4
 1 မီးဖို ၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက် လိမ့်မည်။ မာန  ကြီးသောသူနှင့်  ဒုစရိုက် ကိုပြု သော သူအပေါင်း တို့သည် အမှိုက် ခြောက် ဖြစ် ကြလိမ့်မည်။ သူ  တို့အရင်း အဖျား မျှ မ  ကျန် ကြွင်းစေခြင်းငှါထိုနေ့ ရက်သည် လောင် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့် တော်မူ၏။   2 ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌  ကား၊ တရား  တော်နေ မင်းသည် အနာ  ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍  တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။   3 မ တရားသောသူတို့ ကိုလည်း  နင်း ကြလိမ့်မည်။ ထိုသို့ငါ စီရင် သော  နေ့ ရက်၌  သူတို့သည် သင် တို့ခြေ ဘဝါး  အောက် ၌ မြေမှုန့် ကဲ့သို့ဖြစ် ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့် တော်မူ၏။   4 ဣသရေလ အမျိုးသားအပေါင်း တို့အဘို့  ဟောရပ် အရပ်၌  ငါမှာ ထားသော ၊ ငါ့ ကျွန် မောရှေ ၏ တရား  တည်းဟူသောစီရင် ထုံးဖွဲ့ တော်မူချက်တို့ကို အောက်မေ့ ကြလော့။   5 ကြည့်ရှု လော့။ ထာဝရဘုရား  ၏ ကြောက်မက် ဘွယ်သော နေ့  ရက်ကြီး  မ ရောက် မှီ၊ ပရောဖက် ဧလိယ ကို သင် တို့ရှိရာသို့  ငါ စေလွှတ် မည်။   6 ငါသည် လာ  ၍  သင်တို့၏ပြည် ကို ကျိန် ခြင်းဘေး နှင့် ဒဏ် မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သား  တို့နှင့် အဘ တို့ကို၎င်း၊ အဘ  တို့နှင့် သား တို့ကို၎င်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။