42
 1 ယောဘ သည်ထာဝရဘုရား အား ပြန် လျှောက်သည်ကား၊   2 ကိုယ်တော်သည် အလုံးစုံ  တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်း ၊ အကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။   3 ပညာ မ ရှိဘဲ အကြံအစည် တော်ကိုမိုက် စေသော သူကားအဘယ်သူ နည်း။ သို့ရာတွင် အကျွန်ုပ်သည် နား  မ လည်သောအရာတို့ကို၎င်း ၊ ကိုယ်တိုင်မ သိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို၎င်းပြော မိပါပြီ။   4 နားထောင် တော်မူပါ။ အကျွန်ုပ် လျှောက် ပါမည်။ အကျွန်ုပ်မေးလျှောက် သော အရာတို့ကို သွန်သင် တော်မူပါ။   5 သိတင်း တော်ကို အကျွန်ုပ်သည် နား  နှင့် ကြား ဘူး ပါပြီ။ ယခု  မူကား ၊ ကိုယ်တော် ကို မျက်စိ နှင့်မြင် ရပါ၏။   6 ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။   7 ထိုသို့ ထာဝရဘုရား သည် ယောဘ  အား  မိန့် တော်မူပြီးမှ ၊ တေမန် အမျိုးသားဧလိဖတ် အား လည်း သင် နှင့် သင် ၏ အဆွေ ခင်ပွန်းနှစ် ယောက် ကို  ငါ အမျက်  ထွက် ၏။ အကြောင်း မူကား၊ ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်း အရာတို့ကို ဟုတ်မှန် စွာ ပြောသကဲ့သို့သင်တို့သည် မ  ပြော။   8 သို့ဖြစ်၍ နွားထီး ခုနစ် ကောင်နှင့်  သိုးထီး ခုနစ်  ကောင်တို့ကိုယူ  ပြီးလျှင် ၊ ငါ့ ကျွန် ယောဘ  ထံသို့ သွား ၍ ၊ မိမိတို့အဘို့မီးရှို့ ရာယဇ်ကို ပူဇော် ကြလော့။ ငါ့ ကျွန် ယောဘ သည် သင် တို့အဘို့  ဆုတောင်း ရမည်။ သူ  ၏မျက်နှာ ကို ငါထောက် မည်။ သို့မဟုတ်ငါ့ ကျွန် ယောဘ သည် ငါ့  အကြောင်းအရာတို့ကို ဟုတ်မှန် စွာပြောသကဲ့သို့၊ သင်တို့သည် မ  ပြော သောအပြစ် နှင့်  အလျောက်ငါစီရင် မည်ဟု မိန့် တော်မူ၏။   9 ထိုသို့ ထာဝရဘုရား မှာ ထား တော်မူသည် အတိုင်း  တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖာ တို့သည် သွား ၍  ပြု ကြ၏။ ထာဝရဘုရား  သည်လည်း  ယောဘ ၏မျက်နှာ ကိုထောက်  တော်မူ၏။   10 ယောဘသည် အဆွေ ခင်ပွန်းတို့အဘို့  ဆုတောင်း ပြီးမှ ၊ သူခံရ သောဒုက္ခအကြောင်းကို ထာဝရဘုရား  သည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ် ဆသောဥစ္စာကို ပေး  တော်မူ၏။   11 ထိုအခါ  သူ ၏ညီအစ်ကို နှမ များ၊ အရင်သိကျွမ်း  သောသူများအပေါင်း တို့သည် သူ့  ထံသို့ လာ ၍  သူ ၏ အိမ် ၌  သူ နှင့်အတူ စားသောက် ကြ၏။ သူအပေါ် မှာ ထာဝရဘုရား  ရောက် စေတော်မူသော ဒုက္ခဆင်းရဲ ရှိသမျှ ကို အောက်မေ့၍ သူ  နှင့်အတူညည်းတွား ခြင်းနှင့်  နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း ၊ ငွေ  တပြား စီ နှင့်  ရွှေ နားတောင်း တဘက် စီ ပေး ကြ၏။   12 ထိုသို့ ထာဝရဘုရား သည် ယောဘ  ၏ ရှေ့ဖြစ်ဟန် ကို ကောင်းကြီးပေးတော်မူသည်ထက် ၊ နောက်ဖြစ်ဟန် ကိုသာ၍ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် သိုး  တသောင်း လေးထောင်၊ ကုလားအုပ် ခြောက် ထောင် ၊ နွားယှဉ် တထောင် ၊ မြည်းမ တထောင် ကို ရ  တတ်၏။   13 သား ခုနစ် ယောက်နှင့်  သမီး သုံး ယောက်ကိုလည်း  ရ ပြန်၏။   14 သမီးကြီး ကား၊ ယေမိမ  ၊ သမီးလပ် ကား ကေဇိ  ၊ သမီးငယ် ကား ကေရင်္ဟပ္ပုတ် အမည် ရှိသတည်း။   15 တပြည်လုံး ၌ ယောဘ ၏ သမီး  ကဲ့သို့ လှ သောမိန်းမ တစုံတယောက်မျှမ ရှိ။ သူ တို့၏အဘ သည်သူ တို့ မောင် များနှင့်အညီအမျှ သူ  တို့အား အမွေ ဥစ္စာကို ဝေပေး  လေ၏။   16 ထိုနောက် ယောဘ သည် အနှစ် တရာ လေးဆယ် အသက် ရှင်၍  မိမိ သား ၊ မြေး ၊ မြစ်တို့ကိုပင် မြင် ရပြီးမှ၊   17 အသက် ကြီးရင့်၍  နေ့ရက် ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ  ရောက်လေ၏။