5
ငါ့ သား ၊ သင်သည် သမ္မာ သတိရှိ၍ ၊ သင့် ၏နှုတ်ခမ်း သည် သိပ္ပံ အတတ်ကို စောင့် မည်အကြောင်း၊ ငါ့ ပညာ ကို မှတ် ကျုံး၍၊ ငါ ပေးသောဉာဏ် သို့ သင့် နား ကို လှည့် လော့။ အကြောင်း မူကား၊ အမျိုး ပျက်သောမိန်းမ၏ နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယိုတတ် ၍ ၊ သူ ပြော သောစကား သည် ဆီ ထက် ချော သော်လည်း၊ အဆုံး ၌ကား ၊ သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။ သူ ၏ခြေ တို့သည် သေ ခြင်းသို့ဆင်း ၍၊ သူ သွား ရာလမ်း သည် မရဏာ နိုင်ငံသို့ ရောက်တတ်၏။ သင်သည်အသက် လမ်း ကို မ ဆင်ခြင် ရအောင်၊ သူ့ ထုံးစံ ဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နား မ လည်နိုင်ရ။ သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ဟောပြော ချက်တို့ကို မ ပယ် ကြနှင့်။ ထိုသို့သောမိန်းမ ကို ဝေး စွာရှောင်သွားလော့။ သူ့ နေရာ တံခါးဝ သို့ မ ချဉ်း နှင့်။ သို့မဟုတ် သင်သည် ကိုယ် ဂုဏ် အသရေကို သူတပါး ၌ ၎င်း၊ ကိုယ် အသက် ကို ကြမ်းတမ်း သောသူတို့ ၌ ၎င်း အပ် လိမ့်မည်။ 10  တပါးအမျိုးသား တို့သည် သင် ၏စည်းစိမ် နှင့် ပြည့်ဝ ကြလိမ့်မည်။ သင် လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ် သို့ ရောက်လိမ့်မည်။ 11  နောက်ဆုံး ၌ သင့် အသား ၊ သင့် ကိုယ် ကာယ ဆွေးမြေ့ သောအခါ၊ 12  ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။ 13  ငါ့ ဆရာ တို့၏ စကား ကို နား မ ထောင်ဘဲ၊ ငါ့ အား သွန်သင် သောသူတို့ ၏စကားကို နား မ ခံဘဲနေလေပြီ တကား။ 14  စည်းဝေး သော ပရိတ်သတ် များအလယ် ၌ ဒုစရိုက် မျိုးကို ကုန်စင် လုသည်တိုင်အောင် ငါပြု လေပြီ တကားဟု မြည်တမ်း ရလိမ့်မည်။ 15  ကိုယ် ဆိုင်သော ရေ အိုး ကို သုံး၍ ၊ ကိုယ် ရေတွင်း ထဲက ထွက် သော စမ်းရေကို သောက် လော့။ 16  သင် ၏ စမ်းရေ များပြား ၍၊ လမ်း များအနား မှာ စီးသော မြစ် များ ဖြစ်စေလော့။ 17  တပါး အမျိုးသားနှင့် ပေါင်းဘက်၍ မ ဆိုင်စေဘဲ၊ ကိုယ် တပါး တည်းသာ ဆိုင် စေလော့။ 18  သင် ၏စမ်းရေ တွင်း၌မင်္ဂလာ ရှိ စေ၍ ၊ အသက် အရွယ် ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယား နှင့်အတူပျော်မွေ့ လော့။ 19  သူသည်စုံမက် တတ်သော သမင်မ ၊ နှစ်လိုဘွယ် သော ဒရယ်မ ကဲ့သို့ဖြစ်၍ ၊ သူ ၏သားမြတ် တို့သည် သင် ၏အလိုဆန္ဒ ကို အစဉ်ပြေစေ၍၊ သူ့ ကိုချစ် သောစိတ် နှင့် အစဉ် ယစ်မူး လျက်နေလော့။ 20  ငါ့ သား ၊ သင်သည် အမျိုး ပျက်သောမိန်းမနှင့် အဘယ် ကြောင့်ယစ်မူး သနည်း။ ပြည်တန်ဆာ မ၏ ရင်ပတ် ကိုအဘယ်ကြောင့် ဘက်ယမ်း သနည်း။ 21  လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား မျက်မှောက် တော်၌ ရှိကြ၍ ၊ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။ 22  အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။ 23  သူ သည် အလွန် မိုက် သောကြောင့် မှားယွင်း ၍ ၊ သွန်သင် ခြင်းကို မ ခံရဘဲသေ သွားရလိမ့်မည်။