4
ယောန သည် အလွန် စိတ်ညစ် ၍ အမျက်ထွက် သဖြင့် ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ် သည် ကိုယ် ပြည် ၌ ရှိ စဉ် ၊ ဤသို့ ပြော ပါပြီ မ ဟုတ် လော။ ထိုကြောင့် ၊ ကိုယ်တော်ထံမှ တာရှု မြို့သို့ ကြိုးစား၍ ပြေး ပါ၏။ ကိုယ်တော် သည် သနား စုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည် သောသဘော၊ ကျေးဇူး ပြုချင်သော သဘော၊ အပြစ်ဒဏ် ပေးမည့်အမှုကို နောင်တရ တတ်သော သဘောရှိတော်မူကြောင်း ကို အကျွန်ုပ် သိ ပါ၏။ သို့ဖြစ်၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို နှုတ်ယူ တော်မူပါ။ အကျွန်ုပ် အသက် ရှင်ခြင်းထက် သေ ခြင်း သည် သာ၍ကောင်း ပါသည်ဟု တောင်း လျှောက်လေ ၏။ ထာဝရဘုရား ကလည်း ၊ သင် သည် အမျက် ထွက် ကောင်း သလောဟုမေး တော်မူ၏။ ယောန သည် မြို့ ၌ အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ၊ မြို့ ပြင်သို့ထွက် ၍ မြို့ အရှေ့ မျက်နှာ၌ တဲ မိုးကို လုပ် ပြီးလျှင် ၊ အမိုးအရိပ် တွင် ထိုင် ၍နေ၏။ အရှင် ထာဝရဘုရား သည်လည်း ကြက်ဆူ ပင်ကို ပြင်ဆင် ပြီးလျှင် ၊ ယောန၏စိတ်ကို ပြေ စေခြင်းငှါ သူ့ ခေါင်း ပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင် ကြောင့် ယောန သည် အလွန် အားရဝမ်းမြောက် ၏။ နက်ဖြန် မိုဃ်းလင်း သောအခါ ဘုရား သခင်ခန့် ထား တော်မူသောပိုး ကောင်သည် ကြက်ဆူ ပင်ကို ကိုက် ၍ ညှိုးနွမ်း စေ၏။ နေ ထွက် သောအခါ ဘုရား သခင်သည် အလွန် ပူ သောအရှေ့ လေ ကို ပြင်ဆင် တော်မူ၍ ၊ ယောန ၏ ခေါင်း ကို နေ ထိခိုက် သဖြင့် သူသည် မော ၍ သေ ချင်သော စိတ် ရှိ လျက် ၊ ငါ့ အသက်သေ ခြင်းသည် ရှင် ခြင်းထက် သာ၍ကောင်း သည်ဟု မြည်တမ်း လေ၏။ ဘုရား သခင်ကလည်း ၊ သင်သည် ကြက်ဆူ ပင် အတွက် အမျက် ထွက်ကောင်း သလောဟုမေး တော်မူလျှင် ၊ ယောနက၊ အကျွန်ုပ် သည် အသက်သေ သည် တိုင်အောင် အမျက် ထွက်ကောင်း ပါသည်ဟု လျှောက် ဆို၏။ 10  ထာဝရဘုရား ကလည်း ၊ သင် သည် ပင်ပန်းစွာ မ လုပ် ၊ ကြီးပွား စေခြင်းငှါလည်း မ ပြုစု၊ တညဉ့် ခြင်းတွင် ပေါက် ၍ တညဉ့် ခြင်းတွင် သေ သော ကြက်ဆူ ပင်ကို နှမြော သည်တကား။ 11  ငါ သည် များစွာ သော တိရစ္ဆာန် တို့ကိုမဆို၊ ကိုယ် လက်ျာ လက်နှင့် လက်ဝဲ လက်ကိုမျှ ပိုင်းခြား၍ မ သိ သော သူ တသိန်း နှစ်သောင်းမက ၊ လူ များ သော နိနေဝေ မြို့ ကြီး ကို ငါနှမြော သင့်သည်မ ဟုတ်လောဟု မိန့် တော်မူ ၏။