12
သန့်ယှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးများ
1 ညီအစ်ကို မောင်နှမရို့၊ ငါသည် သင်ရို့ မိန်းမြန်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးများနှင့် ပတ်သက်၍ အမှန်တရားကို သင်ရို့အား သိစီလို၏။ 2 သင်ရို့သည် သာသနာပလူအဖြစ် ဟိနိန်စဉ်က အခြားသောသူများ၏ သွီးဆောင်ရာသို့ လိုက်ပါလမ်းလွဲကြပြီး အသက်မဲ့သော ရုပ်တုများအား ကိုးကွယ်ခကြကြောင်းကို သင်ရို့သိကြ၏။ 3 ထို့ကြောင့် ငါသည် သင်ရို့ကို သိစီလိုသည်မှာ ဇာသူမျှ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြောဆိုခြင်းအားဖြင့် “ယေသျှုကို မကျိန်ဆဲနိုင်” သည်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ လမ်းပြမှုမပါလျှင် “ယေသျှုသည် သခင်ဘုရား ဖြစ်ပါသည်” ဟု ဇာသူမျှ ဝန်မခံနိုင်ကြောင်းကိုလည်းကောင်း သင်ရို့အား သိစီလို၏။
4 ရော ၁၂.၆–၈ဝိညာဉ်ဆုကျေးဇူးကား အမျိုးမျိုးဟိ၏။ သို့သော် ထိုဆုကျေးဇူးများကို ပီးတော်မူသော ဝိညာဉ်တော်သည် တစ်ပါးတည်းသာ ဟိတော်မူ၏။ 5 အမှုတော်ဆောင်ရန် နည်းအမျိုးမျိုးဟိသော်လည်း၊ အသျှင် တစ်ပါးတည်းသာ ဟိ၏။ 6 အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုးဟိသော်လည်း လူအသီးသီး၌ ဟိသောစွမ်းရည်များကို ပီးတော်မူသော ဘုရားသခင် တစ်ပါးတည်းသာဟိ၏။ 7 လူအသီးသီးရို့ကို ကောင်းကျိုးဖြစ်စီခြင်းငှာ ဝိညာဉ်တော်က နည်းလမ်းတချို့ကို ပီးတော်မူ၏။ 8 ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ယောက်အား အသိပညာစကား ကိုလည်းကောင်း ပီးတော်မူ၏။ 9 ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းပါရမီကိုလည်းကောင်း၊ တစ်ယောက်သောသူအား အနာရောဂါ ပျောက်ကင်းစီနိုင်သော တန်ခိုးများကိုလည်းကောင်း ပီးတော်မူ၏။ 10 ထိုဝိညာဉ်တော်သည် တစ်ယောက်သောသူအား နိမိတ်လက္ခဏာများ ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်ကို ပိုင်းခြားသိနိုင်သော ဉာဏ်ပညာကိုလည်းကောင်း ပီးတော်မူ၏။ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုအမျိုးမျိုးသော ဘာသာစကားကို အနက်ပြန်ဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း ပီးတော်မူ၏။ 11 သို့ရာတွင် လူအသီးသီးအား တန်ခိုးစွမ်းရည် အားလုံးကို ပီးတော်မူသော ဝိညာဉ်တော် တစ်ပါးတည်းသာ ဟိ၏။ ထိုဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း လူတစ်ဦးစီအား ခြားနားသော ဆုကျေးဇူးတစ်ခုစီကို ချပီးတော်မူ၏။
ကိုယ်ခန္ဓာတစ်ခု၌ဟိသော အင်္ဂါအစိတ်အပိုင်းများ
12 ရော ၁၂.၄,၅ခရစ်တော်သည် အင်္ဂါအစိတ်အပိုင်းများစွာဟိသော ကိုယ်ခန္ဓာတစ်ခုနှင့်တူ၏။ ကိုယ်ခန္ဓာသည် တစ်ခုတည်းသာဖြစ်သော်လည်း၊ မတူညီသော အင်္ဂါအစိတ်အပိုင်းများစွာ ဟိ၏။ 13 ထိုနည်းတူ ငါရို့အားလုံးသည် ယုဒလူမျိုးဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ကျွန်ဖြစ်စီ၊ လွတ်လပ်သော သူဖြစ်စီ၊ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲ၌ ဗတ္တိဇံခံယူကြ၏။ ငါရို့ဟိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်း၌ သောက်ကြရ၏။
14 ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း တစ်ခုတည်းသာ ဟိသည် မဟုတ်၊ အများပင်ဟိပေ၏။ 15 ခြီက၊ “ငါသည် လက် မဟုတ်သဖြင့် ကိုယ်ခန္ဓာနှင့် မစပ်ဆိုင်” ဟု ဆိုကေတောင်မှ၊ ခြီသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းပင် ဖြစ်၏။ 16 ထိုနည်းတူ နားကလည်း “ငါသည် မျက်စိမဟုတ်သဖြင့် ကိုယ်ခန္ဓာနှင့်မစပ်ဆိုင်” ဟု ဆိုကေတောင်မှ၊ နားသည်လည်း ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းပင် ဖြစ်၏။ 17 ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိသာဖြစ်ပါလျှင်၊ ဇာပိုင်ကြားနိုင်ပါမည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံး၌ နားသာဖြစ်လျှင်၊ ဇာပိုင်အနံ့ရနိုင်ပါမည်နည်း။ 18 ထို့ကြောင့် ဘုရားသခင်သည် အလိုတော်ဟိသည်အတိုင်း ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း အသီးသီးများအား သူ့နီရာနှင့်သူ ဟိစီတော်မူ၏။ 19 အင်္ဂါအစိတ်အပိုင်းများသည် အင်္ဂါတစ်ခုတည်းသာ ဖြစ်ခလျှင်၊ ကိုယ်ခန္ဓာဟူ၍ ဖြစ်လာနိုင်မည် မဟုတ်။ 20 ထို့ကြောင့် အင်္ဂါအစိတ်အပိုင်းများစွာ ဟိသော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းသာလျှင် ဟိသတည်း။
21 ထို့ကြောင့် မျက်စိသည် လက်အား “သင့်ကို ငါ အလိုမဟိ” ဟု မဆိုနိုင် သကဲ့သို့ ဦးဂေါင်းကလည်း ခြီအား “သင့်ကို ငါ အလိုမဟိ” ဟု မဆိုနိုင်။ 22 ကိုယ်ခန္ဓာ၌ အားနည်းဟန်ဟိသော ကိုယ်အင်္ဂါများသည်လည်း ငါရို့၌ မဟိ၍မဖြစ်နိုင်ပေ။ 23 တန်ဖိုးမဟိဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများကို ငါရို့သည် သာ၍ ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမဟိသော အင်္ဂါအစိတ်အပိုင်းများကို သာ၍တင့်တယ်စီရန် ပြုပြင်မွမ်းမံကြရ၏။ 24 လှပပြီးဖြစ်သော အင်္ဂါအစိတ်အပိုင်းများကိုမူ သာ၍ မွမ်းမံရန် မလို။ အသရေမဟိသော အင်္ဂါအစိတ်အပိုင်းကို ပို၍ အသရေဟိစီခြင်းငှာ ဘုရားသခင်ကိုယ်တော်တိုင် ကိုယ်ခန္ဓာ၌ ထားတော်မူ၏။ 25 ထို့ကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စိတ်ဝမ်းကွဲပြားခြင်းမဟိဘဲ၊ မတူညီသော အင်္ဂါအသီးသီးရို့သည် တစ်ခု၏အကျိုးကို တစ်ခုက ပြုစုလျက်ဟိပေ၏။ 26 အကယ်၍ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင်၊ အခြားအစိတ်အပိုင်းများသည်လည်း ထိုအင်္ဂါနှင့်အတူ ခံစားရကြ၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမွမ်းခြင်းခံရလျှင်၊ အခြားအစိတ်အပိုင်းများသည်လည်း အတူဝမ်းမြောက်ရကြ၏။
27 သင်ရို့အပေါင်းသည် ခရစ်တော်၏ ကိုယ်ခန္ဓာတော်ဖြစ်၏။ သင်ရို့အသီးသီးသည်လည်း ထိုကိုယ်ခန္ဓာတော်၏ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်၏။ 28 ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကိုလည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကိုလည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကိုလည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကိုလည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကိုလည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။ 29 သူရို့အားလုံးသည် တမန်တော်တိ မဟုတ်။ သူရို့အားလုံးသည် ပရောဖက်တိလည်း မဟုတ်။ သူရို့အားလုံးသည် သွန်သင်ပြသော ဆရာတိလည်း မဟုတ်။ သူရို့အားလုံးသည် နိမိတ်လက္ခဏာပြနိုင်သော သူတိလည်း မဟုတ်။ 30 သူရို့အားလုံးသည် အနာရောဂါများကို ပျောက်ကင်းစီနိုင်သောသူတိလည်း မဟုတ်။ သူရို့အားလုံးသည် အမျိုးမျိုးသောဘာသာစကားကို ပြောဆိုနိုင်သောသူ၊ အနက်ပြန်ဆိုနိုင်သောသူတိလည်း မဟုတ်။ 31 သို့ဖြစ်၍ သင်ရို့သည် သာ၍ မြတ်သောဆုကျေးဇူးများကို အလွန်လိုချင်သော စိတ်ဟိကြလော့။
သို့ရာတွင် အမြတ်ဆုံးသော လမ်းကို ငါဖော်ပြမည်။