2
1 ထို့ကြောင့် သင်ရို့ပါးသို့ နောက်တစ်ခေါက် ငါလာလျှင် သင်ရို့အား ဝမ်းနည်းစီမည်ဖြစ်၍ ငါမလာဖို့ရန် ဆုံးဖြတ်ထား၏။ 2 အကြောင်းမူကား ငါသည် သင်ရို့ကို ဝမ်းနည်းအောင် ပြုပါလျှင်၊ ငါ့ကြောင့် ဝမ်းနည်းရသူကလွဲ၍ ဇာသူက ငါ့ကို ရွှင်လန်းစီနိုင်မည်နည်း။ 3 ငါလာသောအခါ ငါ့ကို စိတ်ရွှင်လန်းစီမည့်သူများက ငါ့အား ဝမ်းနည်းစီမည်ကို စိုးရိမ်၍ ဤစာကို ရီး၍ ပီးလိုက်ခြင်းဖြစ်၏။ ငါပျော်ရွှင်လျှင် သင်ရို့သည်လည်း ပျော်ရွှင်ကြမည်ကို ငါအမှန် ယုံကြည်၏။ 4 သင်ရို့ကို ဝမ်းနည်းစီဖို့ရန် မဟုတ်ဘဲ သင်ရို့အား ငါဇာလောက် ချစ်ကြောင်းကို သိစီလို၍ ငါသည် ကြီးစွာသော ဒုက္ခ၊ စိတ်ပူပန်ခြင်းနှင့် မျက်ရည်များစွာကျပြီး ဤစာကို ရီးလိုက်ခြင်းဖြစ်၏။
ပြစ်မှားသူကို ခွင့်ရွှတ်ပီးခြင်း
5 တစ်စုံတစ်ယောက်က အခြားတစ်ယောက်ကို ဝမ်းနည်းစီသောအခါ ထိုသူသည် ငါ့ကိုသာ ဝမ်းနည်းစီသည် မဟုတ်ဘဲ သင်ရို့အားလုံး မဟုတ်သည့်တိုင်အောင် တချို့ကို ဝမ်းနည်းစီခြင်း ဖြစ်၏။ (ထိုသူ့ကို တင်းကျပ်စွာ မစီရင်လို၍ ဤသို့ ဆိုခြင်းဖြစ်၏။) 6 သင်ရို့အထဲမှ လူအများစု၏ ပြစ်ဒဏ်ပီးခြင်းသည် သူ့အတွက် လုံလောက်ပေ၏။ 7 သို့ဖြစ်၍ သူသည် ကြီးစွာသော ဝမ်းနည်းမှု မဖြစ်စီရန် ထိုသို့ ပြစ်ဒဏ်ပီးမည့်အစား အဂုတွင် သင်ရို့သည် သူ့ကို ခွင့်ရွှတ်၍ နှစ်သိမ့်အားပီးကြလော့။ 8 ထို့ကြောင့် သင်ရို့သည် သူ့ကို စစ်မှန်သော မေတ္တာထားကြောင်းကို ထိုသူ သိစီခြင်းငှာ သင်ရို့အား ငါတောင်းပန်၏။ 9 ထိုစာကို ရီးသားခရသည့်အကြောင်းမှာ သင်ရို့သည် စုံစမ်းခြင်းကို ခံနိုင်ရည်ဟိစီခြင်းငှာ လည်းကောင်း၊ ငါ၏ ညွှန်ကြားချက်များကို နာခံမှု ဟိစီခြင်းငှာ လည်းကောင်း သိလို၍ ဖြစ်၏။ 10 သင်ရို့သည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်လျှင် ငါသည်လည်း ထိုသူကို ခွင့်ရွှတ်၏။ ငါသည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်ရန် လိုအပ်လျှင် သင်ရို့ အကျိုးကိုထောက်၍ ခရစ်တော်၏ ရှိ့တော်၌ ထိုသူကို ခွင့်ရွှတ်၏။ 11 ထိုသို့ပြုလျှင် စာတန်သည် ငါရို့ကို အနိုင်မရစီရန် တားဆီးနိုင်မည်။ ဇာကြောင့်ဆိုသော် ငါရို့သည် စာတန်၏ အကြံအစည်များကို သိသောကြောင့်ဖြစ်၏။
တရောမြို့၌ ပေါလု၏ စိတ်ပူပန်ခြင်း
12 တ ၂၀.၁ခရစ်တော်၏အကြောင်း သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ငါရောက်လာသောအခါ အမှုတော်ကို ထမ်းဆောင်နိုင်ရန်အတွက် သခင်ဘုရားသည် ငါ့အား တန်းခါးကို ဖွင့်ပီးတော်မူ၏။ 13 သို့သော် ငါရို့ညီအစ်ကို တိတုကို မတွိ့ရသဖြင့် ငါသည် အလွန် စိတ်ပူပန်ခြင်းဖြစ်၏။ ထို့ကြောင့် ငါသည် ထိုမြို့မှ လူတိကို နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ ထွက်လားလေ၏။
ခရစ်တော်အားဖြင့် အောင်မြင်ခြင်း
14 သို့ရာတွင် ငါရို့ကို ခရစ်တော်၌ အစဉ်မပြတ် အောင်ပွဲခံစီ၍ ကိုယ်တော့်ကို သိသောဉာဏ်၏ မွှီးကြိုင်သောရနံ့ကို နီရာတိုင်း၌ ငါရို့အားဖြင့် ပြန့်နှံ့စီတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 15 ဇာကြောင့်ဆိုသော် ငါရို့သည် ဘုရားသခင်အား ခရစ်တော်ပူဇော်သည့် မွှီးကြိုင်သောရနံ့ဖြစ်ကြပြီးလျှင် ထိုရနံ့သည် ကယ်တင်ခြင်း ခံရသော သူရို့ပါးသို့ လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သော သူရို့ပါးသို့ လည်းကောင်း ပြန့်နှံ့လေ၏။ 16 ပျက်စီးခြင်းသို့ ရောက်သောသူရို့အတွက် ထိုရနံ့သည် သီခြင်းတရား၏ရနံ့ဖြစ်၍ ကယ်တင်ခြင်းခံရသော သူရို့အတွက် အသက်ရှင်ခြင်း၏ရနံ့ ဖြစ်ပေ၏။ သို့ဖြစ်၍ ဇာသူသည် ဤကဲ့သို့သော အမှုကို ဆောင်ရွက်နိုင်မည်နည်း။ 17 ငါရို့သည် များစွာသောသူရို့ ပြုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ကိုယ်ကျိုးအတွက် ဟောပြောခြင်း မဟုတ်ဘဲ ငါရို့အား ဘုရားသခင် စီရွှတ်တော်မူသောကြောင့် ကိုယ်တော်၏ ရှိ့တော်၌ ဖြူစင်သောစိတ်ဖြင့် ခရစ်တော်၏ အခိုင်းအစီများကဲ့သို့ ငါရို့ ဟောပြောကြ၏။