2
ထာဝရဘုရား ၏ တမန် တော်သည်၊ ဂိလဂါလ မြို့မှ ဗောခိမ် မြို့သို့ လာ ၍ ၊ သင် တို့ဘိုးဘေး တို့အား ငါကျိန်ဆို သော ပြည် သို့ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါဆောင် ခဲ့ပြီ။ သင် တို့နှင့် ငါ ဖွဲ့သော ပဋိညာဉ် ကို ငါမ ဖျက် အစဉ်အမြဲ စောင့် မည်။ သင် တို့သည် ဤ ပြည် သားတို့နှင့် မိဿဟာယ မ ဖွဲ့ ရ။ သူ တို့ ယဇ်ပလ္လင် တို့ကို လှဲ ချရမည်ဟု ငါဆိုသော်လည်း ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ တဖန် ငါဆို သည်ကား၊ ဤပြည်သားတို့ကို သင် တို့ရှေ့ မှ ငါမ နှင်ထုတ်။ သူတို့သည် သင် တို့တစ်ဘက် ၌ မုဆိုးလုပ် လျက်၊ သူ တို့ဘုရား တို့သည်လည်း သင် တို့၌ ကျော့ကွင်း ဖြစ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။ ထာဝရဘုရား ၏ တမန် တော်သည် ဣသရေလ အမျိုးသားအပေါင်း တို့အား ဤ သို့မိန့် တော်မူသောအခါ ၊ လူ များတို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။ ထို အရပ် ကို ဗောခိမ် အမည် ဖြင့် မှည့် ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြ၏။ အထက်က ယောရှု သည် လူ များတို့ကို လွှတ် လိုက်သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် အသီးအသီး မိမိ တို့အမွေခံ ရာမြေ ကို သိမ်းယူ ခြင်းငှါ သွား ကြ၏။ ယောရှု လက်ထက် ကာလပတ်လုံး ၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု ကြီး အလုံးစုံ တို့ကို သိမြင် ၍၊ ယောရှု မရှိသောနောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရား ၏ကျွန် ၊ နုန် ၏သား ယောရှု သည် အသက်တရာ တဆယ် ရှိသော်အနိစ္စရောက် လေ၏။ ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေခံ ရာ တိမန မြေ ၌ သင်္ဂြိုဟ် ကြ၏။ 10  ယောရှုလက်ထက်ကာလ၌ ဖြစ်သောသူအပေါင်း တို့သည်လည်း ၊ ဘိုးဘေး တို့ စုဝေး ရာသို့ ရောက်ကြ ၏။ ထာဝရဘုရား ကို၎င်း၊ ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု တို့ကို၎င်း မ သိ သော နောင် ကာလ အမျိုးသားတို့သည် ပေါ် လာကြ၏။ 11  ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။ 12  အဲဂုတ္တု ပြည် မှ သူ တို့ကို ဆောင် ခဲ့တော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ၊ ပတ်ဝန်းကျင် ၌ရှိသောလူမျိုး တို့၏ ဘုရား တပါး တို့နောက် သို့ လိုက် လျက် ဦးညွှတ် သဖြင့် ထာဝရဘုရား အမျက် တော်ကို ထွက်စေကြ၏။ 13  ထာဝရဘုရား ကို စွန့် ၍ ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ဝတ်ပြု ကြသောကြောင့်၊ 14  ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ လုယူ သောသူတို့ လက် သို့ အပ် ၍ ၊ ပတ်ဝန်းကျင် သော ရန်သူ တို့၌ ရောင်း တော်မူသဖြင့်၊ ရန်သူ တို့ ရှေ့ မှာ သူတို့သည် တဖန် မ ရပ် နိုင် ကြ။ 15  သူတို့သည် ထွက် သွားလေရာရာ၌ ထာဝရဘုရား မိန့် မြွက်ကျိန်ဆို တော်မူသည်အတိုင်း ၊ လက် တော် အဆီးအတားနှင့် တွေ့၍ အလွန် ဆင်းရဲခြင်းသို့ ရောက်ကြ၏။ 16  သို့ရာတွင် လုယူ သောသူတို့ လက် မှ ကယ်လွှတ် သော တရားသူကြီး တို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။ 17  ထိုတရားသူကြီး တို့ စကားကိုလည်း သူတို့သည် နား မ ထောင်၊ အခြား တပါးသော ဘုရား တို့နှင့် မှားယွင်း ၍ ဦးညွှတ် ကြ၏။ ဘိုးဘေး တို့သည် ထာဝရ ဘုရား၏ ပညတ် တော်တို့ကို ကျင့် ၍ လိုက် သော လမ်း မှ သူတို့သည် အလျင်အမြန် လွဲ သွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မ ကျင့် ကြ။ 18  ထာဝရဘုရား သည် တရားသူကြီး ကို ပေါ်ထွန်း စေသောအခါ သူ နှင့်အတူ ရှိ ၍ ၊ သူ့ လက်ထက် ပတ်လုံး ဣသရေလ လူတို့ကို ရန်သူ ၏လက် မှ ကယ်လွှတ် တော်မူ၏။ အကြောင်းမူကား ၊ သူတို့သည် နှောင့်ရှက် ညှဉ်းဆဲ ခြင်းကို ခံရ၍ မြည်တမ်း ကြသောအခါ ထာဝရဘုရား သည် နောင်တရ တော်မူ၏။ 19  တရားသူကြီး သေ သောနောက်၊ သူတို့သည် တဖန် ဘိုးဘေး ထက် သာ၍ဆိုး သဖြင့်၊ အခြား တပါးသော ဘုရား တို့နောက် သို့ လိုက် လျက် ဝတ်ပြု ၍ ဦးညွှတ် ကြ၏။ မိမိ တို့ အကျင့် ဓလေ့နှင့် ကြမ်းတမ်း သော လမ်း ကို မ စွန့် မပယ်ကြ။ 20  ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ ဤ လူ တို့သည် ငါ့ စကား ကို နား မ ထောင်။ သူ တို့ ဘိုးဘေး တို့နှင့် ငါဖွဲ့ သော ပဋိညာဉ် ကို ဖျက် သောကြောင့်၊ 21  ယောရှု သေ သောနောက် ကျန် ကြွင်းရစ်သော လူမျိုး တစုံတမျိုးကို သူ တို့ရှေ့ မှ နောက်တဖန် ငါ မ နှင်ထုတ်။ 22  သူ တို့ ဘိုးဘေး တို့သည် ထာဝရဘုရား ၏လမ်း တော်သို့ လိုက် ခြင်းငှါစောင့်ရှောက် သကဲ့သို့ သူတို့သည် စောင့်ရှောက် မည်လော၊ မ စောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့်ဣသရေလ အမျိုးကို ငါစုံစမ်း မည်ဟု မိန့် တော်မူသည်နှင့်အညီ၊ 23  ထို လူမျိုး ကို ယောရှု လက် ၌ မ အပ် အလျင်အမြန် မ နှင်ထုတ် ဘဲ နေ တော်မူ၏။