19
ဧဖက်မြို့၌ သျှင်ပေါလု
အာပေါလုသည် ကောရိန္သုမြို့တွင် ဟိနိန်စဉ် ပေါလုသည် ကုန်းမြင့်ပိုင်းဒေသ တလျှောက်သို့ လှည့်လည်ပြီးနောက် ဧဖက်မြို့သို့ ရောက်ဟိလာ၏။ သူသည် ထိုမြို့၌ တပည့်တော် တချို့ကိုလည်း တွိ့၏။ ထိုအခါ ပေါလုက “သင်ရို့သည် ယုံကြည်သူများ ဖြစ်လာကြပြီးနောက် သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူယာလား” ဟု မိန်းလျှင်၊
သူရို့က “အကျွန်ရို့သည် သန့်ယှင်းသောဝိညာဉ်တော် ဟုဆိုသည်ကို တစ်ခါမျှ မကြားဖူးပါ” ဟု ပြောကြ၏။
ပေါလုကလည်း “သို့ဖြစ်လျှင်၊ သင်ရို့ ခံသော ဗတ္တိဇံကား ဇာပိုင် မျိုးနည်း” ဟု မိန်းလျှင်၊
သူရို့ကလည်း “ယောဟန်၏ ဗတ္တိဇံကို ခံယူပါ၏” ဟု ပြောဆိုကြ၏။
မ ၃.၁၁; မာ ၁.၄,၇,၈; လု ၃.၄,၁၆; ယော ၁.၂၆,၂၇ထိုအခါ ပေါလုက “ယောဟန်၏ ဗတ္တိဇံသည် နောင်တတရားနှင့်ဆိုင်သော ဗတ္တိဇံ ဖြစ်၏။ ယောဟန်က၊ မိမိနောက်၌ ကြွလာတော်မူမည့် သူကို ယုံကြည်စီခြင်းငှာ ဣသရေလလူရို့အား ဟောပြောခ၏။ ထိုအသျှင်သည်ကား ယေသျှုပေတည်း” ဟု ဆို၏။
ထိုသူရို့သည် ထိုစကားကို ကြားလျှင် အသျှင်ယေသျှု၏ နာမ၌ ဗတ္တိဇံကို ခံယူကြ၏။ ပေါလုသည် သူရို့၏ ဂေါင်းထက်တွင် လက်ကို တင်လိုက်သောအခါ သန့်ယှင်းသောဝိညာဉ်တော်သည် သူရို့အထက်၌ သက်ရောက်လေ၏။ ထိုအခါ သူရို့သည် ထူးဆန်းသော ဘာသာစကားများဖြင့် ပြောကြပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကိုလည်း ဟောပြောကြေငြာကြ၏။ ထိုသူအပေါင်းရို့သည် တစ်ဆယ့်နှစ်ယောက်မျှ ဟိကြ၏။
ပေါလုသည် တရားဇရပ်သို့ ဝင်၍ ထိုနီရာ၌ လူရို့အား သုံးလပတ်လုံး ရဲ့ရင့်စွာ ဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ထိုသူရို့ နားလည်သဘောပေါက်စီခြင်းငှာ ဆွေးနွေးနှီးနှောလေ၏။ သို့ရာတွင် သူရို့အထဲက လူတချို့ရို့သည် ဂေါင်းမာပြီး မယုံကြည်သဖြင့် လူအပေါင်းရို့ရှိ့တွင် သခင်ဘုရား၏ သွန်သင်ချက်ကို လှောင်ပြောင်ပြောဆိုကြ၏။ သို့ဖြစ်၍ ပေါလုသည် ယုံကြည်သူရို့ကို ခေါ်၍ ထိုလူအပေါင်းရို့ ပါးမှ ထွက်ပြီး တုရန္နု၏စာသင်ခန်းမ၌ နိ့စဉ်နိ့တိုင်း*အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် မွန်းတည့် ၁၁ ချက်တီးချိန်မှ ညစာဖက် ၄ ချက်တီးချိန်ထိ၊ ဟူ၍ ပေါင်းထည့်ထား၏။ ဆွေးနွေးခြင်းကို ပြုလျက်နိန်၏။ 10 ဤသို့ဖြင့် နှစ်နှစ်ပတ်လုံး ဆွေးနွေးခြင်းကိုပြုရာ အာယှိပြည်တွင် နီထိုင်ကြသော ယုဒလူမျိုးရို့နှင့် တခြားလူမျိုးအပေါင်းရို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ကြားနာရကြ၏။
သကေဝ၏သားများ
11 ဘုရားသခင်သည် ပေါလုအားဖြင့် ထူးဆန်းသော နိမိတ်လက္ခဏာများကို ပြုတော်မူလျက်ဟိ၏။ 12 ပေါလု အသုံးပြုသည့် လက်ကိုင်ပဝါ၊ ခါးပန်း စသည်များကိုပင် မကျန်းမာသောသူရို့ ပါးသို့ ယူဆောင်လားခြင်းဖြင့် မကျန်းမာသော သူရို့သည် ရောဂါပျောက်ကင်း၍ ဝိညာဉ်ဆိုး ဝင်ပူးခံရသော သူရို့၌လည်း လွတ်မြောက်ခြင်းကို ရဟိလေ၏။ 13 တချို့သော ယုဒလူမျိုး နယ်လှည့်ပယောဂဆရာရို့သည် အသျှင်ယေသျှု၏ နာမတော်ကို အသုံးပြု၍ ဝိညာဉ်ဆိုးကို နှင်ထုတ်ခြင်းငှာ ကြိုးစားကြ၏။ သူရို့က ဝိညာဉ်ဆိုးအား “ပေါလုဟောပြောသော ယေသျှု၏နာမကို တိုင်တည်၍ သင်ရို့ကို ငါ အမိန့်ပီး၏” ဟု ဆိုကြ၏။ 14 ထိုပယောဂဆရာရို့ကား၊ ယုဒအမျိုး ယဇ်ပုရောဟိတ် အကြီးအကဲဖြစ်သော သကေဝ၏ သားခုနစ်ယောက်ဖြစ်သတည်း။
15 သူရို့သည် ထိုသို့ လုပ်ဆောင်ကြသော်လည်း ဝိညာဉ်ဆိုးက “ယေသျှုကို ငါသိ၏။ ပေါလု၏အကြောင်းကိုလည်း ငါသိ၏။ သို့သော် သင်ရို့ကား ဇာသူနည်း” ဟု သူရို့ကို မိန်းလေ၏။
16 ထို့နောက် ဝိညာဉ်ဆိုး ဝင်ပူးသောသူသည် ထိုသူရို့အား ပြင်းထန်စွာ သတ်ပုတ်တိုက်ခိုက်၍ နိုင်သဖြင့်၊ သူရို့သည် အနာတရ ရပြီး အဝတ်မပါဘဲ ထိုအိမ်မှ ထွက်ဗြီးရကြလေ၏။ 17 ထိုအကြောင်းအရာများကို ဧဖက်မြို့၌ ဟိကြသော ယုဒလူရို့နှင့် ဟေလသ လူရို့သည် ကြားကြလျှင် သူရို့သည် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၍ အသျှင်ယေသျှု၏ နာမတော်ကို အလွန် ချီးမွမ်းကြကုန်၏။ 18 ယုံကြည်လာသော သူရို့အထဲမှ များစွာသောသူရို့သည် လာကြ၍ မိမိရို့ပြုမူခသမျှသော အရာတိကို လူအပေါင်းရို့ရှိ့၌ ပွင့်လင်းစွာ ဝန်ခံကြ၏။ 19 မှော်အတတ်ကို သုံးခသောသူများသည် ၎င်းနှင့်သက်ဆိုင်သော မိမိရို့၏စာလိပ်များကို ယူလာပြီး လူအပေါင်းရို့ရှိ့၌ မီးတိုက်ကြ၏။ သူရို့သည် ထိုစာလိပ်များ၏ တန်ဖိုးကို တွက်ကြည့်ရာ ငွီဒင်္ဂါးပြား ၅၀,၀၀၀ တန်ဖိုး ဟိ၏။ ငွီဒင်္ဂါးပြား၊ ကျေးလက်အလုပ်သမား တစ်ယောက်၏ တစ်နိ့လုပ်အားခသည် ငွီဒင်္ဂါးတစ်ပြားသာဖြစ်၏ (ရှု မ ၂၀.၂)။ 20 ထိုသို့ဖြင့် သခင်ဘုရားထိုသို့ဖြင့် သခင်ဘုရား၊ သို့မဟုတ် ထို့ကြောင့်၊ သခင်ဘုရား၏ တန်ခိုးတော်အားဖြင့်၊ သတင်းစကား။၏ သာသနာတော်သည် ပြန့်နှံ့လျက် တန်ခိုးတော်အားဖြင့် ကြီးထွားတိုးပွားလျက်ဟိ၏။
ဧဖက်မြို့၌ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း
21 ဤအမှုအရာများ ဖြစ်ပျက်ပြီးနောက်၊ မာကေဒေါနိပြည်နှင့် အခါယပြည်ကို ဖြတ်၍ ယေရုဆလင်မြို့သို့ ခရီးပြုမည်ဟု ပေါလုသည် စိတ်ပိုင်းဖြတ်လေ၏။§ပေါလုသည် စိတ်ပိုင်းဖြတ်လေ၏၊ သို့မဟုတ် ပေါလုသည် ဝိညာဉ်တော်၏ ဦးဆောင်မှုဖြင့် ဆုံးဖြတ်လေ၏။ “ငါသည် ထိုဒေသများသို့ လားပြီးနောက် ရောမမြို့ကို မြင်ရလိမ့်မည်” ဟု ပေါလု ဆို၏။ 22 ထို့ကြောင့် သူသည် အာယှိပြည်၌ ကာလအင်တန် တည်းခိုနီစဉ်၊ မိမိအား အလုပ်အကျွေးပြုသောသူ တိမောသေနှင့် ဧရတ္တုရို့ကို မာကေဒေါနိပြည်သို့ စီရွှတ်လိုက်၏။
23 ထိုအချိန်၌ သခင်ဘုရား၏ သွန်သင်ချက်လမ်းစဉ်ကြောင့် ဧဖက်မြို့၌ ဆူပူအုံကြွမှုကြီး တစ်ရပ်ဖြစ်ပေါ်လာ၏။ 24 ဒေမေတရိ ဟူ၍ နာမည်ဟိသော ငွီပန်းထိမ်ဆရာတစ်ယောက်သည် အာတေမိနတ်သမီး၏ ငွီနတ်ကွန်းပုံတူချေများကို ပြုလုပ်ခြင်းဖြင့် ပန်းထိမ်အလုပ်သမားရို့အတွက် ဝင်ငွီများစွာ တိုးပွားစီခ၏။ 25 ထိုသူသည် ပန်းထိမ်သမားရို့အား စုဝေးစီကြပြီး “အချင်းလူရို့၊ ဤလုပ်ငန်းဖြင့် ဝင်ငွီတိုးသည်ကို သင်ရို့သိကြ၏။ 26 အဂုတွင် ပေါလုက၊ ဧဖက်မြို့တွင်သာမက၊ အာယှိပြည်တလျှောက်လုံး၌ ‘လူ့လက်ဖြင့်လုပ်သော ဘုရားများသည် ဘုရားတိမဟုတ်’ ဟု ဆို၍ လူအပေါင်းရို့အား ဖြားယောင်းသည်ကို သင်ရို့ ကြားရ၊ မြင်ရကြ၏။ 27 ထိုသို့ ငါရို့အလုပ်သည်လည်း နာမည်ပျက်ရုံသာမက ကြီးမြတ်သော နတ်ဘုရားမ အာတေမိ၏ ဗိမာန်တော်သည် ပျက်စီးလားမည်ဖြစ်၍ အာယှိပြည်နှင့် တစ်လောကလုံး ကိုးကွယ်သည့် နတ်ဘုရားမ၏ ကြီးမြတ်မှုသည်လည်း ဂုဏ်အသရေ ညှိုးနွမ်းလားမည် ဖြစ်ပါ၏” ဟု ပြောဆို၏။
28 ထိုစကားကိုကြားလျှင် ထိုသူရို့သည် ဒေါသထွက်၍ “ဧဖက်လူရို့၏ အာတေမိနတ်ဘုရားမသည် ကြီးမြတ်ပေ၏” ဟု ကြွေးကြော်ကြ၏။ 29 တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်၍၊ လူအများရို့သည် ပေါလုနှင့်အတူ ခရီးလားဖော်တိဖြစ်သော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုရို့ကို ဖမ်းဆီး၍ ပွဲခံရာဇရပ်သို့ ဆွဲခေါ်လားကြ၏။ 30 ပေါလုသည် မိမိကိုယ်တိုင် ထိုလူစုအရှိ့သို့ လားခြင်းငှာ အလိုဟိသော်လည်း၊ ယုံကြည်သူရို့က တားမြစ်ကြ၏။ 31 ပေါလု၏ အဆွီဖြစ်ကြသော နယ်အာဏာပိုင် တချို့ရို့ကလည်း ပွဲခံရာဇရပ်ထဲသို့ ကိုယ့်ကိုကိုယ် မအပ်နှံရန် လူလွှတ်၍ တောင်းပန်ကြ၏။ 32 ထိုစဉ် စုဝေးလျက်ဟိသော လူရို့သည် အုတ်အုတ်သဲသဲပြု၍ တစ်ယောက်တစ်မျိုးစီ အော်ဟစ်သဖြင့် ထိုလူရို့ထဲက အများစုသည် မိမိရို့စုဝေးရသည့်အကြောင်းကိုပင် မိမိရို့မသိကြပေ။ 33 ယုဒလူမျိုးရို့သည် အာလေဇန္ဒြုကို လူအပေါင်းရို့ရှိ့သို့ ထွက်စီသဖြင့် လူထုအထဲမှ အချို့သည် ဖြစ်ပေါ်လျက်ဟိသော ပြဿနာ၏ အရင်းအမြစ်မှာ အာလေဇန္ဒြု ဖြစ်သည်ဟု ထင်မှတ်ကြ၏။ သူသည် လူထုပရိသတ်အား ဆိတ်ဆိတ်နိန်စီခြင်းငှာ လက်ရိပ်ပြပြီးလျှင် ချေပပြောဆိုရန် ကြိုးစား၏။ 34 သို့ရာတွင် ထိုသူသည် ယုဒလူမျိုး ဖြစ်ကြောင်းကို လူအပေါင်းရို့သိကြသောအခါ “ဧဖက်မြို့၏ အာတေမိနတ်ဘုရားမသည် ကြီးမြတ်ပေ၏” ဟု နှစ်နာရီတိတိ သံပြိုင်ကြွေးကြော်ကြ၏။
35 နောက်ဆုံး၌ မြို့စာရေးသည် ထိုလူတိကို ဆိတ်ဆိတ်နိန်စီပြီးလျှင် “ဧဖက်မြို့သားရို့၊ ကြီးမြတ်သော အာတေမိနတ်ဘုရားမ၏ နတ်ကွန်းနှင့် ကောင်းကင်ဘုံမှ ကျလာသည့် သူမ၏ ရုပ်တုကို စောင့်ထိန်းသော သူများဖြစ်ကြောင်းကို လူတိုင်း သိကြ၏။ 36 ဤအရာတိကို တစ်ယောက်မျှ မငြင်းနိုင်ရာ။ ထို့ကြောင့် သင်ရို့သည် တိတ်ဆိတ်စွာနီသင့်၏။ မဆင်ခြင်ဘဲ ဇာအမှုအရာကိုမျှ မပြုကေ့။ 37 ဗိမာန်တော်အား လုယူဖျက်ဆီးခြင်း အမှုကိုလည်း မပြု၊ ငါရို့၏ဘုရားများကိုလည်း ကဲ့ရဲ့ပြစ်မှားခြင်း မပြုသော ထိုသူရို့ကို သင်ရို့သည် ဤနီရာသို့ ဆောင်ခကြ၏။ 38 ဒေမေတရိမှစ၍ သူ၏အပေါင်းအပါရို့သည် လူတစ်စုံတစ်ယောက်ကို တရားတွိ့လိုလျှင် တရားရုံးလည်းဟိ၏။ အာဏာပိုင်များလည်း ဟိ၏။ တရားရုံး၌ အမှုသည် အချင်းချင်း တွိ့ကြစီ။ 39 သို့ရာတွင် သင်ရို့၌ အခြားအမှုဟိလျှင် တရားဝင်အစည်းအဝေး၌ စီရင်ဆုံးဖြတ်ရမည်။ 40 ဤနိ့ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါရို့ကြောင့်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်စရာဟိ၏။ ဤသို့ အုတ်အုတ်သဲသဲ ဖြစ်စရာ အကြောင်းမဟိ၊ ဤအကြောင်းအရာနှင့်ပတ်သတ်၍လည်း ဆင်ခြီပီးစရာ အကြောင်းမဟိ” ဟု ဆို၏။ 41 ဤသို့ပြောပြီးလျှင် မြို့စာရေးသည် စုဝေးသောသူရို့ကို ထိုနီရာမှ ထွက်လားစီတော်မူ၏။

19:4 မ ၃.၁၁; မာ ၁.၄,၇,၈; လု ၃.၄,၁၆; ယော ၁.၂၆,၂၇

*19:9 အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် မွန်းတည့် ၁၁ ချက်တီးချိန်မှ ညစာဖက် ၄ ချက်တီးချိန်ထိ၊ ဟူ၍ ပေါင်းထည့်ထား၏။

19:19 ငွီဒင်္ဂါးပြား၊ ကျေးလက်အလုပ်သမား တစ်ယောက်၏ တစ်နိ့လုပ်အားခသည် ငွီဒင်္ဂါးတစ်ပြားသာဖြစ်၏ (ရှု မ ၂၀.၂)။

19:20 ထိုသို့ဖြင့် သခင်ဘုရား၊ သို့မဟုတ် ထို့ကြောင့်၊ သခင်ဘုရား၏ တန်ခိုးတော်အားဖြင့်၊ သတင်းစကား။

§19:21 ပေါလုသည် စိတ်ပိုင်းဖြတ်လေ၏၊ သို့မဟုတ် ပေါလုသည် ဝိညာဉ်တော်၏ ဦးဆောင်မှုဖြင့် ဆုံးဖြတ်လေ၏။