ယောဟန်
ပါးမှ ပထမအကြိမ် ပီးစာ
နိဒါန်း
ယောဟန်ပါးမှ ပထမအကြိမ် ပီးစာ သည် ခရစ်တော် မွီးဖွားပြီးနောက် ၅၀ နှင့် ၁၀၀ ခုနှစ်ကြားတွင် တမန်တော် ယောဟန်က ရီးသားခခြင်းဖြစ်သည်။ ယောဟန်သည် သူ့ကိုယ်သူ စာရီးဆရာအဖြစ် သတ်မှတ် မထားသော်လည်း ယေသျှု၏ အသက်တာနှင့် ရှင်ပြန်ထမြောက်ခြင်း၌ မျက်မြင်သက်သီဖြစ်ကြောင်းကို ပထမဆုံးအခန်းတွင် ဖော်ပြထားသည် (၁.၁–၃)။ ယောဟန် ပထမအကြိမ်ပီးစာ၏ ရီးသားဟန်သည် ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း၌ တွိ့ရသည့် ရီးသားဟန်နှင့်လည်း အနီးစပ်ဆုံး ဆင်တူသည်။ ယောဟန်သည် ဧဖက်မြို့၌ နီထိုင်စဉ် ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းနှင့် ယောဟန်၏ ပထမ၊ ဒုတိယ၊ တတိယအကြိမ် ပီးစာများကို ရီးသားခသည်ဟု ယုံကြည်ကြသည်။
ယောဟန်သည် ထိုအချိန်ခါက “ဘုရားမဲ့ဝါဒီ” ဟုခေါ်သော လူအုပ်စုတစ်စုအားဖြင့် အသင်းတော်၌ ပြဿနာတက်နိန်ချိန်တွင် ခရစ်ယာန်များ အားလုံးပါးသို့ ဤစာကိုရီးသားခခြင်း ဖြစ်သည်။ ဤလူတိက ယေသျှုသည် မြီကြီးပေါ်၌ ဟိစဉ်တွင် ခန္ဓာအသွီးအသားဟိသော လူသားတစ်ဦး မဟုတ်ဘဲ လုံးဝ ဘုရားသခင်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ထိုအကြောင်းကြောင့် ယောဟန်သည် ယေသျှု၏ ဘဝအသက်တာ၌ မျက်မြင်သက်သီတစ်ဦးဖြစ်ကြောင်းနှင့် မိမိလက်ဖြင့် ယေသျှုကို တို့ထိခသူ တစ်ယောက် ဖြစ်ကြောင်းကို ရီးသားခသည် (၁.၁–၃)။ ယောဟန်သည် ဤစာအုပ်ကို ရီးသားခြင်း၏ ရည်ရွယ်ချက်မှာ မိမိ၏ဝမ်းမြောက်မှုကို ပြည့်စုံစီခြင်းငှာ လည်းကောင်း (၁.၄)၊ ယုံကြည်သူများကို အပြစ်ကျူးလွန်ခြင်း မပြုစီခြင်းငှာ လည်းကောင်း (၂.၁)၊ မှားယွင်းသော သွန်သင်ခြင်းမှ ကာကွယ်ရန် လည်းကောင်း (၂.၂၆) နှင့် ကယ်တင်ခြင်းသို့ အမှန်ရောက်နိုင်သည်ကိုလည်းကောင်း (၅.၁၃) စသည်များကို ဤပီးစာတွင် ရီးသားခသည်။
အကြောင်းအရာ အကျဉ်းချုပ်
၁။ ယောဟန်သည် သူ၏ပီးစာကို မိတ်ဆက်ခြင်းနှင့် ထိုပီးစာကို ရီးသားရန်အတွက် ရည်ရွယ်ချက်တစ်ခုကိုပီးခြင်း (၁.၁–၄)
၂။ ဘုရားသခင်သည် အလင်းဖြစ်ကြောင်းနှင့် အကျွန်ရို့သည် ယေသျှု အသက်ရှင်နီထိုင် သကဲ့သို့ အသက်ရှင်နီထိုင်ရန် ယှင်းပြခြင်း (၁.၅—၃.၁၀)
၃။ ထို့နောက်၊ အချင်းချင်း ချစ်ကြလော့ ဟူသော ပညတ်တော်အားဖြင့် အကျွန်ရို့အား သတိပီးခြင်း (၃.၁၁—၅.၁၂)
၄။ သူ၏ပီးစာကို နိဂုံးချုပ်ခြင်း (၅.၁၃–၂၁)
1
အသက်ရှင်သော နှုတ်ကပတ်တော်
ယော ၁.၁အစအဦးကပင် ဟိတော်မူခသည့် အသက်ရှင်သော နှုတ်ကပတ်တော်အကြောင်းကို ငါရို့ စာရီးလိုက်၏။ ထိုနှုတ်ကပတ်တော်ကို ငါရို့ ကြားခရ၏။ ကိုယ်တိုင်မျက်စိနှင့် မြင်ခကြ၏။ ငါရို့ ကြည့်ရှုလျက် လက်နှင့်လည်း တို့ခကြ၏။ ယော ၁.၁၄ထိုအသက် ထင်ရှားခသည်ကို ငါရို့သည် မြင်ခရ၏။ ထို့ကြောင့် ခမည်းတော်နှင့်အတူ ဟိတော်မူခသည့် ထာဝရအသက်အကြောင်းကို ငါရို့အား ဖော်ပြတော်မူခသည်ဖြစ်၍ ငါရို့သည် သင်ရို့အား သက်သီခံလျှက် ဟောပြောကြ၏။ ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။ ငါရို့၏*ငါရို့၏၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် သင်ရို့၏၊ ဟု ဖော်ပြထားသည်။ ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စီမည့်အကြောင်း ဤအကြောင်းအရာများကို ငါရို့ စာရီးလိုက်၏။
အလင်းဖြစ်တော်မူသော ဘုရားသခင်
ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ကိုယ်တော်၌ မှောင်မိုက် လုံးဝမဟိ ဟူသော ဤသတင်းစကားသည် ကိုယ်တော်၏ သားတော်ထံမှ ငါရို့သည် ကြားသိရသဖြင့် သင်ရို့အား ဟောပြောကြေညာခြင်းဖြစ်၏။ သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။
ငါရို့၌ အပြစ်မဟိဟု ဆိုလျှင် ငါရို့သည် ကိုယ့်ကိုကိုယ် လှည့်စားသည်သာမက သမ္မာတရားသည်လည်း ငါရို့၌ မဟိ။ သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။ 10 အကယ်၍ ငါရို့သည် အပြစ်ကျူးလွန်သူတိ မဟုတ်ဟု ဆိုပါက ဘုရားသခင်ကို လိမ်လည်သောသူဟု ဆိုရာရောက်သည်ဖြစ်၍ နှုတ်ကပတ်တော်သည်လည်း ငါရို့၌ မဟိ။

1:1 ယော ၁.၁

1:2 ယော ၁.၁၄

*1:4 ငါရို့၏၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် သင်ရို့၏၊ ဟု ဖော်ပြထားသည်။