သက်သာလောနိတ်
အသင်းတော်သို့ ပေါလု၏ ဒုတိယအကြိမ် ပီးစာ
နိဒါန်း
သက်သာလောနိတ် အသင်းတော်သို့ ဒုတိယအကြိမ် ပီးစာ သည် တမန်တော်ပေါလု ရီးသားထားခြင်းဖြစ်၏ (၁.၁)။ သူသည် ခရစ်တော်မွီးဖွားပြီးနောက် ၅၁ ခုနှစ်ဝန်းကျင်တွင် သက်သာလောနိကမြို့၌ ဟိသော အသင်းတော်သို့ ပထမအကြိမ်ပီးစာကို ရီးသားပြီးနောက် မကြာခင် ဤစာကို ရီးသားခ၏။ ပေါလုသည် ကောရိန့်မြို့၌ ဟိနိန်ခစဉ်တွင် သူ၏ ဒုတိယအကြိမ် သာသနာခရီးစဉ်အတွင်း တည်ဆောက်ခသော သက်သာလောနိတ် အသင်းတော်သို့ ဤစာကို ရီးသားထားခြင်းဖြစ်သည် (တ ၁၇.၁–၁၀)။ ဤအသင်းတော်ကို ယုဒလူမျိုး တချို့နှင့် ဟေလသလူမျိုးများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်းကို တမန်တော်များ၏ လုပ်ဆောင်ချက်တွင် ဖော်ပြထားသည်။
သက်သာလောနိတ် အသင်းတော်သို့ ပီးစာသည် နောက်ဆုံးသောကာလနှင့် ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းကို အလေးထား ဖော်ပြထားသည်။ အကြောင်းမူကား ပေါလုသည် ထိုပီးစာနှစ်စောင်လုံးတွင် ထိုအကြောင်းအရာများကို များစွာ ဖော်ပြထားသောကြောင့် ဖြစ်သည်။ သက်သာလောနိတ် အသင်းတော်သို့ ဒုတိယအကြိမ်ပီးစာ၏ တစ်ဝက်နီးပါးသည် နောက်ဆုံးသောကာလ အကြောင်းအရာများဖြစ်၏။ ပေါလုသည် အလုပ်မလုပ်ဘဲမနီကြစီရန် သတိပီးခသည်။ လူတိုင်းသည် မိမိရို့၏ အစားအစာအတွက် အလုပ်လုပ်ရမည် (၃.၆–၁၀) ဟု တိုက်တွန်းထား၏။
အကြောင်းအရာ အကျဉ်းချုပ်
၁။ ပေါလုသည် သူနှင့် သူ၏အပေါင်းအဖော်များအား မိတ်ဆက်ခြင်းဖြင့် အစပြုခြင်း (၁.၁–၂)
၂။ ထို့နောက်၊ သူသည် သက်သာလောနိတ် အသင်းတော်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းနှင့် ဆုတောင်းပီးခြင်း (၁.၃–၁၂)
၃။ အခန်းကြီး ၂ တွင် ပေါလုသည် နောက်ဆုံးသော ကာလအကြောင်း ပြောဆိုခြင်း (၂.၁–၁၇)
၄။ ထို့နောက်၊ သူသည် အလုပ်မလုပ်ဘဲ နိန်ခြင်းကို ဆန့်ကျင် ပြောဆိုခြင်းနှင့် အလုပ်လုပ်ရန် လိုအပ်သည်ဟု ပြောဆိုခြင်း (၃.၁–၁၅)
၅။ ပေါလုသည် အသင်းတော်ကို ပြန်လည် နှုတ်ဆက်ခြင်းအားဖြင့် အဆုံးသတ်ခြင်း (၃.၁၆–၁၈)
1
1 တ ၁၇.၁ပေါလု၊ သိလွာနုနှင့် တိမောသေရို့ပါးမှ —
ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်၌ တည်သော သက်သာလောနိကမြို့တွင်ဟိသော အသင်းတော်ထံပါးသို့ နှုတ်ဆက်လိုက်ပါ၏။
2 ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။
ခရစ်တော်ကြွလာချိန်၌ တရားစီရင်တော်မူမည့်အကြောင်း
3 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။ 4 သင်ရို့သည် ညှည်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်း ခံရသမျှ၌ ယုံကြည်ခြင်း၊ သည်းခံခြင်း ဟိကြသည်ကို ထောက်၍ ငါရို့သည် ဘုရားသခင်၏ အသင်းတော်များတွင် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။
5 သင်ရို့သည် ဆင်းရဲဒုက္ခ ခံနေရကြသည်ဖြစ်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ထိုက်တန်သောသူတိ ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်တော်မူချက်သည် ဖြောင့်မတ်သည်ကိုလည်းကောင်း ဤအရာအားလုံးသည် သက်သီပြလျက်ဟိ၏။ 6 ဘုရားသခင်သည် ဖြောင့်မတ်စွာ စီရင်တော်မူသောအသျှင် ဖြစ်တော်မူသည့်အတိုင်း သင်ရို့ကို ဒုက္ခရောက်စီသော သူရို့အား ဒုက္ခ ရောက်စီတော်မူလိမ့်မည်။ 7 ဆင်းရဲဒုက္ခ ရောက်လျက်ဟိသော သင်ရို့သည်လည်း ငါရို့နည်းတူ သက်သာခြင်း ရစီတော်မူလိမ့်မည်။ အသျှင်ယေသျှုသည် မိမိ၏ တန်ခိုးကြီးသော ကောင်းကင်တမန်တိ ခြံရံလျက် မီးလျှံနန့်တကွ ကောင်းကင်မှ ထင်ရှားလာသောအခါ ဤအမှုအရာများသည် ဖြစ်လာလိမ့်မည်။ 8 ဘုရားသခင်ကို ငြင်းပယ်သောသူရို့နှင့် ငါရို့၏အသျှင် ယေသျှုအကြောင်း သတင်းကောင်းကို မနာခံသောသူရို့အား အပြစ်စီရင်တော်မူလိမ့်မည်။ 9 ထိုသူရို့သည် သခင်ဘုရား ကြွလာတော်မူသောအခါ ကိုယ်တော်၏ ရှိ့တော်မှ လည်းကောင်း၊ ကိုယ်တော်၏ အစွမ်းသတ္တိနှင့် ပြည့်စုံသော ဘုန်းတော်မှ လည်းကောင်း ဖယ်ယှားခြင်းခံရလျက် ထာဝရပျက်စီးခြင်း ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။ 10 ထိုနိ့၌ ကိုယ်တော်သည် မိမိ၏ သန့်ယှင်းသောသူများအားဖြင့် ဘုန်းတော် ထင်ရှားရန်နှင့် ယုံကြည်သောသူအပေါင်းရို့၏ အံ့ဩချီးမွမ်းခြင်းကို ခံယူရန် ကြွလာတော်မူလိမ့်မည်။ ငါရို့ ဟောပြော သက်သီခံချက်ကို သင်ရို့သည်လည်း ယုံကြည်ကြသောကြောင့် ထိုသူရို့၌ အပါအဝင်ဖြစ်ကြ၏။
11 ထို့ကြောင့် ငါရို့၏ ဘုရားသခင်သည် သင်ရို့ကို ခေါ်ထားတော်မူခြင်းနှင့် ထိုက်တန်သောသူများ ဖြစ်စီခြင်းငှာလည်းကောင်း၊ သင်ရို့၏ ကောင်းမြတ်သောစိတ်ဆန္ဒနှင့် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်မှုဟူသမျှ၌ မိမိ၏ တန်ခိုးတော်ဖြင့် ပြည့်ဝစီခြင်းငှာလည်းကောင်း ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဆုတောင်းလျက်ဟိကြ၏။ 12 ဤနည်းအားဖြင့် ငါရို့၏ အသျှင် ယေသျှု၏နာမတော်သည် သင်ရို့၌လည်းကောင်း၊ ငါရို့၏ ဘုရားသခင်နှင့် အသျှင်*ဘုရားသခင်နှင့် အသျှင်၊ သို့မဟုတ် အသျှင်နှင့် ဘုရားသခင်။ယေသျှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့သည်လည်း ကိုယ်တော်၌လည်းကောင်း ဘုန်းတော်ထင်ရှားစီခြင်းငှာ ငါရို့သည် ဆုတောင်းလျက်ဟိကြ၏။