22
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် သို့သွား ၍ ဆင့် ဆိုရမည်မှာ၊ ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ယုဒ ရှင်ဘုရင် ၊ သင့် ကိုယ်တိုင်မှစ၍ သင် ၏ကျွန် များနှင့် ၊ ဤ မြို့တံခါး တို့ဖြင့် ဝင် သောသင် ၏လူ များတို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ၌ မ ကွပ်မျက် ကြနှင့်။ အကြောင်း မူကား၊ သင်တို့သည် ဤ ပညတ် တော် အတိုင်း အမှန်ပြု လျှင် ၊ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင် ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သား များနှင့်တကွ၊ ဤ နန်းတော် တံခါး များ ကို ထွက်ဝင် ရကြလိမ့်မည်။ သို့မဟုတ် ၊ သင်တို့သည် ဤ အမိန့် တော်ကို နား မ ထောင်ဘဲနေလျှင် ၊ ဤ နန်းတော် သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား သည် ကိုယ် ကို ကိုယ်တိုင်တည် ၍ မိန့် တော်မူ၏။ ယုဒ ရှင်ဘုရင် ၏ နန်းတော် ကို ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည်ငါ ၌ ဂိလဒ် အရပ်ကဲ့သို့၎င်း ၊ လေဗနုန် တောင်ထိပ် ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ်ငါသည်သင့်ကို လူမ နေ သောမြို့ ကဲ့သို့တော ဖြစ် စေမည်။ သင့် ကို ဖျက်ဆီးစေခြင်းငှါ၊ ထား နှင့်ပုဆိန်ပါ သောသူ တို့ ကို ငါပြင်ဆင် သဖြင့် ၊ သူတို့သည် သင် ၌ အမြတ် ဆုံးသော အာရဇ ပင်တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက် ကြလိမ့်မည်။ လူ အမျိုးမျိုး တို့သည် ဤ မြို့ အနားမှာ ရှောက် သွား လျက် ၊ ထာဝရဘုရား သည် ဤ မြို့ ကြီး ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု၊ တယောက် ကို တယောက်မေး ကြသည်ရှိသော် ၊ ဤ မြို့သားတို့သည် မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် ကို စွန့်ပစ် ၍ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြော ကြလိမ့်မည်။ 10 သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။ 11 ခမည်းတော် ယောရှိ မင်းကြီးအရာ ၌စိုးစံ ၍ ဤ ပြည် မှ ထွက် သွားသော ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏ သား ရှလ္လုံ ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ထိုမင်းသည် နောက် တဖန်ဤပြည်သို့ ပြန်၍မ လာ ရ။ 12 ရန်သူတို့ သိမ်း သွားရာပြည် ၌ ပင် သေ ရလိမ့်မည်။ ဤ ပြည် ကို နောက် တဖန်မ မြင် ရ။ 13 မ တရား သော အမှုအားဖြင့် မိမိ အိမ် ကို၎င်း ၊ အဓမ္မ ပြု၍ အထက် ခန်းတို့ကို၎င်းဆောက် သောသူ၊ အိမ်နီးချင်း ကိုအခ မ ပေးဘဲ စေစား ၍၊ အလုပ်လုပ်သည် အတွက် ဆုမချ သော သူသည် အမင်္ဂလာ ရှိ၏။ 14 ကြီး သောအိမ် ၊ ကျယ် သောအထက် ခန်းတို့ကို ငါဆောက် မည်ဟု ဆို လျက် ၊ ပြတင်းပေါက် ကို ဖေါက် ၍ ၊ အာရဇ် သစ်သားနှင့် မိုး ပြီးမှ ၊ ဟင်းသပြတား နှင့် ချယ်လှယ် ပြီတကား။ 15 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် အာရဇ် သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင် ၏ အဘ သည်ဝစွာ စား သောက် ရသည် မ ဟုတ်လော။ တရား သဖြင့် စီရင် ဆုံးဖြတ်သည်မဟုတ် လော။ ထို သို့ပြု၍ ကောင်းစား ခြင်းရှိ၏။ 16 သူသည် ဆင်းရဲ ငတ်မွတ် သောသူတို့ အမှု ကို စောင့် ၍ တရား သဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ ကိုသိ သော အကျိုးမ ဟုတ်လော။ 17 သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။ 18 ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏သား ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့ အစ်ကို ၊ ဩ ငါ့နှမ ဟူ၍မ ငိုကြွေး ရကြ။ သူ ၏ အတွက် လည်း၊ ဩ သခင် ၊ ဩ အရှင်မ၏ ဘုန်း ဟူ၍မ မြည်တမ်း ရကြ။ 19 ယေရုရှလင် မြို့ပြင် သို့ ဆွဲသွား ၍ ပစ် ထားသဖြင့်၊ မြည်း ကို သင်္ဂြိုဟ် သကဲ့သို့ထိုမင်းကို သင်္ဂြိုဟ် ရလိမ့်မည်။ 20 လေဗနုန် တောင်ပေါ်သို့ တက် ၍ ကြွေးကြော် လော့။ ဗာရှန် ပြည်၌ အော်ဟစ် လော့။ အာဗရိမ် အရပ်မှာ အသံ ကိုလွှင့်လော့။ အကြောင်း မူကား၊ သင် ၏မိတ်ဆွေ အပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။ 21 သင် သည် ကောင်းစား သောအခါ ငါသတိပေး ၏။ သင်က၊ ငါနား မ ထောင်ဟု ပြန်ပြော ၏။ ငယ် သောအရွယ်မှစ၍ ငါ့ စကား ကို နား မ ထောင်ဘဲ နေမြဲရှိ၏။ 22 သင့် ကို ကျွေးမွေး သော သူအပေါင်း တို့ကို လေ သည် စား လိမ့်မည်။ သင် ၏မိတ်ဆွေ တို့ကို ရန်သူတို့ သည် သိမ်း သွား ကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ် ပြု သမျှ သောဒုစရိုက် တို့ကြောင့် အမှန် ရှက်ကြောက် ၍ စိတ်ပျက် ခြင်း ရှိလိမ့်မည်။ 23 အာရဇ် ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန် တောင်သား ၊ သားဘွား ခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့ ၊ သင် သည်နာကျင် ခြင်းဝေဒနာ ကိုခံရ သောအခါ ၊ အဘယ် မျှလောက်သနား ဘွယ်ဖြစ်လိမ့်မည်တကား။ 24 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ် မင်းကြီး၏သား ခေါနိ သည်၊ ငါ့ လက်ျာ လက် ၌ ပါသောတံဆိပ် လက်စွပ်မှန် သော်လည်း ၊ ငါ အသက် ရှင်သည်အတိုင်း သင့် ကို ငါပယ် ပစ်မည်။ 25 သင့် အသက် ကိုသတ် ချင်သောသူ၊ သင် အလွန် ကြောက် သော သူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းမှစ၍ ခါလဒဲ လူတို့ လက် သို့ ငါအပ် မည်။ 26 သင့် ကို၎င်း ၊ သင့် ကိုဘွား မြင်သော သင် ၏အမိ ကို၎င်း ၊ မွေးဘွား ရာ ဌာနမ ဟုတ်သော ပြည်သို့ ငါနှင်ထုတ် သဖြင့် ၊ ထို ပြည်၌ သင်တို့သည် သေ ကြ လိမ့်မည်။ 27 ပြန် လို သောပြည် သို့ နောက်တဖန်ပြန် ၍ မ လာရကြ။ 28 ဤ မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မ သိ ဘူးသောပြည် ၌ အဘယ်ကြောင့် ချ ပစ်ရသနည်း။ 29 အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် လော့။ 30 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မင်း ကို သား မရှိသောသူ ဟူ၍၎င်း ၊ တသက် လုံးမ ကောင်းစား သောသူဟူ၍၎င်း ရေး မှတ်လော့။ သူ ၏သား မြေးတစုံ တယောက်မျှ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် ရ သောအခွင့်နှင့်၊ ယုဒ ပြည်ကို စိုးစံ ရသောအခွင့်မရှိရ။