9
 1 ထိုအခါ  ကိုယ်တော်သည် လှေ စီး ၍  ကူး ပြန်သဖြင့်၊ မိမိ  မြို့ သို့  ရောက် တော်မူ၏။   2 လက်ခြေသေ ၍  အိပ်ရာ ပေါ်မှာ တုံးလုံး နေသော သူတစ်ယောက်ကို အထံ  တော်သို့ဆောင်ခဲ့ ကြ၏။ ယေရှု သည်ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင်  လက်ခြေသေ သောသူ အား၊ ငါ့သား မ စိုးရိမ်နှင့်။ သင် ၏အပြစ်  ကို လွတ် စေပြီ ဟုမိန့် တော်မူ၏။   3 ကျမ်းပြု ဆရာအချို့ တို့က၊ ဤသူ  သည်ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင် ကြ၏။   4 ယေရှု သည် ထိုသူ  တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ်  ရှိ ကြသနည်း။   5 အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကို လွတ် စေပြီဟု ပြောလွယ်သလော။ သင်ထ ၍  လှမ်းသွား လော့ဟု ပြော လွယ်သလော။   6 လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့  သွား လော့ ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။   7 ထိုသူသည်လည်း ထ  ၍  မိမိ အိမ် သို့  သွား လေ၏။   8 လူ အစုအဝေးတို့သည်မြင် လျှင်  အံ့ဩ ခြင်းရှိ၍ ၊ လူ  တို့အား ဤသို့သော  အခွင့် ကို အပ်ပေး တော်မူသော ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။   9 ယေရှု သည် ထို  အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ  အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌  ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း  ထ ၍ နောက် တော်သို့ လိုက်လေ၏။   10 ထိုနောက်မှ အိမ် တွင်  စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့်  ဆိုး သောသူများတို့သည် လာ  ၍  ကိုယ်တော် မှစသော တပည့် တော်တို့နှင့်တကွ စားပွဲ၌လျောင်း ကြ၏။   11 ဖာရိရှဲ တို့သည် မြင် လျှင်  တပည့် တော်တို့အား၊ သင် တို့ဆရာ သည် အခွန်ခံ သောသူ၊ ဆိုး  သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သနည်းဟုဆို ကြ၏။   
 12 ယေရှုသည် ကြား တော်မူလျှင် ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား  ကို အလို  မ ရှိ ကြ။ နာ  သောသူ တို့ သာလျှင် အလိုရှိ ကြ၏။   13 ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား  ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား ၍  သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ  ဟုတ်။ ဆိုး  သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။   
 14 ထိုအခါ  ယောဟန် ၏ တပည့် တို့သည် အထံ  တော်သို့ ချဉ်းကပ် ၍၊ အကျွန်ုပ် တို့နှင့်  ဖာရိရှဲ တို့သည် အဖန်တလဲလဲ အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ  မ ရှောင်ဘဲ နေကြပါသနည်းဟု လျှောက် ကြ၏။   
 15 ယေရှု က လည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိ စဉ်အခါသူတို့သည် စိတ်မသာ ညည်းတွားတတ် ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့် ခွာ ၍ ယူသွား သော အချိန် ကာလရောက် လိမ့်မည်။ ထိုအခါ  သူတို့သည် အစာရှောင် ကြလိမ့်မည်။   16 အဝတ် ဟောင်း ကို အထည် သစ် နှင့်ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာ  သောအထည်သည် အဝတ် ဟောင်းကို စား  ၍  အပေါက် ကျယ်တတ်၏။   17 ၎င်းနည်းဟောင်း သော သားရေဘူး  ၌  အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့  ထည့်လျှင် ၊ သားရေဘူး  သည် စုတ်ကွဲ သဖြင့် ၊ စပျစ်ရည် သည် ယို  ၍  သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သော စပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ် ပါးစလုံးမ ပျက်စီး ဟု မိန့် တော်မူ၏။   
 18 ထို စကားကို မိန့် တော်မူစဉ် အရာရှိ တစ် ယောက်သည် လာ  ၍ ပြပ်ဝပ် လျက်၊ အကျွန်ုပ် ၏ သမီး  သည် ယခုပင် သေ ဆဲရှိပါ၏။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့  အပေါ် ၌လက် ကိုတင် တော်မူလျှင် အသက် ရှင်ပါလိမ့်မည်ဟု လျှောက် ၏။   
 19 ယေရှု သည် ထ  ၍  တပည့် တော်နှင့်အတူထိုသူ နောက် သို့လိုက်တော်မူ၏။   20 ထိုအခါ  တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန်အနာစွဲသောမိန်းမ တစ်ယောက်က၊   21 ငါသည် အဝတ် တော်ကိုသာ  တို့ လျှင်  ချမ်းသာ ရမည်ဟု စိတ်ထင် နှင့် နောက် တော်သို့ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကို တို့  လေ၏။   22 ယေရှု သည် လှည့် ၍  ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ  စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို  ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။   23 အရာရှိ အိမ် သို့  ရောက် တော်မူ၍  တီးမှုတ် သော သူတို့နှင့်  များစွာ သောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင် လျှင် ၊   24 ဖယ်ရှား ကြလော့။ မိန်းမငယ် သေ သည်မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။   25 ထိုလူ များကို ပြင် သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍၊ မိန်းမငယ် ၏လက် ကို ကိုင် တော်မူသည်တွင် သူသည် ထ  လေ၏။   26 ထို သိတင်း စကားသည် တစ်ပြည်လုံး ၌  နှံ့ပြား ကျော်စောလေ၏။   27 ထို အရပ်မှ ယေရှု သည် ကြွ တော်မူစဉ်၊ မျက်စိကန်း သောသူနှစ် ယောက်တို့သည် နောက် တော်သို့ လိုက်၍ ဒါဝိဒ် ၏သား တော်၊ ကျွန်တော် တို့ကို သနား  တော်မူပါဟု ဟစ်ကြော် ကြ၏။   28 အိမ် သို့  ဝင် တော်မူလျှင် ၊ မျက်စိ ကန်းသောသူ တို့သည် အထံ  တော်သို့ ချဉ်းကပ် ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှု ကို ငါတတ်နိုင် သည်ကို  ယုံ သလော ဟု မေး  တော်မူလျှင် ၊ ယုံ  ပါ၏သခင် ဟု လျှောက် ကြ၏။   29 ထိုအခါ  သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ  ခြင်းရှိသည်အတိုင်း  သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင် ၊   30 သူ တို့သည် မျက်စိ ပွင့်လင်း လေ၏။ ယေရှု ကလည်း ၊ အဘယ်သူ မျှမသိ စေခြင်းငှာသတိပြု ကြလော့ ဟု မြစ်တား တော်မူ၏။   31 သို့သော်လည်း ထိုသူ တို့သည် သွား ၍ သိတင်းတော်ကို တစ်ပြည်လုံး ၌  နှံ့ပြား ကျော်စောစေ၏။   32 ထိုသူ တို့သည် ထွက်သွား ကြသည်နောက် ၊ နတ်ဆိုးစွဲ သောသူ တစ်ယောက်ကို အထံ  တော်သို့ ဆောင်ခဲ့ ကြ၏။   33 နတ်ဆိုး ကို နှင်ထုတ် တော်မူပြီးမှ ထိုအ သောသူ သည်စကား ပြော၏။ လူ  အစုအဝေးတို့သည်လည်း  အံ့ဩ ၍၊ ဣသရေလ  အမျိုး၌  ဤကဲ့သို့ မ မြင်ရစဖူးဟု ပြောဆို ကြ၏။   34 ဖာရိရှဲ တို့ကလည်း ၊ နတ်ဆိုး အကြီး ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ပြောဆို ကြ၏။   
 35 ယေရှု သည် တရားစရပ် တို့၌  ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကို ဟော  လျက်၊ လူများခံရသောအနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ မြို့ ရွာ ရှိသမျှ တို့ကို ဒေသစာရီ  လှည့်လည်တော်မူ၏။ လူ  အစုအဝေးတို့ကို မြင် တော်မူလျှင်  သနား ခြင်းစိတ်ရှိတော်မူ၏။   36 အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ထိန်း သူမ ရှိ ဘဲပစ် ထားသောသိုး ကဲ့သို့ ဖြစ် ကြ၏။   37 ထိုအခါ  ကိုယ်တော် က၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည် နည်း ကြ၏။   38 ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာ စေလွှတ် တော်မူမည်အကြောင်း ၊ စပါးရှင် ကို ဆုတောင်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူ၏။