6
တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြားနား စေ၍ နာဇရိ သစ္စာ ပြုခြင်းငှါ ၊ မိမိကို မိမိခွဲထားသောအခါ၊ စပျစ်ရည် နှင့် ယစ် မျိုးကို ရှောင် ရမည်။ စပျစ်ရည် ချဉ် နှင့် ယစ် မျိုးချဉ် ကိုလည်း မ သောက် ရ။ စပျစ်သီး ဖြင့် လုပ်သောအရည် ကိုအလျှင်း မ သောက် ရ။ စပျစ်သီး အစိမ်း အခြောက် ကိုလည်း မ စား ရ။ ခြားနား လျက်နေသောကာလ ပတ်လုံး ၊ စပျစ်သီးအဆန် ၊ စပျစ်သီးအခွံ မှစ၍စပျစ်ပင် က ဖြစ် သမျှ ကို မ စား ရ။ ခြားနား ခြင်းသစ္စာ စောင့်သော ကာလ ပတ်လုံး ဦးဆံ ကို မ ရိတ် ရ။ ထာဝရဘုရား အဘို့ မိမိကို ခြားနား စေ သော ကာလ မ စေ့ မှီတိုင်အောင်၊ သူသည် သန့်ရှင်း ရ သဖြင့်၊ မိမိ ဆံပင် ကို အလိုအလျောက်တိုးပွား စေမည်။ ထာဝရဘုရား အဘို့ မိမိ ကိုခြားနား စေသော ကာလ ပတ်လုံး ၊ အသေကောင် ကို မ ချဉ်း မကပ်ရ။ သူ ၏ဘုရားသခင် အဘို့ သူ ၏ခေါင်း ကို ခြားနား စေသောကြောင့် ၊ မိ ဘ ၊ ညီအစ်ကို ၊ နှမ သေ သော်လည်း ၊ ညစ်ညူး ခြင်းကိုမ ခံရ။ ခြားနား လျက်နေသောကာလ ပတ်လုံး ၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။ သူ့ အနား မှာ တစုံတယောက်သောသူသည် ချက်ခြင်း သေ ၍ ၊ သူသည် ခြားနား စေသောခေါင်း ကို ညစ်ညူး စေလျှင် ၊ စင်ကြယ် စေသောနေ့ တည်းဟူသောသတ္တမ နေ့ ၌ ဦးဆံ ကိုရိတ် ရမည်။ 10  အဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင် ခဲ့ရမည်။ 11  ယဇ်ပုရောဟိတ် သည်လည်း ၊ အပြစ် ဖြေရာယဇ် ဘို့ တ ကောင်၊ မီးရှို့ ရာယဇ်ဘို့ တ ကောင်ကို ပူဇော် ၍ ၊ ထိုသူ ၌ အသေကောင် အားဖြင့် ရောက်သော အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ထိုနေ့ခြင်း တွင် သူ ၏ခေါင်း ကို သန့်ရှင်း စေ ရမည်။ 12  အရင်ခြားနား စေသော ကာလ ကို ထာဝရဘုရား အဘို့ တဖန် ခြားနား စေ၍၊ အခါမလည် သော သိုးသငယ် တကောင်ကို ဒုစရိုက် ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်ခြားနား ခြင်းပျက် သောကြောင့် ၊ လွန် သောကာလ ပျောက် ရမည်။ 13  ခြားနား ၍ နေသောကာလ စေ့ ပြီးမှ၊ နာဇရိ လူ စောင့်ရသောတရား ဟူမူကား ၊ သူသည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ လာ ၍ ၊ 14  မီးရှို့ ရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အထီးတ ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အမတ ကောင်၊ မိဿဟာယ ယဇ်ဘို့ အပြစ် မပါသောဆိတ် တ ကောင်၊ 15  ဆီ ရော သောမုန့်ညက် နှင့်လုပ်သော မုန့်ပြား ၊ ဆီ လူး သော တဆေးမဲ့ မုန့်ကြွပ် တည်းဟူသောတဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား ဆက် ရမည်။ 16  ထိုပူဇော်သက္ကာများကို၊ ယဇ်ပုရောဟိတ် သည် ထာဝရဘုရား ထံ တော်သို့သွင်း ၍ ၊ အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော် ရမည်။ 17  တဆေးမဲ့ မုန့်တတောင်း နှင့်တကွ ၊ မိဿဟာယ ယဇ်ဆိတ် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ရမည်။ 18  နာဇရိ လူသည်၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ၊ မိမိ ခြားနား သော ဦးဆံ ကိုရိတ် ၍ ၊ ထိုဆံ ကို မိဿဟာယ ယဇ်အောက် ၌ရှိသောမီး ထဲမှာ ထည့် ရမည်။ 19  ခြားနား သော ဦးဆံကိုရိတ် ပြီးမှ ၊ ယဇ်ပုရောဟိတ် သည် ပြုတ် သော ဆိတ် ပခုံး တဘက်၊ တောင်း ထဲက တဆေးမဲ့ မုန့်ပြား တ ပြား၊ တဆေးမဲ့ မုန့်ကြွပ် တ ချပ်ကို ယူ ၍၊ နာဇရိ လူလက် ၌ ထည့် ပြီးလျှင် ၊ 20  ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။ ထိုအရာတို့သည်၊ ချီလွှဲ ရာရင်ပတ် ၊ ချီလွှဲရာ ပခုံး နှင့်တကွ၊ ယဇ်ပုရောဟိတ် အဘို့ သန့်ရှင်း ရမည်။ ထိုနောက်မှ ၊ နာဇရိ လူသည် စပျစ်ရည် ကို သောက် ရသောအခွင့်ရှိ၏။ 21  ဤရွေ့ကား ၊ သစ္စာ ပြုသော နာဇရိ လူသည်၊ အလိုအလျောက်တတ်နိုင် သမျှ မှတပါး၊ မိမိ ခြားနား ခြင်းအတွက် ၊ ထာဝရဘုရား အား ဆက်ရသောပူဇော်သက္ကာ နှင့် ဆိုင် သော တရား ပေတည်း။ သစ္စာ ပြုသည်အတိုင်း ၊ ခြားနား ခြင်းတရား နှင့်အညီ ပြု ရမည်ဟု မိန့်တော်မူ၏။ 22  တဖန် မောရှေ အား ထာဝရဘုရား က၊ 23  သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည်၊ ဣသရေလ အမျိုးသား တို့အား ကောင်းကြီး ပေး၍ မြွက် ရသောစကားဟူမူကား ၊ 24  ထာဝရဘုရား သည်၊ သင့် ကို ကောင်းကြီး ပေး၍ စောင့်မ တော်မူပါစေသော။ 25  ထာဝရဘုရား သည်သင် ၌ မျက်နှာ တော်အလင်း ကို လွှတ်၍ ကရုဏာ ကျေးဇူးပြုတော်မူပါစေသော၊ 26  ထာဝရဘုရား သည် သင့် ကို မြော်ကြည့် ၍ ချမ်းသာ ပေး တော်မူပါစေသောဟု၊ 27  ဣသရေလ အမျိုးသား တို့ အပေါ် မှာ ငါ့ နာမ ကို မြွက်ဆို၍ တင် လျှင် ၊ ငါ သည်ထိုသူ တို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့် တော်မူ၏။