25
1 ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ် အရပ်၌ နေ သောအခါ ၊ အချို့တို့သည် မောဘ မိန်းမ တို့နှင့် မတရား သောမေထုန် ကိုပြုကြ၏။ 2 ထိုမိန်းမတို့သည် မိမိ တို့ ဘုရား ရှေ့မှာ ယဇ်ပူဇော် ရာပွဲသို့ ဣသရေလလူ တို့ကို ခေါ် သွားသဖြင့် ၊ ယောက်ျားတို့ သည် ယဇ်သားကို စား ၍ ထိုဘုရား ရှေ့မှာ ဦးချ ကြ၏။ 3 ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောကြောင့် ၊ ထာဝရဘုရား သည် အမျက် ထွက် တော်မူ၏။ 4 ထာဝရဘုရား ကလည်း ၊ ငါသည်ပြင်းစွာ သော အမျက် တော်ကို ဣသရေလ အမျိုးမှ လွဲ စေခြင်းငှာ ၊ ဣသရေလမင်း အပေါင်း တို့ကို ခေါ် ၍ ၊ ပြစ်မှားသောသူတို့ ကို ဘုရား ရှေ့မှာ ထင်ရှား စွာ ဆွဲထား လော့ဟု မောရှေ အား မိန့် တော်မူ၏။ 5 မောရှေ သည် ဣသရလ မင်း တို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောသူတို့ ကို သင်တို့အသီးသီး ဆိုင်သည်အတိုင်း ကွပ်မျက် ကြလော့ဟု မှာထား လေ၏။ 6 ထိုအခါ ဣသရေလ အမျိုးသား တယောက်သည်၊ မောရှေ ရှေ့၌ ၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ငိုကြွေး သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ရှေ့၌ ၎င်း၊ မိဒျန် မိန်းမကိုလည်း၊ မိမိ ညီအစ်ကို တို့ ထံသို့ ဆောင် ခဲ့လေ၏။ 7 ထိုအမှုကို ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏သား ဖိနဟတ် သည် မြင် လျှင် ၊ ပရိသတ် ထဲမှာ ထ ၍ လှံ ကိုကိုင် လျက်၊ 8 ထိုဣသရေလ လူ ကို တဲ အတွင်း သို့ လိုက် ပြီးမှ ၊ ယောက်ျား ကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမ ကို ဝမ်းပေါက်အောင်၎င်း ထိုး လေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသား တို့တွင် ဘေး ငြိမ်း လေ၏။ 9 ထိုဘေး ဖြင့် သေ သောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိ သတည်း။ 10 ထာဝရဘုရား ကလည်း ၊ ငါသည် အမျက် ထွက် ၍ ဣသရေလ အမျိုးသား တို့ကို မ ဖျက်ဆီး မည်အကြောင်း ၊ 11 ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏ သား ၊ ဖိနဟတ် သည် သူ တို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။ 12 သို့ဖြစ်၍ သင်ပြော ရသည်ကား၊ ငါ ၏ချမ်းသာ ပဋိညာဉ် ကို သူ့ အား ငါ ပေး ၏။ 13 သူသည် မိမိဘုရားသခင် ဘက်၌ စိတ်အားကြီး ၍ ဣသရေလ အမျိုးသား တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသောကြောင့် ၊ သူ မှစ၍ သားစဉ်မြေးဆက် တို့သည် ထိုပဋိညာဉ်တည်းဟူသောထာဝရ ယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ် ကို ရပြီဟု မောရှေ အား မိန့် တော်မူ၏။ 14 မိဒျန် မိန်းမနှင့် အသေ သတ်ခြင်းကိုခံရသောဣသရေလ လူ ၏ အမည် ကား၊ ရှိမောင် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး သာလု ၏သား ဇိမရိ ဖြစ်သတည်း။ 15 အသေ သတ်ခြင်းကိုခံရသောမိဒျန် မိန်းမ အမည် ကား၊ မိဒျန် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး ဇုရ ၏ သမီး ကောဇဘိ ဖြစ် သတည်း။ 16 ထာဝရဘုရား ကလည်း ၊ မိဒျန် အမျိုးသားတို့ကို နှောင့်ရှက် ၍ လုပ်ကြံ ကြလော့။ 17 အကြောင်းမူကား ၊ သူတို့သည် ပေဂုရ ဘုရား အမှု ၌ ၎င်း၊ ပေဂုရ ဘုရားကြောင့် ဘေး ရောက်သောနေ့ ၌ အသေ သတ်ခြင်းကို ခံရသောသူ တို့ နှမ မိဒျန် မင်း သမီး ကောဇဘိ အမှု ၌ ၎င်း၊ 18 သင် တို့ကို ပရိယာယ် များ အားဖြင့် လှည့်စား နှောင့်ရှက် ကြပြီဟု မောရှေ အား မိန့် တော်မူ၏။