24
ပေါလုအား စွပ်စွဲသည့် အကြောင်းရင်း
ငါးရက်လွန်သောအခါ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုဟု နာမည်ဟိသော ရှိ့နီမှစ၍ ယုဒလူမျိုး အကြီးအကဲတချို့နှင့်အတူ ကဲသရိမြို့သို့ ရောက်လာကြ၏။ သူရို့သည် ပေါလု အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံဖေလဇ်၏ ရှိ့တွင် စွဲချက်တင်ကြ၏။ ထို့နောက် ပေါလုကို ရှိ့တော်သို့ ခေါ်သွင်းကာ၊ ရှိ့နီတေရတုလုက စွပ်စွဲချက်ကို လျှောက်ဆိုသည်မှာ၊
“မြတ်သော ဖေလဇ်မင်း၊ ကိုယ်တော်၏ အုပ်ချုပ်မှုကြောင့် အကျွန်ရို့သည် အီးချမ်းသာယာစွာ နီထိုင်ကြရပါ၏။ ကိုယ်တော်သည် အကျွန်ရို့တိုင်းပြည်အတွက် လိုအပ်သော ပြုပျင်ပြောင်းလဲမှုကို လုပ်ဆောင်လျက် ဟိပါ၏။ ထိုအရာတိကို နီရာတိုင်းတွင် ကိုယ်တော် ပြုသမျှအတွက် အကျွန်ရို့သည် ဝမ်းမြောက်စွာဖြင့် ကြိုဆိုကြပါ၏။ အကျွန်သည် ကိုယ်တော်၏ အချိန်ကို များစွာ မယူလိုပါ။ သို့ဖြစ်၍ အကျွန်ရို့၏ လျှောက်လဲချက် အကျဉ်းချုပ်ကို ကျေးဇူးပြု၍ နားထောင်ပီးပါမည့်အကြောင်း တောင်းလျှောက်ပါ၏။ အကျွန်ရို့သည် ဤသူကို အလွန် အန္တရာယ်ဟိသောသူအဖြစ် တွိ့မြင်ရပါ၏။ အကြောင်းမူကား၊ သူသည် အရပ်ရပ်၌ ဟိသော ယုဒလူမျိုးအပေါင်းရို့တွင် ရုန်းရင်းဆန်ခတ်မှု ပြုစီခြင်းငှာ လှုံ့ဆော်ပီးနိန်သော နာဇရက်ဂိုဏ်း၏ ဦးစီးခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါ၏။ သူသည် ဗိမာန်တော်ကို ညစ်ညူးစီခြင်းငှာ ကြိုးစားသောသူလည်း ဖြစ်ပါ၏။ ထို့ကြောင့် အကျွန်ရို့သည် သူ့ကို ဖမ်းဆီးထားခြင်းဖြစ်ပါ၏။ *အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အပိုဒ်ငယ် ၆ခ–၈က၊ သူ့အား အကျွန်ရို့၏ ပညတ်တရားအရ တရားစီရင်ခြင်းငှာ အကျွန်ရို့ စီမံထားပါယာ၊ ၇ သို့ပိုင်သျှောင် တပ်မှူးလုသိ ရောက်လာပြီးလျှင် သူ့ကို အကျွန်ရို့ပါးမှ လျှို့ဝှက်စွာ ခေါ်ထုတ်လား၏။ ၈ ထို့နောက် လုသိသည် ထိုသူအား အမှုလုပ်သောသူရို့ကို ကိုယ်တော့်ရှိ့တော်၌ လာရောက်၍ လျှောက်လဲစီခြင်းငှာ အမိန့်ပီးလေ၏၊ ကို ပေါင်းထားသည်။ အသျှင်ကိုယ်တိုင် သူ့အား မိန်းကြည့်ပါလျှင် အကျွန်ရို့ စွပ်စွဲသောအမှု အလုံးစုံတိကို သူ့ပါးက ကြားသိရပါလိမ့်မည်” ဟု လျှောက်ကြ၏။ ယုဒလူရို့ကလည်း ထိုစွပ်စွဲချက်နှင့် ပြောစကားများအားလုံး မှန်ကန်ကြောင်းကို ထောက်ခံကြ၏။
ဘုရင်ခံဖေလဇ် ရှိ့၌ ပေါလု၏ ချေပချက်
10 ဘုရင်ခံမင်းသည်လည်း ပေါလုအား စကားပြောစီခြင်းငှာ လက်ရိပ် ပြလိုက်သောအခါ ပေါလုက၊
“ကိုယ်တော်သည် ဤလူမျိုးရို့ကို နှစ်ပေါင်းများစွာ တရားသဖြင့် စီရင်လျက် အုပ်စိုးနိန်သည်ကို အကျွန်သိပါ၏။ ထို့ကြောင့် အကျွန်သည် ကိုယ်တော်ရှိ့၌ လျှောက်ရသောအခွင့်ကို ရသောကြောင့် ဝမ်းမြောက်ပါ၏။ 11 အကျွန်သည် ယေရုဆလင်မြို့သို့ ဝတ်ပြုကိုးကွယ်ခြင်းငှာ လားခသည်မှာ တစ်ဆယ့်နှစ်ရက်တောင် မဟိသိမ့်သည်ကို ကိုယ်တော်သည် သိနိုင်ပါ၏။ 12 ဗိမာန်တော်၌ ဖြစ်စီ၊ တရားဇရပ်များ၌ ဖြစ်စီ၊ မြို့ထဲ၌ ဖြစ်စီ တစ်စုံတစ်ယောက်နှင့် ငြင်းခုံနိန်သည်ကိုလည်းကောင်း၊ လူတိအား မငြိမ်မသက်မှု ဖြစ်စီခြင်းငှာ လုပ်ဆောင်နိန်သည်ကိုလည်းကောင်း ဤယုဒလူရို့က အကျွန့်ကို မတွိ့ကြပါ။ 13 အကျွန့်ကို အဂု စွပ်စွဲသောအမှုများတွင် အချက်အလက်ကိုလည်း သူရို့သည် အသျှင်အား သက်သီမပြနိုင်ကြပါ။ 14 အကျွန်သည် အသျှင်၏ ရှိ့တော်၌ ဝန်ခံလိုသည်မှာ၊ သူရို့က လွဲမှားသည်ဟု ခံယူထားသော လမ်းစဉ်အတိုင်း အကျွန်ရို့အဖိုးအဖီးရို့၏ ဘုရားသခင်ကို ကိုးကွယ်ပါ၏။ သို့သော်လည်း အကျွန်သည် မောသျှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများတွင် ရီးသားထားသမျှကိုလည်း ယုံကြည်ပါ၏။ 15 ဘုရားသခင်ကို အမှီပြု၍ ကောင်းသောသူ၊ မကောင်းသောသူ အားလုံးရို့သည် သီခြင်းမှ ရှင်ပြန်ထမြောက်မည်ကို သူရို့သည် မျှော်လင့်သကဲ့သို့ အကျွန်ကလည်း မျှော်လင့်ပါ၏။ 16 သို့ဖြစ်၍ အကျွန်သည် ဘုရားရှိ့၊ လူရှိ့၌ မိမိ၏ အသိစိတ်ကို ကြည်လင်စီခြင်းငှာ အစဉ်အမြဲ အကောင်းဆုံး လုပ်ဆောင်လျက်ဟိပါ၏။
17 တ ၂၁.၁၇–၂၈“ယေရုဆလင်မြို့မှ ထွက်ခွာလာပြီး နှစ်ပေါင်းများစွာ ကြာသောအခါ၊ အကျွန်သည် မိမိလူရို့အား ဖေသာတချို့ ပီးကမ်းကူညီဖို့နှင့် ဘုရားသခင်အား ပူဇော်သကာပြုခြင်းငှာ ထိုနီရာသို့ ရောက်လာခြင်းဖြစ်ပါ၏။ 18 ဗိမာန်တော်ထဲ၌ အကျွန်သည် စင်ကြယ်ခြင်းကို ပြုပြီးနောက် ပူဇော်သကာကို ဆက်ကပ်နိန်စဉ် သူရို့သည် တွိ့ကြပါ၏။ ထိုနီရာ၌ အကျွန်နှင့်အတူ လူစုလူဝေးလည်းမဟိ၊ ဆူပူအုံကြွခြင်းလည်း မဟိပါ။ 19 သို့သော် အာယှိပြည်မှလာသော ယုဒလူတချို့သည် ထိုနီရာ၌ ဟိကြပါ၏။ သူရို့သည် အကျွန်အား စွပ်စွဲစရာ ဟိလျှင် ဤအရပ်၌ လာ၍ ကိုယ်တော်ရှိ့တွင် စွပ်စွဲသင့်ပါ၏။ 20 သို့မဟုတ် အကျွန်သည် တရားလွှတ်တော်၌ ဟိသောအခါ ဤအရပ်၌ ဟိသော ဤသူရို့သည် အကျွန်၌ ဇာချင့်ပြစ်မှုတွိ့ဟိကြောင်းကို ထွက်ဆိုကြပါစီ — 21 တ ၂၃.၆ အကျွန်သည် သူရို့ရှိ့၌ ရပ်နိန်စဉ် ‘အကျွန်သည် သီလွန်သောသူရို့ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သတ်၍ ဤနိ့ သင်ရို့ရှိ့၌ စစ်ဆီးခံနိန်ရပါသည်’ ဟူသော စကားတစ်ခွန်းတည်းကိုသာ ကြွေးကြော်ခပါ၏” ဟု ဆိုလေ၏။
22 ထို့နောက် ဖေလဇ်က၊ ထိုဘာသာ၏ လမ်းစဉ်ကို ကောင်းစွာ သိထားသောသူ ဖြစ်သဖြင့် ကြားနာမှုကို ရွိ့ဆိုင်းထား၏။ ထိုသူက “တပ်မှူးလုသိ ရောက်လာသောအခါ ငါသည် သင်ရို့အမှုကို စစ်ဆီးဆုံးဖြတ်မည်” ဟု သူရို့အား ပြောလေ၏။ 23 ထို့နောက် သူသည် ပေါလုကို အစောင့်အကြပ်များဖြင့် အကျယ်ချုပ်ထားသော်လည်း သူအား လွတ်လပ်မှုအချို့ကို ပီး၍ သူ၏မိတ်ဆွီတိမှ သူ၏ လိုအပ်သည်များကို ထောက်ပံ့ခွင့် ပြုစီခြင်းငှာ တပ်ခွဲမှူးအား မှာထားလေ၏။
ဖေလဇ်နှင့် ဒြုသိလရို့ကို ပေါလုဟောပြောခြင်း
24 ရက်အင်တန်ကြာပြီးနောက်၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိမယား ဒြုသိလနှင့်အတူ ရောက်လာလေ၏။ ထိုအခါ ပေါလုကို ရှိ့မှောက်သို့ ခေါ်ပြီးလျှင် ပေါလုဟောပြောသော ခရစ်တော်ယေသျှုအား ယုံကြည်ခြင်းအကြောင်းကို နားထောင်လေ၏။ 25 သို့သော် ပေါလုသည် ကောင်းမြတ်ခြင်းတရားကိုလည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းတရားကိုလည်းကောင်း၊ နောင်ဖြစ်လာမည့် တရားစီရင်ရာနိ့ အကြောင်းကိုလည်းကောင်း ဟောပြောရာတွင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍ ပေါလုအား “အဂု သင်လားလော့၊ ငါ အဆင်ပြေသောအခါ ပြန်ခေါ်လိုက်မည်” ဟု ဆိုလေ၏။ 26 တစ်ချိန်တည်းတွင် ထိုမင်းက ပေါလုသည် ထိုအမှုမှ လွတ်ခြင်းငှာ မိမိအား ဖေသာပီးမည်ဟု ထင်မှတ်သောကြောင့် ခေါ်၍ မကြာမကြာ တွိ့လေ၏။
27 နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုသည် ဘုရင်ခံ ဖေလဇ်မင်းအရာကို ရ၍၊ ဖေလဇ်မင်းသည် ယုဒလူရို့၌ မျက်နှာရလိုသောကြောင့် ပေါလုအား အချုပ်ချထားစီ၏။

*24:7 အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အပိုဒ်ငယ် ၆ခ–၈က၊ သူ့အား အကျွန်ရို့၏ ပညတ်တရားအရ တရားစီရင်ခြင်းငှာ အကျွန်ရို့ စီမံထားပါယာ၊ ၇ သို့ပိုင်သျှောင် တပ်မှူးလုသိ ရောက်လာပြီးလျှင် သူ့ကို အကျွန်ရို့ပါးမှ လျှို့ဝှက်စွာ ခေါ်ထုတ်လား၏။ ၈ ထို့နောက် လုသိသည် ထိုသူအား အမှုလုပ်သောသူရို့ကို ကိုယ်တော့်ရှိ့တော်၌ လာရောက်၍ လျှောက်လဲစီခြင်းငှာ အမိန့်ပီးလေ၏၊ ကို ပေါင်းထားသည်။

24:17 တ ၂၁.၁၇–၂၈

24:21 တ ၂၃.၆