13
ပညာ ရှိသောသား သည် အဘ ၏ သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင် ပြုသောသားမူကား ၊ အပြစ်တင် ခြင်းကို နား မ ထောင်တတ်။ လူ သည် မိမိနှုတ် ၏အသီး တည်းဟူသော ကောင်း သောအရာကို စား ရ၏။ ပြစ်မှားတတ်သော သူ မူကား ၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။ မိမိ နှုတ် ကိုစောင့် သောသူသည် မိမိ အသက် ကို စောင့် ၏။ မိမိ နှုတ် ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီး ခြင်းသို့ရောက်တတ်၏။ ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ ၍ မ ရတတ်။ လုံ့လဝိရိယ ပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံ ရ၏။ ဖြောင့်မတ် သောသူသည် မုသာ စကား ကို မုန်း တတ်၏။ မ တရားသောသူမူကား ၊ စက်ဆုပ် ဘွယ်ဖြစ်၍ ၊ အရှက် ကွဲခြင်းသို့ ရောက်တတ်၏။ ဖြောင့်မတ် ခြင်းတရားသည် လမ်း မလွှဲသောသူကို စောင့် တတ်၏။ ဒုစရိုက် တရားမူကား ၊ အပြစ် ရှိသောသူကိုလှဲ တတ်၏။ အလွန် ဆင်းရဲလျက် နှင့် ရတတ် ဟန်ဆောင်သော သူရှိ ၏။ အလွန် ရ တတ်လျက် နှင့် ဆင်းရဲ ဟန်ဆောင်သောသူလည်းရှိ၏။ စည်းစိမ် သည် ရတတ်သောသူ ၏အသက် ကို ရွေး ဘို့ဖြစ်၏။ ဆင်းရဲ သောသူမူကား ၊ အပြစ်တင် သော စကားကို မ ကြား ဘဲနေ၏။ ဖြောင့်မတ် သောသူ ၏အလင်း သည် ရွှင်လန်း ၏။ မ တရားသောသူ ၏မီးခွက် မူကား ၊ သေ ရလိမ့်မည်။ 10  မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။ 11  လျှပ်ပေါ် ခြင်းအားဖြင့် ဥစ္စာ သည်လျော့ တတ် ၏။ ကြိုးစား အားထုတ် ၍ ဆည်းဖူး သောသူ ၏ဥစ္စာမူကား ၊ ပြန့်ပွား တတ်၏။ 12  မြော်လင့် သောအရာသည် ဖင့်နွဲ လျှင်၊ စိတ် နှလုံးကို ပူပန် စေတတ်၏။ အလို ပြည့်စုံ သောအခါမူကား အသက် ပင် ဖြစ်၏။ 13  နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီး လိမ့်မည်။ ပညတ် တရားတော်ကိုခန့်ညား သော သူမူကား ၊ ချမ်းသာ ရလိမ့်မည်။ 14  ပညာရှိ သောသူ၏တရား သည် အသေခံ ရာ ကျော့ကွင်း တို့မှ ၊ လွှဲ ရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။ 15  ကောင်း သောဉာဏ် ရှိသောသူသည် မျက်နှာ ရ တတ်၏။ ပြစ်မှား သောသူတို့ လမ်း မူကား ၊ ခက် သော လမ်းဖြစ်၏။ 16  သမ္မာ သတိရှိသော သူအပေါင်း တို့သည် ပညာ အတတ်နှင့် ပြုမူ တတ်ကြ၏။ မိုက် သောသူမူကား ၊ မိမိမိုက် သော အပြစ်ကို ထင်ရှား စေတတ်၏။ 17  မ တရားသောအစေခံ သည် မိမိစောင့် သောအမှု ကို ဖျက် တတ်၏။ သစ္စာ ရှိသော သံတမန် မူကား ၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။ 18  သွန်သင် ခြင်းကို ငြင်းပယ် သောသူသည် ဆင်းရဲ ခြင်းနှင့် ရှက်ကြောက် ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ ဂုဏ် အသရေကို ရလိမ့်မည်။ 19  အလိုဆန္ဒ ပြည့်စုံ ခြင်းအရာသည် ချိုမြိန် ၏။ ဒုစရိုက် ကို ရှောင် သောအရာမူကား ၊ မိုက် သောသူတို့ စက်ဆုပ် သော အရာဖြစ်၏။ 20  ပညာရှိ တို့နှင့် ပေါင်းဘော် သောသူသည် ပညာ ရှိတတ်၏။ လူမိုက် တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ပျက်စီး တတ်၏။ 21  အပြစ် ရှိသောသူတို့ ကို ဘေး လိုက် တတ်၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။ 22  သူတော် ကောင်းသည် သား မြေးတို့အဘို့ အမွေဥစ္စာကို ချန်ထားတတ်၏။ အပြစ် ရှိသောသူ ၏စည်းစိမ် မူကား ၊ ဖြောင့်မတ် သောသူတို့ အဘို့ သိုထား လျက်ရှိ၏။ 23  ဆင်းရဲ သား လယ်လုပ် ခြင်းအားဖြင့်စားစရာ ပွါးများ ၏။ သို့ရာတွင် ၊ မ တရား သော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက် တတ်၏။ 24  ကြိမ်လုံး ကို မ သုံးသောသူသည် မိမိ သား ကို မုန်း ရာသို့ ရောက်၏။ သားကိုချစ် သောသူမူကား ၊ ငယ် သောအရွယ်မှစ၍ဆုံးမ တတ်၏။ 25  ဖြောင့်မတ် သောသူသည် ဝ စွာစား ရသောအခွင့်ရှိ၏။ မ တရားသော သူမူကား ၊ မွတ်သိပ် ခြင်းကိုခံရလိမ့်မည်။