39
သင်သည် တောဆိတ် မွေး ရသောကာလ ကို သိ သလော။ သမင် ဒရယ်မ သားဘွား ခြင်းဝေဒနာခံရသောအချိန်ကို မှတ် နိုင်သလော။ ကိုယ်ဝန်ဆောင်ရသောနေ့လ တို့ကို ရေတွက် ၍၊ ဘွား ရသောအချိန် ကာလကို သိ သလော။ သူတို့သည် ကျောကိုင်း ၍သား ငယ်ကို မွေးဘွား သဖြင့် ဝေဒနာ ငြိမ်း ကြ၏။ သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။ တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။ တော ကို သူ့ အိမ် ဘို့၎င်း ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။ မြို့ ၌ ဖြစ်သောလူတို့၏ အသံ ဗလံကို သူသည် မထီမဲ့မြင် ပြုတတ်၏။ နှင် သောသူအော်ဟစ် နှိုးဆော်သံကို မ မှတ် တတ်။ တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်း သော အပင် အမျိုးမျိုး ကို ရှာ တတ်၏။ ကြံ့ သည် သင်၏အမှု ကိုဆောင်ရွက်၍၊ သင် ၏ တင်းကုပ် ၌ နေ ခြင်းငှါအလိုရှိ လိမ့်မည်လော။ 10 ကြံ့ ကိုထွန် ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုး နှင့် ချည် နိုင်သလော။ သို့မဟုတ် သင့် နောက် သို့ လိုက်၍ချိုင့် ၌ လယ်ထွန် လိမ့်မည်လော။ 11 ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။ 12 သင် ၏စပါး ကို ဆောင် ခဲ့၍ စပါးကျီ ၌ စုသိမ်း လိမ့်မည်ဟု ယုံ သလော။ 13 ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။ 14 သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေး စေတတ်၏။ 15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။ 16 သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။ 17 အကြောင်း မူကား၊ ဘုရား သခင်သည် ပညာ မဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။ 18 သို့သော်လည်းကိုယ်ကို ချီကြွ သောအခါ ၊ မြင်း နှင့် မြင်းစီး သော သူကို ပင် ရယ် တတ်၏။ 19 သင်သည် မြင်း ကို ခွန်အား နှင့် ပြည့်စုံ စေသလော။ သူ ၏လည်ပင်း ၌ မိုဃ်းကြိုး လက္ခဏာကို သွင်း သလော။ 20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။ 21 လွင်ပြင် ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွား လျက်၊ သူရဲ များကို တွေ့ အံ့သောငှါ သွား တတ်၏။ 22 ကြောက် စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက်လန့် သောသဘောနှင့်ကင်းလွတ် သဖြင့် ၊ ထား ဘေးကို မ ရှောင် တတ်။ 23 သူ့ တစ်ဘက် ၌ မြှား တောင့်လှုပ်သံမြည် ၍၊ လှံ နှင့် ဒိုင်း လွှားသည် ပြောင်လက် လျက်ရှိ၏။ 24 မာနကြီး၍ပြင်းထန် သောစိတ် နှင့် မြေ ကို မျို တတ်၏။ တံပိုး သံ ကို ကြားသောအခါ ၊ ငြိမ်ဝပ် စွာ မ နေနိုင်။ 25 တံပိုး များ အလယ်သို့ရောက်၍ အေ့ဟေ ၊ အေ့ဟေဟုဆို တတ်၏။ ဗိုလ်ခြေ အော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲ ကို အဝေး က အနံ့ခံ တတ်၏။ 26 သင် ပေးသော ဉာဏ် အားဖြင့် သိမ်းငှက် သည် အတောင် ကို ဖြန့် ၍ တောင် မျက်နှာသို့ ပျံ သွားတတ် သလော ။ 27 သင် စီရင် သောကြောင့် ရွှေလင်းတ သည် အထက် သို့တက်၍ ၊ မြင့် သောအရပ်၌ အသိုက် ကို လုပ်တတ်သလော။ 28 သူသည် ကျောက် ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက် ငူ ပေါ် မှာ နေရာ ကျတတ်၏။ 29 ထို အရပ်က ကြည့် ၍ ကိုက်စားစရာ အကောင်ကို အဝေး က ပင် မြင် တတ်၏။ 30 သူ ၏သား ငယ်တို့သည် အသွေး ကို သောက် တတ်၏။ အသေကောင် ရှိ ရာအရပ်၌ ထို ငှက်ရှိသည်ဟု မိန့်တော်မူ၏။