26
 1 ထို ဒေသနာ တော်ရှိသမျှတို့ကို ယေရှု သည် အကုန်အစင် ဟော တော်မူပြီး လျှင်၊ တပည့် တော်တို့အား၊   2 နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ  လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။   
 3 ထိုအခါ  ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့်  လူ တို့တွင်  အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ  အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ၌  စည်းဝေး ကြပြီးလျှင် ၊   4 ယေရှု ကိုပရိယာယ် အားဖြင့်ဘမ်းဆီး ၍  သတ် အံ့သောငှာတိုင်ပင် ကြ၏။   5 သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကိုစိုးရိမ်၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟု ပြောဆို ကြ၏။   6 ဗေသနိ ရွာတွင်  ရှိမုန် အမည်ရှိသောလူနူ ၏ အိမ် ၌  ယေရှု ရှိ တော်မူသည်ဖြစ်၍ ၊   7 မိန်းမ တစ်ယောက်သည် အဘိုး  များစွာထိုက်သော ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို အထံ  တော်သို့ ယူခဲ့၍၊ စားပွဲ နားမှာလျောင်းတော်မူသော ကိုယ်တော် ၏ခေါင်း ပေါ်၌ သွန်းလောင်း လေ၏။   8 တပည့် တော်တို့သည် မြင် လျှင်  ဒေါသ စိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ ဆုံးစေသနည်း။   9 ထို ဆီမွှေးကို အဘိုးများစွာ နှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေး  စရာကောင်းသည်ဟုဆို ကြ၏။   
 10 ယေရှု သည် သိ  တော်မူလျှင်  ထိုမိန်းမ ကိုအဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌  ကောင်း  သောအမှု ကိုပြု ပြီ။   11 ဆင်းရဲ သောသူ တို့သည် သင် တို့၌  အစဉ် ရှိ ကြ၏။ ငါ မူကား  သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။   12 ဤ ဆီမွှေး ကို ငါ့ ကိုယ် အပေါ် ၌သွန်းလောင်း သည်မှာ ငါ့ အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင်ခြင်းငှာ ပြု သတည်း။   13 ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ  တရားကို မြေ တပြင်လုံး တွင်  ဟော သောအရပ်ရပ် တို့၌ ဤမိန်းမ ကို အောက်မေ့ စရာဘို့  သူ ပြု သောဤအမှု ကို ကြားပြော ရကြလတံ့ ဟု မိန့် တော်မူ၏။   
 14 ထိုအခါ  တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ် သော ယုဒ  ရှကာရုတ် သည် ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား ၍၊   15 အကျွန်ုပ် သည် ယေရှု ကို ကိုယ်တော် တို့လက်သို့အပ် လျှင် အဘယ်မျှလောက် ပေး ပါမည်နည်းဟု လျှောက် သော်၊ ထိုသူ  တို့က ငွေ အကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။   16 ထိုအခါ မှစ၍ ကိုယ်တော် ကိုအပ် ခြင်းငှာ အဆင်သင့် သောအချိန်ကာလကို ရှာကြံ လျက်နေ၏။   17 အဇုမ ပွဲ ပဌမ  နေ့၌ တပည့် တော်တို့သည် အထံ  တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား  တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေး  ကြသော်၊   
 18 ကိုယ်တော် က၊ မြို့ တွင်  ဤမည်သော သူ ၏အိမ်သို့ သွား ကြ၊ ဆရာ  မှာ လိုက်သည်ကား၊ ငါ့ အချိန် နီး ပြီ။ သင့် အိမ်၌  ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို ငါခံ မည်ဟု ထိုသူ  ကို ပြော ကြလော့ ဟု မိန့် တော်မူ၏။   19 တပည့် တော်တို့သည် စီရင် တော်မူသည်အတိုင်း ပြု ၍  ပသခါ ပွဲကို ပြင်ဆင် ကြ၏။   20 ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၏။   21 စား ၍နေကြစဉ် ကိုယ်တော် က၊ ငါအမှန် ဆို သည်ကား၊ သင် တို့တွင်  တစ်စုံတစ်ယောက် သောသူသည် ငါ့ ကို အပ်နှံ လိမ့်မည် ဟု မိန့် တော်မူလျှင် ၊   
 22 တပည့်တော်တို့သည် အလွန် ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ် လောဟု အသီးအသီး  မေးလျှောက် ကြ၏။   
 23 ကိုယ်တော် ကလည်း  ငါ နှင့်အတူ ပုကန် တွင်  လက် နှိုက် သောသူ သည် ငါ့ ကို အပ်နှံ လိမ့်မည်။   24 ကျမ်းစာ လာသည်အတိုင်း  လူ သား သည်သွား ရမည်။ သို့သော်လည်း လူ သား ကိုအပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို  သူ သည် ဘွားမြင် ခြင်းကိုမ ခံရလျှင်  အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။   
 25 ကိုယ်တော်ကို အပ်နှံ မည့်သူ ယုဒ ရှကာရုတ် ကလည်း ၊ အရှင် ဘုရား၊ အကျွန်ုပ် လောဟု မေးလျှောက် လျှင်၊  
သင် ဆို သည့်အတိုင်းမှန်သည် ဟု ပြန်ပြော တော်မူ၏။   26 ထိုအခါ စား လျက်နေကြစဉ်တွင်၊ ယေရှု သည် မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား ငါ ၏ကိုယ် ဖြစ် ၏။ ယူ  ၍စား ကြလော့ ဟု မိန့် တော်မူလျက်၊ တပည့် တော်တို့အား ပေး  တော်မူ၏။   27 ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ သူ တို့အားပေး တော်မူ၍ သင်တို့ရှိသမျှ သည်သောက်  ကြလော့။   28 ဤ ခွက်ကား ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍ လူများ တို့၏အပြစ် ကိုလွတ် စေခြင်းငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။   29 ငါဆို သည်ကား၊ ဤ  စပျစ်ရည် မျိုး အသစ် ကို ငါ့ ခမည်းတော် ၏နိုင်ငံ ၌  သင် တို့နှင့်အတူ ငါ မ သောက်မှီ နေ့  တိုင်အောင်ယခု မှစ၍ တစ်ဖန် ငါမ သောက်ရ ဟု မိန့် တော်မူ၏။   30 ထို့နောက် သီချင်း ဆိုကြပြီးမှသံလွင် တောင် သို့  ထွက်သွား ကြ၏။   
 31 ထိုအခါ  ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး  တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး  ထားသည်နှင့်အညီ၊ ယနေ့  ညဉ့် တွင်  သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။   32 သို့သော်လည်း ငါ သည်ထမြောက် ပြီးမှသင် တို့ရှေ့  ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊   
 33 ပေတရု က၊ ဤသူ  ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ်  အလျှင်း မပျက်ပါဟု လျှောက် လေ၏။   
 34 ယေရှု ကလည်း၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင် ကြက် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူလျှင်၊   
 35 ပေတရု က၊ ကိုယ်တော် နှင့်တကွ သေ ရသော်လည်း အကျွန်ုပ် သည်ကိုယ်တော် ကို မ  ငြင်း မပယ်ပါဟု လျှောက် ပြန်၏။ တပည့် တော်အပေါင်း တို့သည်လည်း  ထိုနည်းတူ လျှောက် ကြ၏။   36 ထိုအခါ  ယေရှု သည် သူ  တို့နှင့်အတူ ဂေသရှေမန် အရပ် သို့  ရောက် တော်မူလျှင်၊ ငါသည် ထို  အရပ်သို့ သွား ၍ ဆုတောင်း စဉ် တွင် ဤ  အရပ်၌ ထိုင် နေကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊   37 ပေတရု နှင့်  ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။   38 ထိုအခါ  ယေရှု က၊ ငါ သည် သေ  လောက် အောင် စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ  အရပ်၌ ငါ နှင့်အတူ စောင့် ၍ နေ  ကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့် တော်မူ၏။   39 ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ် အဘ ၊ ဤ  ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင်  လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း  မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း  ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။   40 တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ  တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် ၊ သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ မ စွမ်းနိုင် သလော။   41 စုံစမ်း နှောင့်ရှက်ခြင်းနှင့်  ကင်းလွတ် မည်အကြောင်း  ဆုတောင်း လျက်စောင့် နေကြလော့။ စိတ်ဝိညာဉ်  ကား စေတနာ  ရှိငြားသော်လည်း ၊ ကိုယ် မူကား  အားနည်း သည် ဟု ပေတရု  အား မိန့် တော်မူပြီးမှ ၊   42 တစ်ဖန် သွား ၍ အကျွန်ုပ် အဘ ၊ ဤခွက် ကိုအကျွန်ုပ်မ သောက် ဘဲ လွန် ၍မ သွားရလျှင်  ကိုယ်တော် အလိုရှိ သည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း ပြန်၏။   
 43 ထိုနောက် တပည့် တော်တို့ရှိရာသို့လာ ၍ သူ  တို့သည် မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင်၊   44 သူ တို့ကိုထား ခဲ့၍  တစ်ဖန် သွား ပြီးလျှင်ရှေ့မြွက်ဆို သည်နည်းတူ သုံး ကြိမ်မြောက်အောင် ဆုတောင်း  တော်မူ၏။   45 ထိုနောက်  တပည့် တော်တို့ရှိရာ သို့ပြန်လာ လျှင် ယခု အိပ်ပျော် ၍  ငြိမ်ဝပ် စွာနေကြလော့။ လူ  သား ကို ဆိုး  သောသူတို့လက် သို့  အပ်နှံ ရသောအချိန် ရောက်လာ ပြီ။   46 ထ ကြ၊ ငါတို့သည် သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။   47 ထိုသို့  မိန့် တော်မူစဉ် တွင်ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သော ယုဒ  ရှကာရုတ်လာ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့်  လူ တို့တွင် အကြီးအကဲ ဖြစ်သောသူများစေလွှတ်သောလူ အစုအဝေးအပေါင်း တို့သည် ဓား  နှင့်  ဒုတ် များကို ကိုင်လျက်ပါကြ၏။   48 ကိုယ်တော် ကို အပ်နှံ သောသူ က၊ ငါနမ်း သောသူ သည် ယေရှု ပင်ဖြစ် ၏။ သူ့  ကိုဘမ်း ကြဟု ထိုသူ  တို့အား အမှတ် ပေး ခဲ့သည်အတိုင်း၊   49 ကိုယ်တော် ရင်းသို့ ချက်ခြင်း ချဉ်းကပ် ၍  အရှင် ဘုရား၊ မင်္ဂလာ ရှိပါစေသောဟုဆို လျက်နမ်း လေ၏။   50 ယေရှု ကလည်း ၊ အဆွေ ၊ အဘယ် အခင်းရှိ ၍လာ သနည်း ဟုမေး တော်မူပြီးမှ ၊ ထိုသူများတို့သည် လာ  ၍ ကိုယ်တော် ကို ဆွဲကိုင် ဘမ်းဆီး ကြ၏။   51 ထိုအခါ ယေရှု နှင့် ပါသောသူ တစ် ယောက်သည် လက် ကိုဆန့် ၍ ဓား  ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကိုခုတ် သဖြင့် နားရွက် ပြတ် လေ၏။   52 ယေရှု ကလည်း သင့် ဓား ကို သူ့  နေရာ ၌ ပြန်ထား လော့။ ဓား  ကိုကိုင် သောသူ ရှိသမျှ တို့သည် ဓား  ဖြင့်  ဆုံး ခြင်းသို့ ရောက်ကြလိမ့်မည်။   53 ယခုပင် ငါ့ အဘ ကို ငါတောင်း နိုင် သည်ကို ၎င်း ၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ် တပ် မက ငါ့ ထံသို့စေလွှတ် တော်မူမည်ကို၎င်း၊ သင်သည်မ ထင် သလော။   54 သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။   55 ထို အခါ ယေရှု က၊ သင်တို့သည် ဓားပြ ကိုဖမ်း သကဲ့သို့ ငါ့ ကိုဖမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ ငါသည် ဗိမာန် တော်၌  နေ့တိုင်း ဆုံးမ ဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင် နေစဉ်အခါ၊ သင်တို့သည် ငါ့ ကို မ  ဖမ်းဆီး ကြ။   56 ထို အကြောင်းအရာမူကား ၊ အနာဂတ္တိ  ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း ဟု လူ  အစုအဝေးတို့ကို မိန့်  တော်မူ၏။ ထိုအခါ  တပည့် တော်အပေါင်း တို့သည် ကိုယ်တော် ကို စွန့်ပစ် ၍ပြေး ကြ၏။   57 ကိုယ်တော် ကို ဘမ်းဆီး သောသူ တို့သည် ကျမ်းပြု ဆရာ၊ လူ  အကြီးအကဲများစည်းဝေး ရာ ယဇ်ပုရောဟိတ် မင်း ကယာဖ  ထံသို့ ဆောင်သွား ကြ၏။   58 ပေတရု သည်လည်း ၊ ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး တိုင်အောင် ကိုယ်တော် နှင့် ဝေး  စွာလိုက် ၍ အတွင်း သို့ဝင် ပြီးလျှင် ၊ ထိုအမှု၏ အဆုံး  ကိုသိမြင် ခြင်းငှာမင်း လုလင်တို့နှင့်အတူ ထိုင် နေ၏။   59 ယဇ်ပုရောဟိတ် အကြီးတို့နှင့်  လူအကြီးအကဲ၊ လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကိုသတ် ရမည် အကြောင်း မမှန် သောသက်သေကို ရှာ သော်လည်း မတွေ့ကြ။   60 မမှန် သောသက်သေခံအများ  လာ သော်လည်း သက်သေကိုမ တွေ့ ကြ။ နောက်ဆုံး ၌ မမှန်သော သက်သေခံနှစ် ယောက်တို့သည် လာ  ၍ ၊   61 ဤ သူက ငါသည် ဘုရားသခင် ၏ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး  ရက် အတွင်း တွင်  တည်ဆောက် နိုင်  သည်ဟု ပြော ပါသည်ဟု သက်သေခံ ကြ၏။   62 ယဇ်ပုရောဟိတ် မင်းသည် ထ  ၍ ၊ သင်သည် တစ်ခွန်းမျှ ပြန် ၍မပြောသလော။ ဤ  သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟုဆို လျှင်၊   63 ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို  လျှင်၊   64 ယေရှု က၊ သင် ဆို သည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆို သည်ကား၊ နောင်ကာလ၌ လူ  သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌  ထိုင် လျက် မိုဃ်းတိမ် ကိုစီး ၍ ကြွလာ သည်ကို သင်တို့ မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။   65 ထိုအခါ  ယဇ်ပုရောဟိတ် မင်းသည် မိမိ  အဝတ် ကိုဆုတ် လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြား ရပြီ။   66 အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူ  တို့က ဤသူသည် အသေခံ  ထိုက် ပေ၏ဟု ပြန်  စီရင်ကြ၏။   67 ထိုအခါ မျက်နှာ တော်ကို တံထွေး နှင့် ထွေးကြ၏။ လက်သီး နှင့် ထိုးကြ၏။   68 အချို့ တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၍ ၊ အချင်းခရစ်တော် ၊ ကိုယ်တော် ကို အဘယ်သူ ပုတ်  သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။   
 69 ပေတရု သည် ပြင် မှာအိမ်ဦး ၌ ထိုင် နေစဉ်၊ အစေအပါး မိန်းမတစ် ယောက်သည် သူ  ရှိရာသို့လာ ၍  သင်  သည်လည်း  ဂါလိလဲ လူ ယေရှု နှင့်  ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို  လျှင်၊   70 ပေတရု က သင်ပြော သောအရာ ကို ငါမ သိ ဟု လူအပေါင်း တို့ရှေ့ ၌ ငြင်းခုံ လေ၏။   71 ထို့နောက် ပေတရုသည် အိမ်ဦးရှေ့ သို့  ထွက် ပြီးမှအခြား သောမိန်းမသည် သူ့  ကိုမြင် ၍ ထို  အရပ်၌ ရှိသောသူ တို့အား၊ ဤ  သူလည်းနာဇရက် မြို့သားယေရှု  နှင့် ပေါင်းဖော်သောသူဖြစ် သည်ဟု ဆို  လျှင် ၊   72 ပေတရုက၊ ထိုသူ  ကို ငါမ သိ ဟု ကျိန်ဆို လျက်တစ်ဖန် ငြင်းခုံ ပြန်၏။   73 ထို့နောက် များမကြာ ထိုအရပ်၌ ရပ် နေသော သူ  တို့သည် ပေတရု  အနီးသို့လာ ၍၊ အကယ်စင်စစ် သင် သည်လည်း  ထိုသူ တို့အဝင် ဖြစ် ၏။ သင့် စကား သည် သင့် အကြောင်းကို ထင်ရှား စေ၏ဟု ဆို  ကြလျှင် ၊   74 ပေတရုက၊ ထိုသူ  ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍  ကျိန်ဆို ၏။ ထို  ခဏချင်းတွင် ကြက် တွန် လေ၏။   75 ယေရှု က၊ ကြက် မ တွန် မှီ သင်သည် သုံး  ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသော စကား  ကို ပေတရု  သည် သတိရ  သဖြင့်  ပြင် သို့ထွက် ၍  ပြင်းစွာ ငိုကြွေး လေ၏။