သက်သာလောနိတ်
အသင်းတော်သို့ ပေါလု၏ ပထမအကြိမ် ပီးစာ
နိဒါန်း
သက်သာလောနိတ် အသင်းတော်သို့ ပထမအကြိမ် ပီးစာ သည် တမန်တော်ပေါလု ရီးထားခခြင်းဖြစ်၏ (၁.၁)။ ပေါလု ရီးသားခသော ပထမအကြိမ် ပီးစာသည် ကျမ်းစာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ ခရစ်တော်မွီးဖွားပြီးနောက် ၅၁ ခုနှစ်ဝန်းကျင်တွင် ရီးသားခဟန် ဖြစ်နိုင်၏။ ပေါလုသည် ကောရိန့်မြို့၌ ဟိနိန်ခသောအခါ၊ သူ၏ ဒုတိယအကြိမ် သာသနာခရီးတွင် တည်ထောင်ခသည့် သက်သာလောနိကမြို့၌ ဟိသော အသင်းတော်သို့ ဤစာကို ရီးခ၏ (တ ၁၇.၁–၁၀)။ ဤအသင်းတော်ကို ယုဒလူမျိုးတချို့နှင့် ဟေလသလူမျိုးများစွာဖြင့် ဖွဲ့စည်းထားကြောင်းကို တမန်တော်များ၏ လုပ်ဆောင်ချက်တွင် ဖော်ပြထားသည်။
ပေါလုသည် အသင်းတော်ကို တည်ထောင်ပြီးနောက် သက်သာလောနိကမြို့တွင် အချိန်ကြာမြင့်စွာ မနီထိုင်နိုင်ခပေ။ ထို့ကြောင့် ထိုအရပ်၌ဟိသော ယုံကြည်သူတိကို အားပီးတိုက်တွန်းရန်အတွက် နောက်ပိုင်းတွင် ဤပီးစာကို ပို့လိုက်ခြင်းဖြစ်၏။ ဤပီးစာတွင် အကြောင်းအရာများစွာ ပါဝင်သည့်အပြင် ခရစ်ယာန်တိ မည်သို့ နီထိုင်သင့်သည်ကို ယေဘုယျ လမ်းညွှန်ချက်များစွာ ပါဟိ၏။ ပေါလုသည် ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းနှင့်ပတ်သတ်၍ အကြောင်းအရာတချို့ကို ဦးစားပီး ဖော်ပြထားသည်။ သက်သာလောနိတ် အသင်းတော်၌ဟိသော ယုံကြည်သူများသည် ဤအကြောင်းအရာများကို အထူး စိတ်ဝင်စားမှု ဟိကြပါလိမ့်မည်။ ပေါလုက ဘုရားသခင် နှစ်သက်သော အသက်တာ၌ အသက်ရှင် နီထိုင်ကြခြင်းငှာ ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းဖြင့် လှုံ့ဆော်ထား၏ (၅.၆–၈)။
အကြောင်းအရာ အကျဉ်းချုပ်
၁။ ပေါလုသည် ဤပီးစာကို အသင်းတော်အား နှုတ်ခွန်းဆက်သခြင်းနှင့် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းဖြင့် အစပြုထားခြင်း (၁.၁–၁၀)
၂။ ထို့နောက်၊ သူသည် သူ၏ လုပ်ဆောင်ခြင်းအကြောင်းနှင့် တိမောသေ ယူဆောင်လာသည့် သတင်းကို ယှင်းပြခြင်း (၂.၁—၃.၁၃)
၃။ တဖန်၊ ပေါလုသည် ယေသျှု၏ ဒုတိယအကြိမ် ကြွလာတော်မူခြင်း၏အလင်း၌ ခရစ်ယာန်တိ မည်သို့ နီထိုင်သင့်သည်ကို လမ်းညွှန်ပီးခြင်း (၄.၁—၅.၁၅)
၄။ ပေါလုသည် အသင်းတော်အား ထပ်မံ၍ နှုတ်ဆက်ပြီး ဤပီးစာကို အသင်းတော်၌ဟိသော လူတိုင်း ဖတ်ကြကြောင်း သေချာစီရန် မိန်းမြန်းခြင်းဖြင့် အဆုံးသတ်ခြင်း (၅.၁၆–၂၈)
1
1 တ ၁၇.၁ပေါလု၊ သိလွာနုနှင့် တိမောသေရို့သည် —
ခမည်းတော်ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်၏ လူစုတော်ဖြစ်သည့် သက်သာလောနိကမြို့၌ဟိသော အသင်းတော်ကို နှုတ်ဆက်လိုက်ပါ၏၊
ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိကြပါစီသောဝ်။
သက်သာလောနိတ် အသင်းတော်၏ အသက်တာနှင့် ယုံကြည်ခြင်း
2 ငါရို့သည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက် သင်ရို့အားလုံးအတွက် ဘုရားသခင်အား အစဉ်မလပ် ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။ 3 ယုံကြည်ခြင်းအားဖြင့် သင်ရို့၏လက်တွိ့ လုပ်ဆောင်မှု၊ ချစ်ခြင်းမေတ္တာအားဖြင့် သင်ရို့၏ ကြိုးစားအားထုတ်မှုနှင့် ငါရို့၏ အသျှင် ယေသျှုခရစ်တော်၌ မျှော်လင့်ခြင်းအားဖြင့် သင်ရို့၏ သည်းခံမှုတိကို ငါရို့၏အဖ ဘုရားသခင်ရှိ့တော်၌ ငါရို့သည် အမြဲမပြတ် အောက်မိ့လျက်ဟိကြ၏။ 4 ညီအစ်ကိုမောင်နှမရို့၊ ဘုရားသခင်သည် သင်ရို့ကို ချစ်တော်မူ၍ ရွီးကောက်တော်မူကြောင်းကို ငါရို့ သိကြ၏။ 5 အကြောင်းမူကား ငါရို့သည် သတင်းကောင်းကို စကားအားဖြင့်သာ ဟောပြောခြင်း မဟုတ်ဘဲ၊ တန်ခိုးအားဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ တိကျခိုင်မာသော ယုံကြည်ခြင်းအားဖြင့် လည်းကောင်း သင်ရို့အား ဟောပြောကြ၏။ ငါရို့သည် သင်ရို့နှင့်အတူဟိစဉ် သင်ရို့အကျိုးအတွက် ငါရို့ ဇာပိုင်ပြုမူနီထိုင်ခသည်ကို သင်ရို့ သိကြ၏။ 6 တ ၁၇.၅–၉သင်ရို့သည် သခင်ဘုရားကိုလည်းကောင်း ငါရို့ကိုလည်းကောင်း၊ အတုယူကြသောသူတိ ဖြစ်ကြ၏။ အကြောင်းမူကား သင်ရို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ယှင်းသော ဝိညာဉ်တော်ကပီးသော ဝမ်းမြောက်ခြင်းဖြင့် တရားတော်ကို ခံယူခကြ၏။ 7 သို့ဖြစ်၍ သင်ရို့သည် မာကေဒေါနိပြည်နှင့် အခါယပြည်၌ဟိသော ယုံကြည်သူအားလုံးအတွက် စံနမူနာတစ်ခု ဖြစ်ကြ၏။ 8 ဇာကြောင့်ဆိုသော် သခင်ဘုရား၏ နှုတ်ကပတ်တရားသည် မာကေဒေါနိပြည်နှင့် အခါယပြည်၌ ပြန့်နှံ့သည်သာမက ဘုရားသခင်၌ သင်ရို့၏ ယုံကြည်ခြင်း သတင်းသည်လည်း အရပ်ရပ်သို့ ရောက်လားလေ၏။ သို့ဖြစ်၍ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ငါရို့သည် ပြောစရာမလိုယာ။ 9 အကြောင်းမူကား သင်ရို့သည် ငါရို့ကို မည်သို့ လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍ စစ်မှန်သော ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန် ရုပ်တုများကို စွန့်ပစ်၍ ဘုရားသခင်ထံတော်သို့ မည်သို့ ပြန်လှည့်လာကြသည်ကိုလည်းကောင်း၊ သူရို့ကိုယ်တိုင် ပြောကြားကြ၏။ 10 ထို့အပြင် သီဆုံးခြင်းမှ ထမြောက်တော်မူ၍ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ငါရို့ကို ကယ်နုတ်တော်မူသော သားတော်ယေသျှုသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို စောင့်မျှော်ကြသည့်အကြောင်း ထိုသူအပေါင်းရို့သည် ပြောဆိုလျက်ဟိကြ၏။