27
ထိုအခါ ယောသပ် ၏သား ၊ မနာရှေ အဆွေအမျိုး ၌ပါလျက်၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖေရ တို့မှ ဆင်းသက်သော ဇလောဖဒ် ၏သမီး မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တို့သည်လာ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊ မင်း များ၊ ပရိသတ် များအပေါင်း တို့ ရှေ့မှာ ရပ် လျက်၊ အကျွန်ုပ် တို့၏အဘ သည် တော ၌ သေ ပါ၏။ ထာဝရဘုရား တဘက် ၌ စုဝေး သော အပေါင်းအသင်း ၊ ကောရ ၏အပေါင်းအသင်း ၌ မ ပါ။ မိမိ အပြစ် ကြောင့် သေ ပါ၏။ သူ ၌ သား ယောက်ျား မ ရှိ ပါ။ ထိုသို့ သား ယောက်ျားမ ရှိ သောကြောင့် ၊ အကျွန်ုပ် တို့အဘ ၏ အမည် သည် အကျွန်ုပ်တို့အဆွေအမျိုး ၌ ပျောက် ရပါမည်လော။ အကျွန်ုပ် တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ ၊ အကျွန်ုပ် တို့အား အမွေပေး ပါဟု လျှောက် ကြ၏။ သူ တို့အမှု ကို မောရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ထား လေ၏။ ထာဝရဘုရား ကလည်း ၊ ဇလောဖဒ် သမီး တို့၏ စကားသည် လျောက်ပတ် ပေ၏။ အကယ်စင်စစ်သူ တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကို သူ တို့အား ပေး ရမည်။ သူ တို့အဘ ၏အမွေ ဥစ္စာသည် သူ တို့လက်သို့ ရောက် စေရ မည်။ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သား ယောက်ျားမ ရှိဘဲသေ လျှင် ၊ သူ ၏အမွေ ဥစ္စာကို သူ ၏သမီး လက်သို့ ရောက် စေရမည်။ သမီး မ ရှိလျှင် ၊ သူ ၏ အမွေ ဥစ္စာကို သူ ၏ ညီအစ်ကို တို့အား ပေး ရမည်။ 10  ညီအစ်ကို မ ရှိလျှင် ၊ အမွေ ဥစ္စာကို ဘကြီး ဘထွေးတို့အား ပေး ရမည်။ 11  ဘကြီး ဘထွေးမ ရှိလျှင် ၊ သူ ၏အဆွေအမျိုး ၌ နီးစပ် ရင်းခြာသော ပေါက်ဘော် အား ပေး ၍ ၊ ထိုသူသည် ပိုင် ရမည်။ ဤရွေ့ကား၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့၌ စီရင် ထုံးဖွဲ့ချက်ဖြစ် စေဟု မောရှေ အား မိန့် တော်မူ၏။ 12  တဖန် ထာဝရဘုရား က၊ သင်သည် ဤ အာဗရိမ် တောင် ပေါ်သို့ တက် လော့။ ဣသရေလ အမျိုးသား တို့ အား ငါပေး သောပြည် ကို ကြည့်ရှု လော့။ 13  သို့ပြီးမှ ၊ သင် ၏အစ်ကို အာရုန် သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားသကဲ့သို့ ၊ သင် သည်လည်း သွား ရမည်။ 14  အကြောင်းမူကား၊ ပရိသတ် တို့သည် ဇိန တော ၊ ကာဒေရှ အရပ်၊ မေရိဘ စမ်းရေ အနား၌ ရုန်းရင်းခတ် ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကား ကို ဆန့်ကျင်ဘက် ပြု၍၊ သူ တို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသော အပြစ်ရှိသည် ဟု မောရှေ အား မိန့် တော်မူ၏။ 15  မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်း မ ရှိသော သိုး ကဲ့သို့ မ ဖြစ် မည် အကြောင်း ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ် ကို အစိုးရတော်မူသောဘုရားသခင် ထာဝရဘုရား သည်၊ ဤပရိသတ် တို့ရှေ့၌ ထွက် ဝင် နိုင်သောသူ ၊ ပြင် သို့ ထုတ် ခြင်း၊ အတွင်း သို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက် ကို သူ တို့အပေါ် မှာ ခန့်ထား တော်မူပါစေသောဟု ထာဝရဘုရား အား လျှောက် လေ၏။ 16  17  18  ထာဝရဘုရား ကလည်း ၊ ဝိညာဉ် တော်ကိုရသော နုန် ၏သား ယောရှု ကိုခေါ် ၍ ၊ သင် ၏လက် ကို သူ့ အပေါ် မှာတင် လော့။ 19  ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ သူ့ ကိုထား ၍ မှာ ခဲ့လော့။ 20  ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ သူ၏ စကားကို နားထောင် မည်အကြောင်း ၊ သင် ၏ ဘုန်း အသရေအချို့ ကို သူ့ အပေါ် ၌ တင် ထားလော့။ 21  ထိုသူသည်ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့မှာ ရပ် သောအခါ ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ဥရိမ် စီရင် ဆုံးဖြတ်သော တရားအတိုင်း၊ သူ့ အတွက် မေးမြန်း ရမည်။ သူ စီရင် သည်အတိုင်း ၊ သူ နှင့်အတူ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ထွက် ဝင် ရကြမည်ဟု ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း မောရှေ ပြု လျက်၊ ယောရှု ကိုခေါ် ၍ ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ ထား ပြီးလျှင် ၊ 22  23  သူ့ အပေါ် မှာလက် ကိုတင် ၍ မှာ ခဲ့လေ၏။ ထိုသို့ ထာဝရဘုရား သည်မောရှေ အားဖြင့် ပညတ် ထားတော်မူ၏။