26
အဂြိပ္ပမင်းရှိ့၌ ပေါလု၏ ချေပလျှောက်လဲခြင်း
1 ထိုအခါ အဂြိပ္ပမင်းက ပေါလုအား “သင့်အကြောင်းကို သင်ပြောဆိုရသော အခွင့်ဟိ၏” ဟု ဆိုလျှင် ပေါလုသည် မိမိလက်ကိုဆန့်၍ အောက်ပါအတိုင်း ချေပပြောဆိုလိုက်သည်မှာ၊
2 “အဂြိပ္ပမင်းကြီး၊ အကျွန့်အား ယုဒအမျိုးသားများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အသျှင်၏ ရှိ့မှောက်၌ လျှောက်လဲချေပခွင့်ကို ရသည်မှာ အကျွန့်အဖို့ ထူးမြတ်သော အခွင့်အရေးဖြစ်သည်ဟု ထင်မှတ်ပါ၏။ 3 အသျှင်သည် အထူးသဖြင့် ယုဒအမျိုးသားရို့၏ ထုံးတမ်းဓလေ့တိနှင့် ငြင်းခုန်မှုများကိုလည်း ကောင်းစွာသိသော သူဖြစ်၏။ ထို့ကြောင့် အကျွန်၏ လျှောက်လဲချက်ကို သည်းခံ၍ နားထောင်ပီးခြင်းငှာ တောင်းပန်ပါ၏။
4 “အကျွန်သည် ငယ်သောအရွယ်မှ စ၍ ဇာပိုင် နီထိုင်ခကြောင်းကို ယုဒလူမျိုးအပေါင်းရို့သည် သိကြပါ၏။ မိမိ၏ဇာတိမြီ၌ လည်းကောင်း၊ ယေရုဆလင်မြို့၌ လည်းကောင်း အကျွန်၏ဘဝတလျှောက်လုံးကို ဇာပိုင် အသက်ရှင်ခကြောင်း သူရို့အားလုံးသည် သိကြပါ၏။ 5 တ ၂၃.၆; ဖိ ၃.၅ သူရို့သည် အကျွန့်ကို အယင်ကတည်းက သိထားပြီးဖြစ်၍ အကျွန်သည် အကျွန်ရို့ဘာသာတရား၌ အတင်းကျပ်ဆုံးသော စည်းကမ်းကို ကျင့်သုံးသည့် ဖာရိယှဲရို့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်ကို သူရို့သည် ဆန္ဒဟိလျှင် သက်သီခံနိုင်၏။ 6 အဂုတွင် အကျွန်သည် ဤနီရာ၌ ရပ်၍ စစ်ဆီးခြင်းကို ခံရသည်မှာ ဘုရားသခင်သည် အကျွန်ရို့၏ အဖိုးအဖီးရို့အား ပီးတော်မူခသော ကတိတော်ကို မျှော်လင့်နိန်သည့်အတွက်ကြောင့် ဖြစ်ပါ၏ — 7 မျိုးနွယ်တစ်ဆယ့်နှစ်မျိုးနွယ်ဖြစ်သော ဣသရေလလူမျိုးရို့သည် နိ့၊ ညဉ့်မပြတ် ဘုရားဝတ်ပြုကာ ထိုကတိတော်အတိုင်း ပြည့်စုံလိမ့်မည်ဟု မျှော်လင့်လျက် ဟိကြပါ၏။ အသျှင်မင်းကြီး၊ အကျွန်သည် ထိုကဲ့သို့ မျှော်လင့်လျက် နိန်သောကြောင့် ယုဒလူမျိုးရို့သည် အကျွန့်ကို ဤသို့ စွပ်စွဲကြခြင်း ဖြစ်ပါ၏။ 8 ဘုရားသခင်သည် သီလွန်သောသူရို့အား ပြန်၍ ထမြောက်စီတော်မူမည်ကို ဇာကြောင့် မဖြစ်နိုင်ဟု ထင်မှတ်ကြသနည်း” ဟု ပြောဆို၏။
9 တ ၈.၃; ၂၂.၄,၅အကျွန်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့သား ယေသျှု၏နာမတော်အား ဆန့်ကျင်ရန် ဖြစ်နိုင်သမျှအမှုအားလုံးကို ပြုသင့်သည်ဟု ယူဆခပါ၏။ 10 ထိုအမှုကား ယေရုဆလင်မြို့၌ အကျွန် ပြုခသော အမှုဖြစ်ပါ၏။ အကျွန်သည် ယဇ်ပုရောဟိတ်အကြီးအကဲပါးမှ အခွင့်အာဏာဖြင့် များစွာသော ဘုရားသခင်၏လူတိကို ထောင်၌ အကျဉ်းချထားခ၏။ သူရို့အား အသီသတ်ခြင်းငှာ စီရင်သောအခါ၌ အကျွန်သည်လည်း သဘောတူခပါ၏။ 11 တရားဇရပ်များတွင် အကျွန်သည် သူရို့အား အကြိမ်ပေါင်းများစွာ ပြစ်ဒဏ်ပီး၍ သူရို့၏အယူဝါဒကို စွန့်လွှတ်ကြစီရန် ကြိုးစားဆောင်ရွက်ခပါ၏။ အကျွန်သည် သူရို့ကို မုန်းတီးသဖြင့် တစ်ကျွန်းတစ်နိုင်ငံများသို့ပင် လား၍ သူရို့ကို ညှဉ်းဆဲနှိပ်စက်ခပါ၏။
ပေါလုက မိမိ၏ပြောင်းလဲလာပုံကို ပြောပြခြင်း
(တမန်တော် ၉.၁–၁၉; ၂၂.၆–၁၆)
12 “အကျွန်သည် ထိုရည်ရွယ်ချက်ဖြင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့ပါးမှ အခွင့်အာဏာနှင့် ဒမာသက်မြို့သို့ လားခ၏။ 13 အသျှင်မင်းကြီး၊ ထိုလမ်းမထက်တွင် မွန်းတည့်အချိန်၌ အာကာမှ နီလုံးထက် ထွန်းတောက်သည့် အလင်းတန်းသည် အကျွန်မှစ၍ အကျွန်နှင့်အတူ ခရီးလားနိန်ကြသောသူရို့ ပတ်လည်တွင် ထွန်းတောက်သည်ကို အကျွန် မြင်ရပါ၏။ 14 ထိုအခါ အကျွန်ရို့အားလုံးသည် မြီထက်တွင် လဲကျလားပြီးနောက် ‘သျှောလု၊ သျှောလု ဇာကြောင့် ငါ့ကို ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြီနှင့် ကျောက်လျှင် ခက်လှ၏’ ဟူ၍ ဟေဗြဲဘာသာအားဖြင့် ပြောသောစကားသံကို အကျွန်သည် ကြားရ၏။ 15 ထိုအခါ အကျွန်ကလည်း ‘အသျှင်ကား ဇာသူနည်း’ ဟု မိန်း၏။ အသျှင်ကလည်း ‘ငါကား သင် ညှည်းဆဲနိန်သော ယေသျှုပင်ဖြစ်၏။ 16 သို့သော် သင်ထ၍ သင့်ခြီထောက်ထက်မှာ သင်ရပ်လော့။ ငါသည် သင့်အား ငါ၏အမှုတော်ဆောင်အဖြစ် ခန့်အပ်ခြင်းငှာ ပေါ်လာရခြင်းဖြစ်၏။ သင်သည် ဤနိ့၌ ငါ့ကို*အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အကျွန့်ကို၊ ဟု မပါဟိပေ။ မြင်သောအကြောင်းနှင့် နောင်အခါ၌ ငါသည် သင့်အား ဖော်ပြပီးမည့် အရာများကို အခြားလူရို့အား ပြောပြလော့။ 17 ငါသည် သင့်အား ဣသရေလလူမျိုးရို့၏ လက်မှလည်းကောင်း၊ တခြားလူမျိုးရို့၏ လက်မှလည်းကောင်း ကယ်နုတ်မည်။ ထိုသူရို့ပါးသို့ သင့်ကို ငါ စီရွှတ်ပြီးလျှင်၊ 18 သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။
ပေါလုက မိမိ၏လုပ်ဆောင်ချက်ကို ပြောပြခြင်း
19 “ထို့ကြောင့်၊ အဂြိပ္ပမင်းကြီး၊ အကျွန်သည် ကောင်းကင်မှ ဖြစ်သော ထိုဗျာဒိတ်တော်ကို မနာခံဘဲ နီလို့မရပါ။ 20 တ ၉.၂၀,၂၈,၂၉ဦးစွာ ဒမာသက်မြို့မှစ၍ ယေရုဆလင်မြို့၌ လည်းကောင်း၊ ယုဒပြည်အရပ်ရပ်၌ လည်းကောင်း၊ တခြားလူမျိုးတိကြား၌ လည်းကောင်း၊ အကျွန်ဟောပြောသည်မှာ လူရို့သည် မိမိရို့၏ အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ လှည့်လာရမည်။ ထို့နောက် နောင်တရကြောင်းကို မိမိရို့၏ လုပ်ဆောင်ချက်ဖြင့် ပြသရမည် ဟူ၍ ဖြစ်ပါ၏။ 21 ဤအကြောင်းကြောင့် ယုဒလူရို့သည် အကျွန့်ကို ဗိမာန်တော်၌ ဖမ်းဆီး၍ အသီသတ်ခြင်းငှာ ကြိုးစားကြပါ၏။ 22 သို့ပင်သျှောင် ဘုရားသခင်၏ ကူညီမစခြင်းကို ခံရသောကြောင့် အကျွန်သည် ဤအရပ်၌ အသက်ကြီးသောသူနှင့် ငယ်ရွယ်သောသူ အားလုံးကို သက်သီခံရသော အခွင့်ကို ရဟိခြင်းဖြစ်ပါ၏။ အကျွန်၏ ဟောပြောချက်သည် ဖြစ်ပျက်လာမည့်အကြောင်းနှင့်ပက်သက်၍ မောသျှေနှင့် ပရောဖက်များ ဟောပြောခသည့် အတိုင်းပင်ဖြစ်၏။ 23 ၁ ကော ၁၅.၂၀ထိုအကြောင်းအရာကား၊ မေသျှိယသည် ဒုက္ခဝေဒနာခံရပြီး သီခြင်းမှ အယင်ဦးဆုံး ထမြောက်သောသူ ဖြစ်သည်နှင့်အညီ ယုဒလူမျိုးရို့နှင့် တခြားလူမျိုးရို့၌ ကယ်တင်ခြင်းအလင်းကို ပီးတော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။
24 ပေါလုသည် ထိုသို့ ခုခံချေပနိန်စဉ်၊ ဖေတ္တုမင်းကလည်း “ပေါလု၊ သင်သည် အရူးဖြစ်၏။ သင်သည် အတတ်လွန်၍ အရူးဖြစ်လေယာ” ဟု ဆို၏။
25 ပေါလုကလည်း “မြတ်သော ဖေတ္တုမင်း၊ အကျွန် အရူး မဟုတ်ပါ။ လေးနက်သော အမှန်တရားကိုရာ လျှောက်ထားခြင်းဖြစ်ပါ၏။ 26 အဂြိပ္ပမင်းကြီး၊ အသျှင်သည် ဤအကြောင်းအရာတိကို သိထားပြီးဖြစ်၍ ရှိ့တော်၌ ရဲ့ဝံ့စွာ လျှောက်ထားခြင်း ဖြစ်ပါ၏။ ဤအမှုသည် ဆိတ်ကွယ်သော အရပ်၌ ဖြစ်ပျက်ခသည့်အရာ မဟုတ်သောကြောင့် ဤအမှုအားလုံးကို အသျှင်သည် သိမှတ်ပြီးဖြစ်ကြောင်း အကျွန် ယုံကြည်ပါ၏။ 27 အဂြိပ္ပမင်းကြီး၊ အသျှင်သည် ပရောဖက်ကျမ်းတိကို ယုံကြည်သလော။ အသျှင် ယုံကြည်ကြောင်းကို အကျွန် သိပါ၏” ဟု လျှောက်လေ၏။
28 အဂြိပ္ပမင်းကြီးကလည်း ပေါလုအား “ဤမျှ အချိန်တိုတိုအတွင်းမှာ ငါ့ကို ခရစ်ယာန်တစ်ယောက် ဖြစ်နိုင်အောင် ဖျားယောင်းနိုင်လိမ့်မည်ဟု သင်သည် ထင်မိသလော” ဟု ဆို၏။
29 ထိုအခါ ပေါလုက “အချိန်ကာလသည် အဓိက မဟုတ်ပါ။ မင်းကြီးနှင့်တကွ ဤနိ့တွင် အကျွန်ပြောဆိုသမျှကို နားထောင်သောသူ အပေါင်းရို့သည် တုပ်နှောင်ခံရခြင်းမှတစ်ပါး အကျွန့်ပိုင် ဖြစ်လာစီခြင်းငှာ ဘုရားသခင်၌ ဆုတောင်းပီးပါ၏” ဟု ဆိုလေ၏။
30 ထို့နောက် မင်းကြီး၊ ဘုရင်ခံ၊ ဗေရနိတ်နှင့်အတူတကွ ထိုင်နိန်ကြသော အဖွဲ့ဝင်အပေါင်းရို့သည် ထလာကြ၏။ 31 သူရို့သည် ထိုအခန်းမှ ထွက်လာပြီးနောက် သူရို့အချင်းချင်း “ဤသူသည် သီထိုက်သော အပြစ်ကိုသော်လည်းကောင်း၊ အကျဉ်းခံထိုက်သော အပြစ်ကိုသော်လည်းကောင်း မပြု” ဟု ပြောဆို ကြ၏။ 32 ထို့နောက် အဂြိပ္ပကလည်း “ဤသူသည် ဧကရာဇ်ဘုရင်ထံသို့ အယူခံဝင်ရန် မလျှောက်လျှင် သူ့အား လွှတ်ပီးနိုင်၏” ဟု ဖေတ္တုမင်းအား ဆို၏။