းငှာ ၊ ယနေ့ ဟူ၍ခေါ်ဝေါ် သော အချိန်၊ နေ့ တိုင်း အစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်း နှိုးဆော်ကြလော့ 14 ငါတို့သည် စိတ်စွဲလမ်း ခြင်းကို အစ ပြုသကဲ့သို့အဆုံး တိုင်အောင် တည်ကြည် လျှင် ၊ ခရစ်တော် နှင့် ဆက်ဆံ သောသူ ဖြစ်ကြ၏ 15 ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက် ရှိသည်ဖြစ်၍ ၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ ရှိသကဲ့သို့ ၊ ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ 16 ကြား ပြီးမှဆန့်ကျင်ဘက် ပြုသော သူတို့ကား၊ အဘယ်သူ နည်း၊ မောရှေ နောက်သို့လိုက်၍ အဲဂုတ္တု ပြည်မှ ထွက်လာ သော သူ အပေါင်း တို့သည် ထိုသို့ပြုကြသည် မ ဟုတ်လော 17 အနှစ် လေးဆယ် ပတ်လုံးနှစ်သက် တော်မမူသော သူတို့ကား၊ အဘယ်သူ နည်း။ ဒုစရိုက် အပြစ်ကို ပြုသောကြောင့် တော ၌ လဲ ၍ သေ သောသူ ပင် မ ဟုတ်လော 18 သင်တို့သည် ငါ၏ချမ်းသာ ထဲသို့ မ ဝင် ရကြဟု ကျိန်ဆို တော်မူသော သူ တို့ကား၊ မယုံကြည် သော သူ မှတစ်ပါး အဘယ်သူနည်း 19 သို့ဖြစ်၍ ၊ သူတို့သည် မယုံကြည် သောကြောင့် သာ မ ဝင် နိုင် သည်ကို ငါတို့သိမြင် ကြ၏။