19
တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊ ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူသော ပညတ် တရားဟူမူကား၊ အပြစ် မပါ၊ တခါမျှ ထမ်းဘိုး မတင် ၊ ကွက်ကျား ခြင်းမ ရှိ၊ အဆင်းနီ သော နွားမ ပျိုကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့မည်အကြောင်း ဆင့်ဆို လော့။ ယဇ်ပုရောဟိတ် ဧလာဇာ ၌ အပ် ၍ တပ် ပြင် သို့ ဆောင် သွားပြီးမှ ၊ သူ့ ရှေ့၌ အခြားသူ သတ် ရမည်။ ယဇ်ပုရောဟိတ် ဧလာဇာ သည် အသွေး ကို လက် နှင့်ယူ ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ စူးစူး၌ ခုနစ် ကြိမ် ဖြန်း ရမည်။ ယဇ်ပုရောဟိတ် ရှေ့မှာ ထိုနွားမ၏ အရေ ၊ အသား ၊ အသွေး ၊ ချေးနု နှင့်တကွတကောင်လုံးကို အခြား သူသည် မီးရှို့ ရမည်။ ယဇ်ပုရောဟိတ် သည်လည်း အကာရှ သစ်သား ၊ ဟုဿုပ် ပင်ညွန့်နှင့် နီမောင်း သော အထည်ကို ယူ၍၊ နွားမ မီးလောင် ရာထဲသို့ ပစ်ချ ရမည်။ ထိုနောက် မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ တပ် ထဲသို့ ဝင် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ မီးရှို့ သောသူသည် လည်း ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။ စင်ကြယ် သောသူ တစုံတယောက်သည် နွားမ ၏ ပြာ ကို စုသိမ်း ၍ ၊ တပ် ပြင် မှာ စင်ကြယ် သော အရပ် ၌ ထား ရမည်။ ဣသရေလ အမျိုး ပရိသတ် အဘို့ စင်ကြယ် စေသော ရေဘော် ဘို့၊ ထိုပြာကို သို ထားရမည်။ အပြစ် နှင့် ကင်းစင်စေစရာဘို့ဖြစ် သတည်း။ 10  နွားမ ၏ပြာ ကို စုသိမ်း သောသူသည်လည်း ၊ မိမိ အဝတ် ကိုလျှော် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလ အမျိုးသား ၊ တည်းခို သော တပါး အမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသောပညတ် ဖြစ်သတည်း။ 11  လူသေကောင် ကို ထိ သောသူသည် ခုနစ် ရက် မ စင်ကြယ်ဖြစ်လိမ့်မည်။ 12  သုံး ရက်မြောက်သောနေ့ ၌ ထိုပြာနှင့် ကိုယ် ကိုသန့်ရှင်း စေ၍ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ စင်ကြယ် လိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ကိုယ်ကိုမ သန့်ရှင်း စေ လျှင် ၊ ခုနစ် ရက်မြောက်သောနေ့ တိုင်အောင် မ စင်ကြယ် ရ။ 13  လူသေကောင် ကိုထိ ၍ ကိုယ်ကိုမ သန့်ရှင်း စေ သောသူသည်၊ ထာဝရဘုရား ၏ တဲ တော်ကို ညစ်ညူး စေ ၏။ ထိုသူ ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။ စင်ကြယ် စေသောရေ ဖြန်း ခြင်းကို မ ခံသောကြောင့် မ စင်ကြယ်ဖြစ်၏။ စင်ကြယ် ခြင်းသို့ မရောက်သေး။ 14  တဲ ၌ လူ သေ လျှင် စောင့်ရသောတရား ဟူမူကား ၊ တဲ သို့ ဝင် သောသူ၊ တဲ ၌ ရှိနေသောသူအပေါင်း တို့သည် ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်ကြလိမ့်မည်။ 15  မ ဖုံး ဘဲ ဖွင့် ထားသောအိုး ရှိသမျှ တို့သည်လည်း မ စင်ကြယ်ဖြစ်ကြလိမ့်မည်။ 16  သတ်၍သေ သောသူ၊ နာ၍သေ သောသူ၊ လူ သေ အရိုး ၊ လူသင်္ချိုင်း ကို လယ်ပြင် ၌ တွေ့၍ထိ လျှင်၊ ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်လိမ့်မည်။ 17  မ စင်ကြယ်သောသူဘို့ အပြစ် ကင်းစေရာ မီးရှို့ သောနွားမ၏ပြာ အချို့ ကို ယူ ၍ ၊ စီး သောရေ နှင့်အတူအိုး ၌ ထည့် ပြီးမှ ၊ 18  စင်ကြယ် သောသူသည်၊ ဟုဿုပ် ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲ ပေါ်မှာ ၎င်း၊ တန်ဆာ များ၊ တဲ၌ရှိ သောလူ များပေါ်မှာ ၎င်း၊ လူသေအရိုး ၊ သတ် ၍သေသောသူ၊ နာ ၍သေသောသူ၊ လူသင်္ချိုင်း ကို ထိ သောသူပေါ်မှာ ၎င်း၊ ထိုရေကို ဖြန်း ရမည်။ 19  စင်ကြယ် သောသူသည် မ စင်ကြယ်သောသူကို သုံး ရက်မြောက်သောနေ့ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ ဖြန်း ရမည်။ ခုနစ် ရက်မြောက်သောနေ့ ၌ ကိုယ်ကိုသန့်ရှင်း စေ လျက် ၊ မိမိ အဝတ် ကို လျှော် ၍ ရေချိုး လျှင် ၊ ညဦး အချိန် တွင် စင်ကြယ် လိမ့်မည်။ 20  မ စင်ကြယ်သော သူ သည် ကိုယ်ကိုသန့်ရှင်း စေခြင်းငှါမ ပြုလျှင် ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေသောကြောင့် ၊ ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။ စင်ကြယ် စေသော ရေ ဖြန်း ခြင်းကို မ ခံသောကြောင့်၊ မ စင်ကြယ်ဘဲနေ၏။ 21  အစဉ်အမြဲ စောင့်ရသောပညတ် ဟူမူကား ၊ စင်ကြယ် သော ရေ ကို ဖြန်း သောသူသည် မိမိ အဝတ် ကို လျှော် ရမည်။ ထိုရေ ကို ထိ သောသူလည်း ၊ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ 22  မ စင်ကြယ်သောသူ ထိ သမျှ သော အရာသည် လည်း မ စင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိ သောသူ လည်း ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။